သူမ၏ ဟော့ပေါ့ဆိုင်သို့လာအားပေးတဲ့စားသုံးသူကို ရိုင်းစိုင်းစွာဆဲဆိုရိုက်နှ က်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ပြန်လည်ဖြေရှင်းလာတဲ့ မိုးမိုး

အဆိုတော်မိုးမိုးကတော့ တချိန်က နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ပေမယ့် စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ အစပိုင်းမှာတော့ ပြည်သူတွေဘက်ကရပ်တည်ပြပြီး

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

ဆန္ဒထုတ်ဖော်ပွဲတွေမှာ လိုက်ပါခဲ့ပြီး နောက်ပိုင်းမှာတော့ အဆိုတော်ယုန်လေးနဲ့ပေါင်းကာ စစ်တပ်ထောက်ခံသူတစ်ယောက်ဖြစ်လာခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဖယ်ကျဉ်ခြင်းကိုခံနေရတာပဲဖြစ်ပါတယ်။

မိုးမိုးဟာ အဆိုတော်အလုပ်အပြင် သူ့ရဲ့ဇနီးနဲ့ ပြင်ဦးလွင်မြို့မှာ ဟော့ပေါ့ဆိုင်ဖွင့်လှစ်ထားပြီး ပြီးခဲ့တဲ့ရက်က ပြင်ဦးလွင်မြို့ရဲ့မေမြို့ဟစ်တိုင် Group မှာ ဟော့ပေါ့ဆိုင်လာအားပေးတဲ့စားသုံးသူကို

မိုက်ရိုင်းစွာဆဲဆိုရို က်နှ က်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မိုးမိုးကို မေမြို့ဟစ်တိုင်မှာ ရေးသားထားတဲ့ စားသုံးသူက သူကိုယ်တိုင်ပြန်လည်ဖြေရှင်းလာတာကို တွေ့ရပါတယ်။

ထိုလူက “ကျနော်က ကိုမိုးနဲ့ပတ်သက်ပြီး မကျေနပ်တဲ့အကြောင်းကို မေမြို့ဟစ်တိုင်မှာ တင်လိုက်မိတဲ့သူကိုယ်တိုင်ပါ။ ဒေါသအလျောက်တင်မိတာပါ။ တင်ပြီးလို့ နာရီပိုင်းအတွင်းမှာပဲ ပြေလည်သွားလို့

အားလုံး ပြန်ဖျက်လိုက်ပါတယ်။ အဲ့ဒီအတောအတွင်းလေးကို SS တွေ ရအောင်ယူသွားကြတယ်ဗျာ။ နားလည်မှုလွဲပြီးဖြစ်တဲ့ပြဿနာပါဗျာ။ အစအနောက်သန်တဲ့ ကျနော့်သူငယ်ချင်းတွေက

ကြားအောင်တစ်မျိုး မကြားအောင်တစ်မျိုး နားမခံသာအောင် စနောက်မိရာက ကိုမိုးဒေါသထွက်ပြီး စကားများကြတာပါ။ တချို့ အဆင့်မရှိတဲ့မီဒီယာတွေက ရို က်နှ က်တယ်လို့တောင် ရေးကြတယ်ဗျာ။

ရို က်နှ က်တယ်လို့လဲ ကျနော်မရေးမိပါဘူး။ ပုံကြီးတွေ မချဲ့ကြပါနဲ့ဗျာ။ ပန်းချီကားနဲ့ ပေါက်တယ်ဆိုတာကလဲ နားလည်မှုလွဲတာပါ CCTV ပြန်ကြည့်တော့ ပေါက်တာမဟုတ် လက်ကလွတ်ကျသွားတာပါ။

နှစ်ဦးနှစ်ဖက် လွန်တာရှိရင် တောင်းပန်စကားပြောကြဆိုကြပြီး အဲဒီနေ့ကတည်းက ပြေလည်ပြီးသားကိစ္စကို အကျယ်ချဲ့ပြီး မလုပ်သင့်ပါဘူးဗျာ။ မတရား သတင်းအနေနဲ့ တင်ထားတဲ့သူများလဲ

ပြန်ဖျက်ပေးပါဗျာ။ ပုံက ခုမနက်မှ ရိုက်ထားတဲ့ပုံပါ” ဆိုပြီး ဖြေရှင်းလာပါတယ်။ မိုးမိုးကလည်း နားလည်မှုရရှိသွားခဲ့ပြီဖြစ်တဲ့ အဆိုပါစားသုံးသူရဲ့ ပိုစ့်ကို ပြန်လည်မျှဝေကာ

“ကျနော်က အဲ့လောက်ဖြစ်မယ် မထင်ဘူး အစ်ကိုတဲ့။ ညီလေးရေ သူတို့က သူတို့ page လူသိဖို့ဆိုရင် ဘာမဆို လုပ်ကြမှာဟ” ဆိုပြီး ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

အဆိုေတာ္မိုးမိုးကေတာ့ တခ်ိန္က နာမည္ႀကီးအဆိုေတာ္တစ္ေယာက္ျဖစ္ေပမယ့္ စစ္အာဏာသိမ္းမႈျဖစ္စဥ္မွာ အစပိုင္းမွာေတာ့ ျပည္သူေတြဘက္ကရပ္တည္ျပၿပီး

