
မကြာခင် ဆန်တစ်အိတ်ကို ငွေစက္ကူအရွယ်တူတစ်အိတ်နဲ့လဲယူရတော့မည် ငွေကြေးလဲလှယ်မှုသမိုင်းမှာမြန်မာကျပ်ငွေဟာအဆိုးရွားဆုံးဒလိမ့်ခေါက်ကွေးတန်ဖိုးထိုးကျသွားပါပြီ။
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
အမေရိကန်(၁)ဒေါ်လာနဲ့တွက်ရင်ပဲနာရီပိုင်းအတွင်းရာချီပြောင်းလဲသွားတာပါ။ မကြာခင် ဆန်တစ်အိတ်ကို ငွေစက္ကူအရွယ်တူတစ်အိတ်နဲ့လဲယူရတော့မည် ပြည်သူအားလုံးရဲ့လက်ဝယ်ပိုင်ငွေတန်ဖိုး အားလုံး
နေရင်းထိုင်ရင်းနာရီပိုင်းအတွင်းကမ္ဘာ့စံချိန်တင် မတရားပြုတ်ကျသွားတာပါ။ ဖြူစင်တဲ့အသက်မွေးမှုနဲ့ချွေးနှဲစာရှာဖွေသူများအတွက် ဘယ်လောက်နစ်နာပါသလဲ။ စစ်တပ်နဲ့ပေါင်းစားအသိုင်းအဝိုင်းကရော လွတ်ပါသလား။
စကစရိုက်ထုတ်တဲ့ငွေစက္ကူအပေါ် ပြည်သူတွေအယုံအကြည်မဲ့ပုံကတော့ လက်ထဲကိုမထားရဲ၊ရရာစျေးနဲ့ရုပ်ဆင်းပျက် သူထက်ငါဦးအောင် ဝယ်ကြ လဲကြတော့တာပါပဲ။ အဲဒီအကျိုးဆက်တွေပါပဲ။
မကြာခင်ဆန်တစ်အိတ်ကိုငွေစက္ကူအရွယ်တူတစ်အိတ်နဲ့လဲယူရတဲ့အခြေအနေထိကြိုတွေးထားရတော့မှာပါ။ အားလုံးအတွက်ဆေးဝါးကဏ္ဍမှာလဲ နယ်စပ်ကသွင်းတဲ့လိုင်းနဲ့ကုမ္ပဏီကပို့တဲ့လိုင်းနှစ်ခုမှာ
နယ်စပ်သွင်းလိုင်းဟာလုံးဝရပ်တန့်သွားပါပြီ။မင်္ဂလာဈေးရဲ့ဆိုင်ခန်းများတံခါးတွေ ပိတ်လိုက်တာကိုကြည့်ပါ။ ကုမ္ပဏီတွေကလည်းဒီငွေလဲနှုံးအောက်အရင်းမပြုတ်အောင်ဘာလုပ်ကြမလဲ
ဦးနှောက်ကို ရေခဲကျပ်ထုပ်ထိုးကြရပါပြီ။ ငွေ လိုသလောက် ရိုက်ထုတ်ပေးခြင်းဖြင့် စီးပွားရေး မြှင့်တင်အံ့
သေရေးရှင်ရေး လိုတဲ့ဆေး နာတာရှည်မှီဝဲ မရှိမဖြစ်ဆေးတွေ လက်လှမ်းမီပါ့မလား သောကများစရာအတိ။
မုန်တိုင်းထဲသင်းကွဲအားငယ်ကြမှာပူစရာပါ နေ့စဉ်ကားခတွေ ဈေးတက်မှာ၊ ကန်စွန်းရွက်တွေဈေးတက်မှာကအစအားလုံး စက်သုံးဆီနဲ့ဆိုင်နေတော့ ခုစက်သုံးဆီဆိုင်များ
