
မြန်မာပြည်တောင်ပေါ်ဒေသတွေမှာ ထူးထူးခြားခြား ရေကြီးရတဲ့ အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါတယ် မေမြို့ ကန်တော်ကြီးကို အင်္ဂလိပ်တွေက အဆင့်ဆင့်တွက်ချက်ပြီး
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
စနစ်တကျတည်ဆောက်တူးဖော်ခဲ့ကြခြင်း ဖြစ်ပါသည်။ ပထမအဆင့် ကန်မကြီး ဒုတိယအဆင့် အဆင့်ဆင့်သော ကန်ငယ်များ တတိယအဆင့် ထိုကန်များသို့ စိမ့်ဝင်မည့် ရွှံညွန်တော
ထို ရွှံညွန်တောသို့ စီးဝင်မည့် ညောင်နီရေဝင်ဒေသ စသည်တို့ ဖြစ်ကြသည်။မိုးတွင်းကာလတွင် ရွာချသော မိုးရေများသည် ညောင်နီတောင်ကုန်းဘက်မှတဆင့် ရွှံညွှန်တောအတွင်း
စီးဝင်ကြသည်။ ရွှံညွှန်တောက စီးဝင်လာသော ရေမှန်သမျှ ဖမ်းယူစုဆောင်းထားပြီး ဆောင်းရာသီနှင့်နွေရာသီတွင် ကန်အတွက်လိုအပ်သောရေကို တစိမ့်စိမ့်ထုတ်ပေးပြီး
ပြန်လည်ဖြည့်ဆည်းပေးသည့်တာဝန်ကို ထမ်းဆောင်ကြရသည်။ ဤသို့ဖြင့် တစ်နှစ်တာအတွက် ရေလိုအပ်မှု ဂေဟစနစ်လည်ပတ်နေခြင်း ဖြစ်ပါသည်။ ထို ဂေဟစနစ် စတင်ပျက်စီးလာရသည့် အကြောင်းရင်းမှာ
စီမံကိန်းသီးနှံအဖြစ် ကော်ဖီအားသတ်မှတ်ပြီး ကန်တော်ကြီးရေဝင်ဒေသများကို ကော်ဖီခြံအဖြစ် အသွင်ပြောင်းလဲလိုက်ခြင်းကြောင့် ဖြစ်ပါသည်။ ခြံများကို ခြံစည်းရိုးများခတ်ယူကြခြင်း၊
ရေအရင်းအမြစ်များကို ထိပ်ကပိတ်၍ ထုတ်ယူသုံးစွဲကြခြင်းတို့ကြောင့် ရေကိုစုဆောင်းသိမ်းဆည်းပေးမည့် ရွှံညွှန်တောသို့ ရေဝင်ရောက်မှုမရှိသလောက်ဖြစ်လာပြီး တဖြည်းဖြည်း ခြောက်ကပ်လာကာ
သူ၏လုပ်ဆောင်နိုင်မှုအရည်အချင်း ပျက်ယွင်းသွားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဆောင်းရာသီနှင့်နွေရာသီ တစိမ့်စိမ့်ထုတ်ပေးနေသော အလုပ်ကို မလုပ်နိုင်တော့သည့်အတွက်
ရေတဖြည်းဖြည်း ခမ်းခြောက်လာခြင်း ဖြစ်ပါသည်။ တောင်ပေါ်မြို့ဖြစ်သည့်အတွက် မြို့တည်ကတည်းက အလွတ်ထားခဲ့သည့် ရွှံညွှန်တောများ၊ခဲကွင်းများသည် မြို့အတွက် အလွန်အရေးပါသော
