
တ ရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တ ရုတ်ငွေ ယွမ် ၁၀၀ လျှင် မြန်မာငွေ ၄၀,၀၀၀ ကျော်အထိ
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
မြှင့်တက်လာသောကြောင့် ဒေသခံများ အခက်တွေ့နေကြကြောင်း သိရသည်။မူဆယ်မြို့ခံတစ်ဦးက “မနေ့က သူငယ်ချင်းတွေ သွားလဲတာ ၄၁,၀၀၀ (လေးသောင်းတစ်ထောင်ကျပ်) ရတယ်။
ဒီနေ့လည်း အဲဒီလောက်ပါပဲ။ တချို့နေရာတွေတော့ ၄၀,၄၀၀(လေးသောင်းလေးရာ)ပေးတယ်။ လေးသောင်းအောက်တော့ မရောက်ဘူးပေါ့လေ။ လေးသောင်းအထက်ပဲရတယ်” ဟု
ပြောသည်။ ငွေလဲနှုန်းမြင့်တက်လာသည်နှင့်အမျှ အရောင်းအဝယ်လုပ်နေသူများ၊ အခြေခံလက်လုပ်လက်စားများ အခက်အခဲ ပိုမိုကြုံတွေ့နေရသည်ဟု လက်လုပ် လက်စား အမျိုးသားတစ်ဦးက ပြောသည်။ “နယ်စပ်မြို့ဆိုတော့
ငွေဈေးတက်တာနဲ့ ကုန်ပစ္စည်းတွေလည်း ဈေးတန်းတက်တော့တာပဲ။ မတက် တာဆိုလို့ ကျနော်တို့ နေ့စားလုပ်အားခပဲ ရှိတော့တယ်။ ပစ္စည်းဝယ်ရင် သူတို့ကငွေလဲလှယ်နေတဲ့ အတိုင်းပဲ တွက်ပေးတာဆိုတော့
လက်လုပ်လက်စားသမားတွေ တော်တော်ဒုက္ခရောက်တယ်” ဟု ဆို သည်။ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင်လည်း ယွမ် ၁၀၀ လျှင် ကျပ် ၄၀,၀၀၀ အထိ
စံချိန်တင် မြင့်တက်ဖူးပြီး ပုံမှန်အားဖြင့် ယွမ် ၁၀၀ လျှင် ၂၀,၀၀၀ ဝန်းကျင်သာ လဲလှယ်ရကြောင်း ဒေသခံများက ပြောသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
တ ႐ုတ္-ျမန္မာနယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္တြင္ ယခုရက္ပိုင္းအတြင္း တ ႐ုတ္ေငြ ယြမ္ ၁၀၀ လွ်င္ ျမန္မာေငြ ၄၀,၀၀၀ ေက်ာ္အထိ
ျမႇင့္တက္လာေသာေၾကာင့္ ေဒသခံမ်ား အခက္ေတြ႕ေနၾကေၾကာင္း သိရသည္။မူဆယ္ၿမိဳ႕ခံတစ္ဦးက “မေန႕က သူငယ္ခ်င္းေတြ သြားလဲတာ ၄၁,၀၀၀ (ေလးေသာင္းတစ္ေထာင္က်ပ္) ရတယ္။
ဒီေန႕လည္း အဲဒီေလာက္ပါပဲ။ တခ်ိဳ႕ေနရာေတြေတာ့ ၄၀,၄၀၀(ေလးေသာင္းေလးရာ)ေပးတယ္။ ေလးေသာင္းေအာက္ေတာ့ မေရာက္ဘူးေပါ့ေလ။ ေလးေသာင္းအထက္ပဲရတယ္” ဟု
ေျပာသည္။ ေငြလဲႏႈန္းျမင့္တက္လာသည္ႏွင့္အမွ် အေရာင္းအဝယ္လုပ္ေနသူမ်ား၊ အေျခခံလက္လုပ္လက္စားမ်ား အခက္အခဲ ပိုမိုႀကဳံေတြ႕ေနရသည္ဟု လက္လုပ္ လက္စား အမ်ိဳးသားတစ္ဦးက ေျပာသည္။ “နယ္စပ္ၿမိဳ႕ဆိုေတာ့
ေငြေဈးတက္တာနဲ႕ ကုန္ပစၥည္းေတြလည္း ေဈးတန္းတက္ေတာ့တာပဲ။ မတက္ တာဆိုလို႔ က်ေနာ္တို႔ ေန႕စားလုပ္အားခပဲ ရွိေတာ့တယ္။ ပစၥည္းဝယ္ရင္ သူတို႔ကေငြလဲလွယ္ေနတဲ့ အတိုင္းပဲ တြက္ေပးတာဆိုေတာ့
လက္လုပ္လက္စားသမားေတြ ေတာ္ေတာ္ဒုကၡေရာက္တယ္” ဟု ဆို သည္။ လြန္ခဲ့သည့္ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလတြင္လည္း ယြမ္ ၁၀၀ လွ်င္ က်ပ္ ၄၀,၀၀၀ အထိ
စံခ်ိန္တင္ ျမင့္တက္ဖူးၿပီး ပုံမွန္အားျဖင့္ ယြမ္ ၁၀၀ လွ်င္ ၂၀,၀၀၀ ဝန္းက်င္သာ လဲလွယ္ရေၾကာင္း ေဒသခံမ်ားက ေျပာသည္။ ခရက္ဒစ္
Leave a Reply