တချိန်က အမြဲအားနာတတ်ခဲ့ပေမယ့် ယခုလိုအချိန်မှာတော့ မည်သူ့ကိုမှ အားမနာနိုင်တော့‌ေကြာင်း ပြတ်သားသား ပြောလာတဲ့ အိတုန်

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေမှာ သာမက ရုပ်ရှင်ဇာတ်ကားကြီး များစွာမှာပါ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

သရုပ်ဆောင်အိတုန် ကတော့ ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်နော်။ အိတုံဟာဆိုရင် အနုပညာလောကမှာ အချိန်အတော်ကြာအောင် ရပ်တည်အောင်မြင် နိုင်ခဲ့သူ ဖြစ်ပြီး

ယခုအခါမှာတော့ ချစ်ရတဲ့ခင်ပွန်းနှင့် ချစ်စရာကောင်းလွန်းလှတဲ့ သမီးလေး နှစ်ယောက်နဲ့ ပျော်ရွှင်စွာကောင်းတဲ့ မိသားစုဘဝလေးကို ထူထောင်ထားနိုင် သူလေးပဲ ဖြစ်ပါတယ်နော်။ ယခုနောက်ပိုင်း ကာလမှာ အိတုန်ဟာ

အနုပညာလှုပ်ရှားမှုတွေ နည်းပါးလာပေမယ့် Online Shopping လုပ်ငန်းလေးကို လုပ်ကိုင် ရောင်းချနေတာဖြစ်လို့ သူမကိုချစ်သော ပရိသတ်တွေနဲ့တော့ အဆက်အသွယ် မပြတ် ရင်းနှီးနွေးထွေးစွာ

ရှိမြဲပဲလို့ ဆိုရမှာပါနော်။ အောက်ခြေကနေ ရုန်းကန်ကြိုးစား လာရတဲ့ သရုပ်ဆောင်အိတုံကတော့ ရိုးသားပွင့်လင်းသူလေး ဖြစ်တာနဲ့အညီ ဒီနေ့မှာတော့ သူမအနေနဲ့ ကြိုးစားရုန်းကန်ပြီးမှ ဘဝအခြေအနေလေး

အသင့်အတင့်ဖြစ်အောင် စုဆောင်းခဲ့ရတာမို့ အရင်ကလို အားမနာတော့ပါဘူး ပိုက်ဆံလာမချေးကြပါနဲ့တော့ ဆိုပြီး အခုလို ပြတ်ပြတ်သာသား ပြောလာခဲ့ပါတယ်။ သရုပ်ဆောင်အိတုန်က “ပိုက်ဆံ လာမချေးကြပါနဲ့နော်

ဘာအကြောင်းကြောင့်နဲ့မှ မချေးပေးပါဘူး၊ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေကို သေချာစီစစ်ပြီး အပိုလိုမရှိ ကွက်တိ သုံးပါတယ်၊ ငွေရှိတိုင်းလည်း ထင်သလို မသုံးပါဘူး၊ သုံးသင့်တာကို သုံးတယ်

စုသင့်တာကို စုပါတယ်၊ လူတိုင်းသုံးတတ်ပါတယ်၊ ဝယ်တတ်ပါတယ်၊ စားတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်အတိုင်းတာနဲ့ကိုယ် လုံလောက်အောင် သုံးပါတယ်။ တစ်ထောင်ဝင်ပြီး နှစ်ထောင် မသုံးပါ ဘူး၊

ကိုယ်တိုင်လည်း သိတတ်ထဲက ကိုယ့်မိသားစုတွက် ကိုယ်ရုန်းခဲ့ရတာမို့ပိုက်ဆံကို တန်ဖိုးထားပါတယ်၊ ခုချိန်ထိ အပြင်လူ မပြောနဲ့ မိသားစုထဲမှာတောင် ကိုယ်တိုင် မချေးမိအောင်နေပါတယ်၊