ဆႏၵထုတ္ေဖာ္ပြဲေတြမွာ လိုက္ပါခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ အဆိုေတာ္ယုန္ေလးနဲ႕ေပါင္းကာ စစ္တပ္ေထာက္ခံသူတစ္ေယာက္ျဖစ္လာခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ ဖယ္က်ဥ္ျခင္းကိုခံေနရတာပဲျဖစ္ပါတယ္။

မိုးမိုးဟာ အဆိုေတာ္အလုပ္အျပင္ သူ႕ရဲ႕ဇနီးနဲ႕ ျပင္ဦးလြင္ၿမိဳ႕မွာ ေဟာ့ေပါ့ဆိုင္ဖြင့္လွစ္ထားၿပီး ၿပီးခဲ့တဲ့ရက္က ျပင္ဦးလြင္ၿမိဳ႕ရဲ႕ေမၿမိဳ႕ဟစ္တိုင္ Group မွာ ေဟာ့ေပါ့ဆိုင္လာအားေပးတဲ့စားသုံးသူကို

မိုက္ရိုင္းစြာဆဲဆိုရို က္ႏွ က္ခဲ့တယ္ဆိုၿပီး စြပ္စြဲခံခဲ့ရတာပဲျဖစ္ပါတယ္။ ဒီကေန႕မွာေတာ့ မိုးမိုးကို ေမၿမိဳ႕ဟစ္တိုင္မွာ ေရးသားထားတဲ့ စားသုံးသူက သူကိုယ္တိုင္ျပန္လည္ေျဖရွင္းလာတာကို ေတြ႕ရပါတယ္။

ထိုလူက “က်ေနာ္က ကိုမိုးနဲ႕ပတ္သက္ၿပီး မေက်နပ္တဲ့အေၾကာင္းကို ေမၿမိဳ႕ဟစ္တိုင္မွာ တင္လိုက္မိတဲ့သူကိုယ္တိုင္ပါ။ ေဒါသအေလ်ာက္တင္မိတာပါ။ တင္ၿပီးလို႔ နာရီပိုင္းအတြင္းမွာပဲ ေျပလည္သြားလို႔

အားလုံး ျပန္ဖ်က္လိုက္ပါတယ္။ အဲ့ဒီအေတာအတြင္းေလးကို SS ေတြ ရေအာင္ယူသြားၾကတယ္ဗ်ာ။ နားလည္မႈလြဲၿပီးျဖစ္တဲ့ျပႆနာပါဗ်ာ။ အစအေနာက္သန္တဲ့ က်ေနာ့္သူငယ္ခ်င္းေတြက

ၾကားေအာင္တစ္မ်ိဳး မၾကားေအာင္တစ္မ်ိဳး နားမခံသာေအာင္ စေနာက္မိရာက ကိုမိုးေဒါသထြက္ၿပီး စကားမ်ားၾကတာပါ။ တခ်ိဳ႕ အဆင့္မရွိတဲ့မီဒီယာေတြက ရို က္ႏွ က္တယ္လို႔ေတာင္ ေရးၾကတယ္ဗ်ာ။

ရို က္ႏွ က္တယ္လို႔လဲ က်ေနာ္မေရးမိပါဘူး။ ပုံႀကီးေတြ မခ်ဲ့ၾကပါနဲ႕ဗ်ာ။ ပန္းခ်ီကားနဲ႕ ေပါက္တယ္ဆိုတာကလဲ နားလည္မႈလြဲတာပါ CCTV ျပန္ၾကည့္ေတာ့ ေပါက္တာမဟုတ္ လက္ကလြတ္က်သြားတာပါ။

ႏွစ္ဦးႏွစ္ဖက္ လြန္တာရွိရင္ ေတာင္းပန္စကားေျပာၾကဆိုၾကၿပီး အဲဒီေန႕ကတည္းက ေျပလည္ၿပီးသားကိစၥကို အက်ယ္ခ်ဲ့ၿပီး မလုပ္သင့္ပါဘူးဗ်ာ။ မတရား သတင္းအေနနဲ႕ တင္ထားတဲ့သူမ်ားလဲ

ျပန္ဖ်က္ေပးပါဗ်ာ။ ပုံက ခုမနက္မွ ရိုက္ထားတဲ့ပုံပါ” ဆိုၿပီး ေျဖရွင္းလာပါတယ္။ မိုးမိုးကလည္း နားလည္မႈရရွိသြားခဲ့ၿပီျဖစ္တဲ့ အဆိုပါစားသုံးသူရဲ႕ ပိုစ့္ကို ျပန္လည္မွ်ေဝကာ

“က်ေနာ္က အဲ့ေလာက္ျဖစ္မယ္ မထင္ဘူး အစ္ကိုတဲ့။ ညီေလးေရ သူတို႔က သူတို႔ page လူသိဖို႔ဆိုရင္ ဘာမဆို လုပ္ၾကမွာဟ” ဆိုၿပီး ျပန္လည္ေျဖရွင္းလာခဲ့ပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*