ခေါင်းငိုက်ဆိုက်လက်ခါပြပါပြီဆိုတော့ ဒါဏ်ရာပေါ် လှံချက်ဆင့်ဘဝပါပဲစစ်ကောင်စီရဲ့ စက်သုံးဆီ မူဝါဒဟာ ဈေးကွက်ကိုအခြေခံတဲ့စနစ်မဟုတ်တော့ပါဘူး။လူထုသက်သာရာကိုကြည့်မှာမဟုတ်။
လူတစုမျက်နှာသာကြည့်မယ့်စံနစ်ပါ။ နိုင်ငံတစ်ခုရဲ့စိတ်ကြိုက်ခြယ်လှယ်မှုအောက်မှာသူတို့ခိုင်းတဲ့ဈေးနဲ့ဝယ်ဖို့ပြင်နေပါပြီ။ အဲဒီတော့အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတွေတော်လှန်ရေးအောင်ဖို့
တာဝန်ကျေမှုတွေအတွက်ရွေးချယ်စရာကတလမ်းပဲရှိပါတယ်။ မိမိရဲ့ပိုင်ဆိုင်မှုငွေကြေးတွေကို တော်လှန်ရေးမှာတာဝန်ကျေကြေ ရင်းနှီးမြှုပ်နှံဖို့ပါပဲ။ စစ်ကောင်စီကတော့ငါမြင်းငါစိုင်း
စစ်ကိုင်း ရောက်ရောက်ဆိုသလိုကျင့်ကြံပါပြီ။ ဖဲဝိုင်းမှာအားလုံးရှုံးသွားသူက ဓားမြှောင်ကိုထုတ်၊ ကြမ်းပေါ် ဒုံးကနဲ စိုက်ပြီး “ဒါ ကိုးင်္သချိုင်းသံနဲ့လုပ်ထားတဲ့မှော်ဝင်ဓ ားကွ၊သိန်းထောင်ချီတန်တယ်”လို့
ကိုယ့်ဟာကိုယ်စျေးဖြတ်ပြီး တယောက်မှမထခိုင်းပဲတွေ့ကရာစက္ကူတွေဆွဲဆုတ်၊ “ဒါကတသောင်းတန် ဒါကငါးထောင်တန် “ဆိုပြီးတော့အနိုင်ကျင့်နေသလိုပါပဲ။သူတို့ကတော့ငါမြင်းငါစိုင်း
စစ်ကိုင်းရောက်ရောက်ပေါ့၊ ပြည်သူတွေဘက်ကလည်း ”ရောက်တဲ့စစ်ကိုင်းသိတဲ့အတိုင်းပါပဲ” စစ်ကောင်စီရဲ့အဆင်အခြင်မဲ့ စီးပွါးဓ ါးပြတို က်ရမ်းကားမှုဟာ သက်ရောက်မှုလှိုင်းတွေ
ကြီးလွန်းမြင့်လွန်ပါလိမ့်မယ် ပြည်သူများ ပြေးမိရာစုပြုံပြေးလွှားမိကြလို့ တဖက်စောင်းပြီးစုံးစုံးမြုပ်မှာလည်းစစ်ကောင်စီတွေးပုံမရှိပါ။ ဝါဇီစက်ရုံက ရိုက်ထုတ်လိုက်သည့် ငွေစက္ကူအသစ်
ဘီလီယံ ၄၀၀ အနက်မှ ကျပ်ငွေ ဘီလီယံ ၃၃၀ ကို အခမ်းအနားဖြင့် လွှဲပြောင်း အခုလိုလှိုင်းကြမ်းကြီးခေါင်းပေါ်မိုးချိန်မှာ ဉာဏ်ပညာ ညီညွတ်မှုနဲ့ရင်ဆိုင်ကြဖို့ပါပဲ။ ဥစ္စာဓနရှိသူတွေက