ကိုယ်လိုရင် မငြီးမငြူးပေးမယ့် ညီအမတွေရှိတာတောင် မလိုအပ်ဘဲ မယူခဲ့ဘူး၊ ကိုယ်တိုင်လဲ အခက်ခဲဖြစ်ခဲ့ဖူးတယ် လက်ထဲပိုက်ဆံ ထောင်ဂဏန်းလောက်နဲ့ သုံးစရာမရှိတာတောင်ဟန်မပျက် နေခဲ့ရဖူးတယ်၊

တော်တော်များများက ချေးပေးခဲ့ဖူးတယ်၊ ယူတဲ့ချိန်လွယ်ကူသလောက် ပြန်တောင်းတဲ့ခါ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အရှက်ရလောက်အောင် ခံခဲ့ရဖူးတယ်။အရင်ကဆို ခင်မင်မှုရော၊ အားနာတာရော ပြောမထွက်ခဲ့ဖူး

ခုတော့ပြောပါတယ် မချေးပါဘူး၊ ကိုယ်လဲပိုက်ဆံရှိတဲ့ထဲ မပါပါဘူး၊ ကိုယ့်ဘဝတွက်ကိုယ် ခုထိ ရုန်းကန်နေရဆဲပါဘဲ၊ အဆင်မပြေရင်တောင် တခါမှ ဘယ်သူငယ်ချင်းတွေဆီမှ အကူညီမတောင်းခဲ့ဘူး

ကိုယ့်စိတ်နဲ့ကိုယ်နှိုင်းပြီး မပြောခဲ့ဘူး၊ သူအဆင်ပြေနေတာဘဲ ငါအကူညီတောင်း လိုက်ရင် ရမှာပါဆိုတဲ့ စိတ်တခါမှ မဖြစ်ခဲ့ဖူးဘူး၊ (ချွင်းချက်အနေနဲ့ အတော်အဆင်မပြေလို့ ကိုယ်လဲသိနေတာမို့

အဲ့လိုလူဆိုရင်တော့ ကူညီပါတယ် )။ သူလဲဝင်ငွေ ကိုယ့်ထက်ကောင်းနေရက်နဲ့ လာချေးရင်တော့ မပေးပါဘူး၊ လူတိုင်း ပိုက်ဆံက ရော့အင့်ဆိုပြီးအလွယ်တကူ မဝင်ပါဘူး၊ နေ့မနားညမအိပ်ရှာပြီး ပင်ပင်ပန်းပန်း

ရထားတဲ့အတွက် လာမချေးကြပါနဲ့ ၊ကိုယ့်ကို ပိုက်ဆံလိုရင်ပြောနော် အမဆိုပြီး၊ အဆင်သင့်ပေးသူ ရှိတာတောင် မယူခဲ့ဘူး၊ လုံလောက်အောင်သုံးတယ်၊ လိုချင်တာရှိတာတောင် မလိုအပ်ရင် မဝယ်ဘူး၊

ခုလိုချိန် ပိုတောင်ဆိုးသေး ဝင်ငွေနဲ့ ထွက်ငွေ မကာမိဖြစ်နေတဲ့ချိန် လူတိုင်းခက်ခဲနေတဲ့ချိန် ကိုယ်ချင်းစာပါ။ ကျမမှာ မိဘတွေကလဲ ပြေလည်ရုံအနေထားပဲ ရှိတဲ့အတွက် မိဘကပေးထားတဲ့ အမွေလည်း မရှိပါဘူး

အပေါ်ယံကြည့်ပြီး အထင်မကြီးပါနဲ့၊သိတတ်ထဲက ကိုယ်တိုင် ရှာခဲ့ရတာမို့အရမ်းလည်း ခက်ခဲတဲ့ အနေထားနဲ့လည်း နေလာခဲ့ရတာကြောင့် အသုံးနဲ့အဖြုန်းကိုလည်း ခွဲခြားထားတယ်၊