အစိတ်အပိုင်းများဖြစ်ကြပါသည်။ ထိုနေရာများက မိုးရာသီတွင် ရွာချခဲ့သောမိုးရေများကို စုပ်ယူထားကြပါသည်။ မိုးရာသီတွင် ရေမကြီးစေရန်အတွက်လည်းကောင်း၊မြေအောက်ရေပြန်လည်ဖြည့်တင်းရေးအတွက် လည်းကောင်း
အဓိကထမ်းဆောင်ကြသောနေရာများဖြစ်ပါသည်။ ထိုနေရာများကို မြေလွတ်မြေလပ်ပဲဆိုပြီး ခေတ်အဆက်ဆက် မြို့ကွက်ရိုက်ယူခြင်း၊စိုက်ပျိုးရေးခြံများအဖြစ် အသွင်ပြောင်းလဲလိုက်ခြင်းတို့ကြောင့်
ဂေဟစံနစ်ပျက်ယွင်းသွားပြီး မိုးရာသီတွင် ရေကြီးရေလျှံခြင်း၊နွေရာသီတွင် ရေရှားခြင်းတို့ စတင်ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ကမ္ဘာကြီး ဖြစ်ပေါ်လာပုံနှုင့် ဆက်လက် လည်ပတ်နေပုံတို့သည်
အလွန်ထူးဆန်း အံ့ဩဖွယ်ကောင်းလှပါသည်။ အရာတိုင်းက တခုကို တခု ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ပုံစံဖြင့် လည်ပတ်နေခြင်း ဖြစ်ပါသည်။ ထိုဂေဟစနစ်ကို ဖျက်ဆီးသူတို့မှာ အဟိတရိစ္ဆာန်များ မဟုတ်ကြပါ။
အသိဉာဏ် ရှိလှပါသည်ဆိုသော လူသားများကသာ အတ္တအကျိုးငှာ ရည်ရွယ်ချက် ရှိရှိ ကျူးလွန်ဖျက်ဆီးခဲ့ကြခြင်းသာ ဖြစ်ကြပါတော့သည်။ (သစ်ပင်ချစ်သူ) ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ျမန္မာျပည္ေတာင္ေပၚေဒသေတြမွာ ထူးထူးျခားျခား ေရႀကီးရတဲ့ အေၾကာင္းရင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္ ေမၿမိဳ႕ ကန္ေတာ္ႀကီးကို အဂၤလိပ္ေတြက အဆင့္ဆင့္တြက္ခ်က္ၿပီး
စနစ္တက်တည္ေဆာက္တူးေဖာ္ခဲ့ၾကျခင္း ျဖစ္ပါသည္။ ပထမအဆင့္ ကန္မႀကီး ဒုတိယအဆင့္ အဆင့္ဆင့္ေသာ ကန္ငယ္မ်ား တတိယအဆင့္ ထိုကန္မ်ားသို႔ စိမ့္ဝင္မည့္ ႐ႊံၫြန္ေတာ
ထို ႐ႊံၫြန္ေတာသို႔ စီးဝင္မည့္ ေညာင္နီေရဝင္ေဒသ စသည္တို႔ ျဖစ္ၾကသည္။မိုးတြင္းကာလတြင္ ႐ြာခ်ေသာ မိုးေရမ်ားသည္ ေညာင္နီေတာင္ကုန္းဘက္မွတဆင့္ ႐ႊံၫႊန္ေတာအတြင္း
စီးဝင္ၾကသည္။ ႐ႊံၫႊန္ေတာက စီးဝင္လာေသာ ေရမွန္သမွ် ဖမ္းယူစုေဆာင္းထားၿပီး ေဆာင္းရာသီႏွင့္ေႏြရာသီတြင္ ကန္အတြက္လိုအပ္ေသာေရကို တစိမ့္စိမ့္ထုတ္ေပးၿပီး
ျပန္လည္ျဖည့္ဆည္းေပးသည့္တာဝန္ကို ထမ္းေဆာင္ၾကရသည္။ ဤသို႔ျဖင့္ တစ္ႏွစ္တာအတြက္ ေရလိုအပ္မႈ ေဂဟစနစ္လည္ပတ္ေနျခင္း ျဖစ္ပါသည္။ ထို ေဂဟစနစ္ စတင္ပ်က္စီးလာရသည့္ အေၾကာင္းရင္းမွာ