ကိုယ့်ပတ်ဝန်းကျင်မီရာ စောင့်ရှောက်လက်တွဲကြ အနာဂါတ်အတွက်ဉာဏ်ပညာနဲ့ရွေး ရင်းနှီးမြုတ်နှံ ကြပါ။မိုနိုပိုလီကစားပွဲကစက္ကူလောက်တောင် အာမခံချက်မရှိတဲ့ မြန်မာငွေတွေကို
ငူငိုင်ကိုင်လျက်မကျန်ခဲ့မိစေချင်ပါ တော်လှန်ရေးအမြန်အောင်ချင်လို့ ရင်းနှီးမြုတ်နှံမယ်ဆိုလည်း အမြန်ဆုံးဖြတ်အကောင်ထည်ဖေါ်ကြပါ။ တဆက်ထည်းမှာလက်ဗလာ ကျောဗလာနဲ့အကာကွယ်မဲ့ပြည်သူတွေအတွက်
ဆောက်တည်ရာမဲ့ကြမှာကိုလည်း ပူပန်စရာကောင်းလှပါတယ်။ငါတို့မှာငါတို့ပဲရှိတယ်ဆိုတဲ့အတိုင်း အချင်းချင်းဖေးမလက်တွဲကြရဦးမှာပဲ။ကိုဗစ်လိုကပ်ဆိုးတုန်းကလည်း ကျနော်တို့ရအောင်
တွဲကြကူကြသွေးစည်းကြသေးတာပဲဗျာ။ အခု (လူ့ပယောဂ)လှိုင်းကြီးအောက်လည်း အမှောက်မခံအနစ်မခံ အတူရင်ဆိုင်ပြီးကမ်းခြေရောက်အောင် ညီလိုက်ကြရအောင် လို့ပါ။ ပြည်သူချင်း ကျောချင်းကပ်ရာ ကျောလုံကြပါစေခဗျာ။ ခရက်ဒစ် Min Ko Naing
Zawgyi code ဖြင့် ဖတ်ရန်
မၾကာခင္ ဆန္တစ္အိတ္ကို ေငြစကၠဴအ႐ြယ္တူတစ္အိတ္နဲ႕လဲယူရေတာ့မည္
ေငြေၾကးလဲလွယ္မႈသမိုင္းမွာျမန္မာက်ပ္ေငြဟာအဆိုး႐ြားဆုံးဒလိမ့္ေခါက္ေကြးတန္ဖိုးထိုးက်သြားပါၿပီ။
အေမရိကန္(၁)ေဒၚလာနဲ႕တြက္ရင္ပဲနာရီပိုင္းအတြင္းရာခ်ီေျပာင္းလဲသြားတာပါ။ မၾကာခင္ ဆန္တစ္အိတ္ကို ေငြစကၠဴအ႐ြယ္တူတစ္အိတ္နဲ႕လဲယူရေတာ့မည္ ျပည္သူအားလုံးရဲ႕လက္ဝယ္ပိုင္ေငြတန္ဖိုး အားလုံး
ေနရင္းထိုင္ရင္းနာရီပိုင္းအတြင္းကမာၻ႔စံခ်ိန္တင္ မတရားျပဳတ္က်သြားတာပါ။ ျဖဴစင္တဲ့အသက္ေမြးမႈနဲ႕ေခြၽးႏွဲစာရွာေဖြသူမ်ားအတြက္ ဘယ္ေလာက္နစ္နာပါသလဲ။ စစ္တပ္နဲ႕ေပါင္းစားအသိုင္းအဝိုင္းကေရာ လြတ္ပါသလား။
စကစရိုက္ထုတ္တဲ့ေငြစကၠဴအေပၚ ျပည္သူေတြအယုံအၾကည္မဲ့ပုံကေတာ့ လက္ထဲကိုမထားရဲ၊ရရာေစ်းနဲ႕႐ုပ္ဆင္းပ်က္ သူထက္ငါဦးေအာင္ ဝယ္ၾက လဲၾကေတာ့တာပါပဲ။ အဲဒီအက်ိဳးဆက္ေတြပါပဲ။