ကပ်စေးနဲတာနဲ့ မသုံးတာက မတူပါဘူး၊ အရာရာကို ချင့်ချိန်တယ်၊ ရှေ့ရေး နောင်ရေးကို ကြည့်တယ် ရသလို တခါမှ မသုံးခဲ့ဖူးဘူး။ ပိုက်ဆံချေးမယ်ဆို ကိုယ်ချင်းစာပါ၊ သူဘယ်လိုရှာနေရလဲတွေးပါ၊ အလွယ်တကူ လာမပြောကြပါနဲ့

မချေးပါဘူး၊ အားမနာတော့ဘူး ပိုက်ဆံ လာမချေးကြပါနဲ့” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားလာခဲ့တာ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ခက်ခက်ခဲခဲ ရုန်းကန် ကြိုးစားခဲ့ရပြီး သူများကို ချေးပေးပြီး

ပြန်တောင်းတဲ့အချိန်မှာ ကိုယ့်ပိုက်ဆံကိုယ် မျက်နှာငယ်ရဖူးတဲ့ သူတိုင်းလည်း အိတုန်ရဲ့ ခံစားချက်နဲ့ ပွင့်ပွင့်လင်းလင်း ပြောကြား ရေးသားလာမှုတွေကို နားလည် စာနာ ပေးနိုင်ကြမယ် ထင်ပါတယ်နော်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

မဂၤလာပါ ပရိတ္သတ္ႀကီးေရ ဇာတ္ပို႔သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႕ ဗီဒီယို ဇာတ္ကားေတြမွာ သာမက ႐ုပ္ရွင္ဇာတ္ကားႀကီး မ်ားစြာမွာပါ က်ရာဇာတ္႐ုပ္ကို ပီျပင္စြာ သ႐ုပ္ေဆာင္နိုင္ခဲ့တဲ့

သ႐ုပ္ေဆာင္အိတုန္ ကေတာ့ ပရိသတ္ေတြ ခ်စ္ရတဲ့ အႏုပညာရွင္ တစ္ဦးလည္း ျဖစ္ပါတယ္ေနာ္။ အိတုံဟာဆိုရင္ အႏုပညာေလာကမွာ အခ်ိန္အေတာ္ၾကာေအာင္ ရပ္တည္ေအာင္ျမင္ နိုင္ခဲ့သူ ျဖစ္ၿပီး

ယခုအခါမွာေတာ့ ခ်စ္ရတဲ့ခင္ပြန္းႏွင့္ ခ်စ္စရာေကာင္းလြန္းလွတဲ့ သမီးေလး ႏွစ္ေယာက္နဲ႕ ေပ်ာ္႐ႊင္စြာေကာင္းတဲ့ မိသားစုဘဝေလးကို ထူေထာင္ထားနိုင္ သူေလးပဲ ျဖစ္ပါတယ္ေနာ္။ ယခုေနာက္ပိုင္း ကာလမွာ အိတုန္ဟာ

အႏုပညာလႈပ္ရွားမႈေတြ နည္းပါးလာေပမယ့္ Online Shopping လုပ္ငန္းေလးကို လုပ္ကိုင္ ေရာင္းခ်ေနတာျဖစ္လို႔ သူမကိုခ်စ္ေသာ ပရိသတ္ေတြနဲ႕ေတာ့ အဆက္အသြယ္ မျပတ္ ရင္းႏွီးေႏြးေထြးစြာ

ရွိၿမဲပဲလို႔ ဆိုရမွာပါေနာ္။ ေအာက္ေျခကေန ႐ုန္းကန္ႀကိဳးစား လာရတဲ့ သ႐ုပ္ေဆာင္အိတုံကေတာ့ ရိုးသားပြင့္လင္းသူေလး ျဖစ္တာနဲ႕အညီ ဒီေန႕မွာေတာ့ သူမအေနနဲ႕ ႀကိဳးစား႐ုန္းကန္ၿပီးမွ ဘဝအေျခအေနေလး

