နေမကောင်းဖြစ်နေရှာတဲ့ မိန်းမအနားမှာ အတူရှိမပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ ဟားငါးကောင် လူရွှင်တော် ဝိုင်းကျော်
ပရိသတ်ကြီးရေ ပြည်သူတွေကို ရယ်မောပျော်ရွှင်အောင် ပြက်လုံးတွေနဲ့ ဖျော်ဖြေတင်ဆက်နေကျဖြစ်တဲ့ ဟားငါးကောင် အငြိမ့်အဖွဲ့ကိုတော့လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သူတို့အဖွဲ့ကို တိုင်းကျော်၊တိုးကျော်၊ပြည်ကျော်၊ပိုးလေး၊ဝိုင်းကျော် တို့အဖွဲ့သားငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ ပျက်လုံးတွေကို အကောင်းဆုံးနဲ့
အတွဲညီဆုံး သရုပ်ဖော်နိုင်တဲ့ သူတို့အနုပညာညီအစ်ကိုငါးဦးဟာ အမှန်တရားအတွက်ဆိုရင်လည်း ရင်ဘတ်ချင်းညီသူတွေလဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ခက်ခဲကြမ်းတမ်းတဲ့
လွတ်မြောက်နယ်မြေကို အတူတကွရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မိသားစုကို ခွဲခွာပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိ နေရတဲ့ အနုပညာရှင်တွေဟာ
အရမ်းကိုချီးကျူးစရာကောင်းပါတယ်နော်။ မိသားစုဝင်တွေ ကျန်းမာရေးမကောင်းတဲ့အချိန်မှာ အနားမှာရှိချင်တာ သဘာဝပါပဲနော်။ ဟားငါးကောင် လူရွှင်တော် ဝိုင်းကျော်ဟာ မိန်းမဖြစ်သူ နေမကောင်းဖြစ်နေတာကြောင့်
စိုးရိမ်စိတ် ပူနေပါတယ်။ အနားမှာမရှိနိုင်တာကြောင့်လဲ အရမ်းကိုစိတ်မကောင်းဖြစ်နေတဲ့အကြောင်းကို ” မိန်းမနေမကောင်းလို့ဖုန်းထဲကဘဲ အားပေးစကားတွေပြောနေရတဲ့ ဘဝကသိပ်ဆိုးလွန်းတယ်” လို့
သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ လူရွှင်တော် ဝိုင်းကျော်ရဲ့ဇနီးဖြစ်သူ ကိုဗစ်ရောဂါ ပျောက်ကင်းပြီး အမြန်ဆုံး နေကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*