စီမံကိန္းသီးႏွံအျဖစ္ ေကာ္ဖီအားသတ္မွတ္ၿပီး ကန္ေတာ္ႀကီးေရဝင္ေဒသမ်ားကို ေကာ္ဖီၿခံအျဖစ္ အသြင္ေျပာင္းလဲလိုက္ျခင္းေၾကာင့္ ျဖစ္ပါသည္။ ၿခံမ်ားကို ၿခံစည္းရိုးမ်ားခတ္ယူၾကျခင္း၊
ေရအရင္းအျမစ္မ်ားကို ထိပ္ကပိတ္၍ ထုတ္ယူသုံးစြဲၾကျခင္းတို႔ေၾကာင့္ ေရကိုစုေဆာင္းသိမ္းဆည္းေပးမည့္ ႐ႊံၫႊန္ေတာသို႔ ေရဝင္ေရာက္မႈမရွိသေလာက္ျဖစ္လာၿပီး တျဖည္းျဖည္း ေျခာက္ကပ္လာကာ
သူ၏လုပ္ေဆာင္နိုင္မႈအရည္အခ်င္း ပ်က္ယြင္းသြားျခင္းျဖစ္ပါသည္။ ထို႔ေၾကာင့္ ေဆာင္းရာသီႏွင့္ေႏြရာသီ တစိမ့္စိမ့္ထုတ္ေပးေနေသာ အလုပ္ကို မလုပ္နိုင္ေတာ့သည့္အတြက္
ေရတျဖည္းျဖည္း ခမ္းေျခာက္လာျခင္း ျဖစ္ပါသည္။ ေတာင္ေပၚၿမိဳ႕ျဖစ္သည့္အတြက္ ၿမိဳ႕တည္ကတည္းက အလြတ္ထားခဲ့သည့္ ႐ႊံၫႊန္ေတာမ်ား၊ခဲကြင္းမ်ားသည္ ၿမိဳ႕အတြက္ အလြန္အေရးပါေသာ
အစိတ္အပိုင္းမ်ားျဖစ္ၾကပါသည္။ ထိုေနရာမ်ားက မိုးရာသီတြင္ ႐ြာခ်ခဲ့ေသာမိုးေရမ်ားကို စုပ္ယူထားၾကပါသည္။ မိုးရာသီတြင္ ေရမႀကီးေစရန္အတြက္လည္းေကာင္း၊ေျမေအာက္ေရျပန္လည္ျဖည့္တင္းေရးအတြက္ လည္းေကာင္း
အဓိကထမ္းေဆာင္ၾကေသာေနရာမ်ားျဖစ္ပါသည္။ ထိုေနရာမ်ားကို ေျမလြတ္ေျမလပ္ပဲဆိုၿပီး ေခတ္အဆက္ဆက္ ၿမိဳ႕ကြက္ရိုက္ယူျခင္း၊စိုက္ပ်ိဳးေရးၿခံမ်ားအျဖစ္ အသြင္ေျပာင္းလဲလိုက္ျခင္းတို႔ေၾကာင့္
ေဂဟစံနစ္ပ်က္ယြင္းသြားၿပီး မိုးရာသီတြင္ ေရႀကီးေရလွ်ံျခင္း၊ေႏြရာသီတြင္ ေရရွားျခင္းတို႔ စတင္ျဖစ္ေပၚလာရျခင္း ျဖစ္ပါသည္။ ကမာၻႀကီး ျဖစ္ေပၚလာပုံႏႈင့္ ဆက္လက္ လည္ပတ္ေနပုံတို႔သည္
အလြန္ထူးဆန္း အံ့ဩဖြယ္ေကာင္းလွပါသည္။ အရာတိုင္းက တခုကို တခု ကြၽန္းကိုင္းမွီ ကိုင္းကြၽန္းမွီ ပုံစံျဖင့္ လည္ပတ္ေနျခင္း ျဖစ္ပါသည္။ ထိုေဂဟစနစ္ကို ဖ်က္ဆီးသူတို႔မွာ အဟိတရိစာၦန္မ်ား မဟုတ္ၾကပါ။
အသိဉာဏ္ ရွိလွပါသည္ဆိုေသာ လူသားမ်ားကသာ အတၱအက်ိဳးငွာ ရည္႐ြယ္ခ်က္ ရွိရွိ က်ဴးလြန္ဖ်က္ဆီးခဲ့ၾကျခင္းသာ ျဖစ္ၾကပါေတာ့သည္။ (သစ္ပင္ခ်စ္သူ) ခရက္ဒစ္
Leave a Reply