မၾကာခင္ဆန္တစ္အိတ္ကိုေငြစကၠဴအ႐ြယ္တူတစ္အိတ္နဲ႕လဲယူရတဲ့အေျခအေနထိႀကိဳေတြးထားရေတာ့မွာပါ။ အားလုံးအတြက္ေဆးဝါးက႑မွာလဲ နယ္စပ္ကသြင္းတဲ့လိုင္းနဲ႕ကုမၸဏီကပို႔တဲ့လိုင္းႏွစ္ခုမွာ
နယ္စပ္သြင္းလိုင္းဟာလုံးဝရပ္တန့္သြားပါၿပီ။မဂၤလာေဈးရဲ႕ဆိုင္ခန္းမ်ားတံခါးေတြ ပိတ္လိုက္တာကိုၾကည့္ပါ။ ကုမၸဏီေတြကလည္းဒီေငြလဲႏႈံးေအာက္အရင္းမျပဳတ္ေအာင္ဘာလုပ္ၾကမလဲ
ဦးေႏွာက္ကို ေရခဲက်ပ္ထုပ္ထိုးၾကရပါၿပီ။ ေငြ လိုသေလာက္ ရိုက္ထုတ္ေပးျခင္းျဖင့္ စီးပြားေရး ျမႇင့္တင္အံ့
ေသေရးရွင္ေရး လိုတဲ့ေဆး နာတာရွည္မွီဝဲ မရွိမျဖစ္ေဆးေတြ လက္လွမ္းမီပါ့မလား ေသာကမ်ားစရာအတိ။
မုန္တိုင္းထဲသင္းကြဲအားငယ္ၾကမွာပူစရာပါ ေန႕စဥ္ကားခေတြ ေဈးတက္မွာ၊ ကန္စြန္း႐ြက္ေတြေဈးတက္မွာကအစအားလုံး စက္သုံးဆီနဲ႕ဆိုင္ေနေတာ့ ခုစက္သုံးဆီဆိုင္မ်ား
ေခါင္းငိုက္ဆိုက္လက္ခါျပပါၿပီဆိုေတာ့ ဒါဏ္ရာေပၚ လွံခ်က္ဆင့္ဘဝပါပဲစစ္ေကာင္စီရဲ႕ စက္သုံးဆီ မူဝါဒဟာ ေဈးကြက္ကိုအေျခခံတဲ့စနစ္မဟုတ္ေတာ့ပါဘူး။လူထုသက္သာရာကိုၾကည့္မွာမဟုတ္။
လူတစုမ်က္ႏွာသာၾကည့္မယ့္စံနစ္ပါ။ နိုင္ငံတစ္ခုရဲ႕စိတ္ႀကိဳက္ျခယ္လွယ္မႈေအာက္မွာသူတို႔ခိုင္းတဲ့ေဈးနဲ႕ဝယ္ဖို႔ျပင္ေနပါၿပီ။ အဲဒီေတာ့အနာဂတ္အတြက္ ရင္းႏွီးျမႇုပ္ႏွံမႈေတြေတာ္လွန္ေရးေအာင္ဖို႔
တာဝန္ေက်မႈေတြအတြက္ေ႐ြးခ်ယ္စရာကတလမ္းပဲရွိပါတယ္။ မိမိရဲ႕ပိုင္ဆိုင္မႈေငြေၾကးေတြကို ေတာ္လွန္ေရးမွာတာဝန္ေက်ေၾက ရင္းႏွီးျမႇုပ္ႏွံဖို႔ပါပဲ။ စစ္ေကာင္စီကေတာ့ငါျမင္းငါစိုင္း
စစ္ကိုင္း ေရာက္ေရာက္ဆိုသလိုက်င့္ႀကံပါၿပီ။ ဖဲဝိုင္းမွာအားလုံးရႈံးသြားသူက ဓားျမႇောင္ကိုထုတ္၊ ၾကမ္းေပၚ ဒုံးကနဲ စိုက္ၿပီး “ဒါ ကိုးသၤခ်ိဳင္းသံနဲ႕လုပ္ထားတဲ့ေမွာ္ဝင္ဓ ားကြ၊သိန္းေထာင္ခ်ီတန္တယ္”လို႔