အသင့္အတင့္ျဖစ္ေအာင္ စုေဆာင္းခဲ့ရတာမို႔ အရင္ကလို အားမနာေတာ့ပါဘူး ပိုက္ဆံလာမေခ်းၾကပါနဲ႕ေတာ့ ဆိုၿပီး အခုလို ျပတ္ျပတ္သာသား ေျပာလာခဲ့ပါတယ္။ သ႐ုပ္ေဆာင္အိတုန္က “ပိုက္ဆံ လာမေခ်းၾကပါနဲ႕ေနာ္

ဘာအေၾကာင္းေၾကာင့္နဲ႕မွ မေခ်းေပးပါဘူး၊ ကိုယ္ကိုယ္တိုင္လည္း ကိုယ့္ဝင္ေငြနဲ႕ ထြက္ေငြကို ေသခ်ာစီစစ္ၿပီး အပိုလိုမရွိ ကြက္တိ သုံးပါတယ္၊ ေငြရွိတိုင္းလည္း ထင္သလို မသုံးပါဘူး၊ သုံးသင့္တာကို သုံးတယ္

စုသင့္တာကို စုပါတယ္၊ လူတိုင္းသုံးတတ္ပါတယ္၊ ဝယ္တတ္ပါတယ္၊ စားတတ္ပါတယ္။ ဒါေပမဲ့ ကိုယ့္အတိုင္းတာနဲ႕ကိုယ္ လုံေလာက္ေအာင္ သုံးပါတယ္။ တစ္ေထာင္ဝင္ၿပီး ႏွစ္ေထာင္ မသုံးပါ ဘူး၊

ကိုယ္တိုင္လည္း သိတတ္ထဲက ကိုယ့္မိသားစုတြက္ ကိုယ္႐ုန္းခဲ့ရတာမို႔ပိုက္ဆံကို တန္ဖိုးထားပါတယ္၊ ခုခ်ိန္ထိ အျပင္လူ မေျပာနဲ႕ မိသားစုထဲမွာေတာင္ ကိုယ္တိုင္ မေခ်းမိေအာင္ေနပါတယ္၊

ကိုယ္လိုရင္ မၿငီးမျငဴးေပးမယ့္ ညီအမေတြရွိတာေတာင္ မလိုအပ္ဘဲ မယူခဲ့ဘူး၊ ကိုယ္တိုင္လဲ အခက္ခဲျဖစ္ခဲ့ဖူးတယ္ လက္ထဲပိုက္ဆံ ေထာင္ဂဏန္းေလာက္နဲ႕ သုံးစရာမရွိတာေတာင္ဟန္မပ်က္ ေနခဲ့ရဖူးတယ္၊

ေတာ္ေတာ္မ်ားမ်ားက ေခ်းေပးခဲ့ဖူးတယ္၊ ယူတဲ့ခ်ိန္လြယ္ကူသေလာက္ ျပန္ေတာင္းတဲ့ခါ ကိုယ့္ပိုက္ဆံနဲ႕ကိုယ္ အရွက္ရေလာက္ေအာင္ ခံခဲ့ရဖူးတယ္။အရင္ကဆို ခင္မင္မႈေရာ၊ အားနာတာေရာ ေျပာမထြက္ခဲ့ဖူး

ခုေတာ့ေျပာပါတယ္ မေခ်းပါဘူး၊ ကိုယ္လဲပိုက္ဆံရွိတဲ့ထဲ မပါပါဘူး၊ ကိုယ့္ဘဝတြက္ကိုယ္ ခုထိ ႐ုန္းကန္ေနရဆဲပါဘဲ၊ အဆင္မေျပရင္ေတာင္ တခါမွ ဘယ္သူငယ္ခ်င္းေတြဆီမွ အကူညီမေတာင္းခဲ့ဘူး

ကိုယ့္စိတ္နဲ႕ကိုယ္ႏွိုင္းၿပီး မေျပာခဲ့ဘူး၊ သူအဆင္ေျပေနတာဘဲ ငါအကူညီေတာင္း လိုက္ရင္ ရမွာပါဆိုတဲ့ စိတ္တခါမွ မျဖစ္ခဲ့ဖူးဘူး၊ (ခြၽင္းခ်က္အေနနဲ႕ အေတာ္အဆင္မေျပလို႔ ကိုယ္လဲသိေနတာမို႔