ကိုယ့္ဟာကိုယ္ေစ်းျဖတ္ၿပီး တေယာက္မွမထခိုင္းပဲေတြ႕ကရာစကၠဴေတြဆြဲဆုတ္၊ “ဒါကတေသာင္းတန္ ဒါကငါးေထာင္တန္ “ဆိုၿပီးေတာ့အနိုင္က်င့္ေနသလိုပါပဲ။သူတို႔ကေတာ့ငါျမင္းငါစိုင္း
စစ္ကိုင္းေရာက္ေရာက္ေပါ့၊ ျပည္သူေတြဘက္ကလည္း ”ေရာက္တဲ့စစ္ကိုင္းသိတဲ့အတိုင္းပါပဲ” စစ္ေကာင္စီရဲ႕အဆင္အျခင္မဲ့ စီးပြါးဓ ါးျပတို က္ရမ္းကားမႈဟာ သက္ေရာက္မႈလွိုင္းေတြ
ႀကီးလြန္းျမင့္လြန္ပါလိမ့္မယ္ ျပည္သူမ်ား ေျပးမိရာစုၿပဳံေျပးလႊားမိၾကလို႔ တဖက္ေစာင္းၿပီးစုံးစုံးျမဳပ္မွာလည္းစစ္ေကာင္စီေတြးပုံမရွိပါ။ ဝါဇီစက္႐ုံက ရိုက္ထုတ္လိုက္သည့္ ေငြစကၠဴအသစ္
ဘီလီယံ ၄၀၀ အနက္မွ က်ပ္ေငြ ဘီလီယံ ၃၃၀ ကို အခမ္းအနားျဖင့္ လႊဲေျပာင္း အခုလိုလွိုင္းၾကမ္းႀကီးေခါင္းေပၚမိုးခ်ိန္မွာ ဉာဏ္ပညာ ညီၫြတ္မႈနဲ႕ရင္ဆိုင္ၾကဖို႔ပါပဲ။ ဥစၥာဓနရွိသူေတြက
ကိုယ့္ပတ္ဝန္းက်င္မီရာ ေစာင့္ေရွာက္လက္တြဲၾက အနာဂါတ္အတြက္ဉာဏ္ပညာနဲ႕ေ႐ြး ရင္းႏွီးျမဳတ္ႏွံ ၾကပါ။မိုနိုပိုလီကစားပြဲကစကၠဴေလာက္ေတာင္ အာမခံခ်က္မရွိတဲ့ ျမန္မာေငြေတြကို
ငူငိုင္ကိုင္လ်က္မက်န္ခဲ့မိေစခ်င္ပါ ေတာ္လွန္ေရးအျမန္ေအာင္ခ်င္လို႔ ရင္းႏွီးျမဳတ္ႏွံမယ္ဆိုလည္း အျမန္ဆုံးျဖတ္အေကာင္ထည္ေဖၚၾကပါ။ တဆက္ထည္းမွာလက္ဗလာ ေေက်ာဗလာနဲ႕အကာကြယ္မဲ့ျပည္သူေတြအတြက္
ေဆာက္တည္ရာမဲ့ၾကမွာကိုလည္း ပူပန္စရာေကာင္းလွပါတယ္။ငါတို႔မွာငါတို႔ပဲရွိတယ္ဆိုတဲ့အတိုင္း အခ်င္းခ်င္းေဖးမလက္တြဲၾကရဦးမွာပဲ။ကိုဗစ္လိုကပ္ဆိုးတုန္းကလည္း က်ေနာ္တို႔ရေအာင္
တြဲၾကကူၾကေသြးစည္းၾကေသးတာပဲဗ်ာ။ အခု (လူ႕ပေယာဂ)လွိုင္းႀကီးေအာက္လည္း အေမွာက္မခံအနစ္မခံ အတူရင္ဆိုင္ၿပီးကမ္းေျခေရာက္ေအာင္ ညီလိုက္ၾကရေအာင္ လို႔ပါ။ ျပည္သူခ်င္း ေက်ာခ်င္းကပ္ရာ ေက်ာလုံၾကပါေစခဗ်ာ။ ခရက္ဒစ္ Min Ko Naing
Leave a Reply