အဲ့လိုလူဆိုရင္ေတာ့ ကူညီပါတယ္ )။ သူလဲဝင္ေငြ ကိုယ့္ထက္ေကာင္းေနရက္နဲ႕ လာေခ်းရင္ေတာ့ မေပးပါဘူး၊ လူတိုင္း ပိုက္ဆံက ေရာ့အင့္ဆိုၿပီးအလြယ္တကူ မဝင္ပါဘူး၊ ေန႕မနားညမအိပ္ရွာၿပီး ပင္ပင္ပန္းပန္း

ရထားတဲ့အတြက္ လာမေခ်းၾကပါနဲ႕ ၊ကိုယ့္ကို ပိုက္ဆံလိုရင္ေျပာေနာ္ အမဆိုၿပီး၊ အဆင္သင့္ေပးသူ ရွိတာေတာင္ မယူခဲ့ဘူး၊ လုံေလာက္ေအာင္သုံးတယ္၊ လိုခ်င္တာရွိတာေတာင္ မလိုအပ္ရင္ မဝယ္ဘူး၊

ခုလိုခ်ိန္ ပိုေတာင္ဆိုးေသး ဝင္ေငြနဲ႕ ထြက္ေငြ မကာမိျဖစ္ေနတဲ့ခ်ိန္ လူတိုင္းခက္ခဲေနတဲ့ခ်ိန္ ကိုယ္ခ်င္းစာပါ။ က်မမွာ မိဘေတြကလဲ ေျပလည္႐ုံအေနထားပဲ ရွိတဲ့အတြက္ မိဘကေပးထားတဲ့ အေမြလည္း မရွိပါဘူး

အေပၚယံၾကည့္ၿပီး အထင္မႀကီးပါနဲ႕၊သိတတ္ထဲက ကိုယ္တိုင္ ရွာခဲ့ရတာမို႔အရမ္းလည္း ခက္ခဲတဲ့ အေနထားနဲ႕လည္း ေနလာခဲ့ရတာေၾကာင့္ အသုံးနဲ႕အျဖဳန္းကိုလည္း ခြဲျခားထားတယ္၊

ကပ္ေစးနဲတာနဲ႕ မသုံးတာက မတူပါဘူး၊ အရာရာကို ခ်င့္ခ်ိန္တယ္၊ ေရွ႕ေရး ေနာင္ေရးကို ၾကည့္တယ္ ရသလို တခါမွ မသုံးခဲ့ဖူးဘူး။ ပိုက္ဆံေခ်းမယ္ဆို ကိုယ္ခ်င္းစာပါ၊ သူဘယ္လိုရွာေနရလဲေတြးပါ၊ အလြယ္တကူ လာမေျပာၾကပါနဲ႕

မေခ်းပါဘူး၊ အားမနာေတာ့ဘူး ပိုက္ဆံ လာမေခ်းၾကပါနဲ႕” ဆိုၿပီး သူမရဲ႕လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားလာခဲ့တာ ျဖစ္ပါတယ္။ ကိုယ္တိုင္လည္း ခက္ခက္ခဲခဲ ႐ုန္းကန္ ႀကိဳးစားခဲ့ရၿပီး သူမ်ားကို ေခ်းေပးၿပီး

ျပန္ေတာင္းတဲ့အခ်ိန္မွာ ကိုယ့္ပိုက္ဆံကိုယ္ မ်က္ႏွာငယ္ရဖူးတဲ့ သူတိုင္းလည္း အိတုန္ရဲ႕ ခံစားခ်က္နဲ႕ ပြင့္ပြင့္လင္းလင္း ေျပာၾကား ေရးသားလာမႈေတြကို နားလည္ စာနာ ေပးနိုင္ၾကမယ္ ထင္ပါတယ္ေနာ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*