
ပရိသတ်ကြီးရေ ယခုလတ်တလော အွန်လိုင်းမှာ တခေတ်တခါက နာမည်ကြီး သီချင်းတစ်ပုဒ်ကို အဆိုတော်အသစ် တစ်ဦးက မလိုက်ဖက်တဲ့ အက ပုံစံတွေနဲ့ ကပြပြီး သီဆိုခဲ့မှုကြောင့်
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
နာမည်ကြီး သီချင်းကို လုပ်ရက်တယ် သရုပ်ပျက်တယ်ဆိုပြီး ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်သံတွေနဲ့ ပွဲဆူနေတာကို အားလုံး သိပြီးဖြစ်မှာပါ။ ထိုသီချင်းကတော့ တချိန်က အမျိုးသမီး အဆိုပညာရှင်ကြီးများ
သီဆိုခဲ့သော “တောသူအချစ်” သီချင်းဖြစ်ပြီး အညာကျေးလက်ရနံ့တွေ ဝေဖြာသင်းနေတဲ့ ချစ်စရာသီချင်းလေးပါ။ ဒီအဓိပ္ပါယ်ပြည့်ဝလွန်း လှတဲ့ “တောသူ အချစ်”သီချင်းလေးကို ရေးသားခဲ့သူကတော့
ဂီတစာဆို ဆရာဦးသက်ဦး ဖြစ်ပြီး ဒီသီချင်းလေးနဲ့ပတ်သက်ပြီး အွန်လိုင်းထက်မှာ ဆဲသံဆိုသံတွေနဲ့ ပွဲဆူကာ ဖြစ်နေကြတဲ့အတွက် ဆရာ(ဦး)သက်ဦးရဲ့ သမီးဖြစ်သူမှ
ယခုလို ဖြေရှင်းပြောကြား လာခဲ့တာကို တွေ့ရ့ပါတယ်။ ‘အန်တီက ဂီတစာဆို ကိုသက်ဦးရဲ့သမီးပါ၊ အဖေ့ရဲ့ တောသူအချစ်သီချင်းကို ပြီးခဲ့တဲ့လ ဇူလိုင်လကတည်းက ဝယ်ခဲ့တယ်။ နယ်က အဆိုဝါသနာရှင်လေး တစ်ယောက်က
ဆိုချင်လို့ပါ ဆိုပြီးတော့ ဂီတအစည်းအရုံး ကနေ တဆင့် ဆက်သွယ် လာတယ်။ အန်တီတို့ နားလည် သဘောပေါက်တာက Facebook မှာပဲ ကိုယ့် FB Account လေးမှာ တင်မယ်လို့ ထင်တာပေါ့နော်။
ဒါပေမဲ့ သီချင်းကို လိုင်းပေါ်မှာ တွေ့ရတော့ တော်တော်ဆိုးဆိုးဝါးဝါး ရိုက်ထားတာ တွေ့ရတယ်။ အန်တီ့အဖေသာ ရှိခဲ့ရင် ဘယ်လောက်တောင် ခံစားလိုက် ရမလဲ။ အန်တီ့ကို ပြောတုန်းကတော့ TikTok တွေ MTV တွေပါ
သုံးမယ်လို့ မပါခဲ့ဘူး၊ ဒီလိုပေါက်ကရ လုပ်ချင်တဲ့ သူတွေဆို အန်တီတို့ သုံးခွင့်မပေးနိုင်ဘူး။ သီချင်းပျက်ဆီးတာပေါ့၊ နောက်ပြီးတော့ အန်တီတို့အဖေရဲ့ ပုံရိပ်လည်း ပျက်ဆီးသွားတယ်။၁၁ရက်နေ့ကျတော့ အန်တီက
ဝယ်တဲ့သူဆီကို ဖုန်းဆက်တယ်၊ ဒီသီချင်းလးကို ဖြုတ်ပေးဖို့ တစ်တော့ပ်တို့ကော ဘာတို့ကော အကုန်လုံးကနေ အစုံပါပဲ ပွထနေတာပဲ။ အဲ့တော့ သူက အန်တီရယ် ၅ရက်လောက်ဆိုလို့ ရှိရင် ဆဲတာက မောသွားမှာတဲ့
မောပေမယ့် ဒါတွေက Recordတွေ ကျန်ခဲ့တယ်လေ အဲ့ဒီအတွက် ဒီသီချင်းကိုဖြုတ်ပေးပါ၊ ဒီပုံရိပ်ကို ဖြုတ်ပေးပါ ဆိုပြီး ပြောခဲ့တယ်။ အန်တီတို့ လက်လွတ်စပယ် လုပ်သလို ဖြစ်သွားတာပေါ့၊
ဒီသီချင်းနဲ့ ဒီအဝတ်အစား ဒီလို က,တာနဲ့လည်း လုံးဝကို မပတ်သက်ဘူး။နောက်ဆုံးတော့ ဂီတအစည်းအရုံးကို စာတင်လိုက်တယ်၊ ဖြေရှင်းပေးပေးပါ ဆိုပြီးတော့ စာတင် လိုက်တယ် တိုင်လိုက်တယ်ပေါ့
အဲ့လိုမျိုးလေး လုပ်ထားတယ်။ အခုထိတော့ အစည်းအရုံးက ဘာမှ မပြောသေးဘူး တင်ထားတုန်းပဲ ရှိသေးတယ်” ဆိုပြီး တောသူအချစ် သီချင်းကိုရေးခဲ့တဲ့ တေးရေးဆရာ ဦးသက်ဦးရဲ့ သမီးဖြစ်သူ ဒေါ်ဝါဝါခင်မှ ပြောကြားလာခဲ့ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ပရိသတ္ႀကီးေရ ယခုလတ္တေလာ အြန္လိုင္းမွာ တေခတ္တခါက နာမည္ႀကီး သီခ်င္းတစ္ပုဒ္ကို အဆိုေတာ္အသစ္ တစ္ဦးက မလိုက္ဖက္တဲ့ အက ပုံစံေတြနဲ႕ ကျပၿပီး သီဆိုခဲ့မႈေၾကာင့္
နာမည္ႀကီး သီခ်င္းကို လုပ္ရက္တယ္ သ႐ုပ္ပ်က္တယ္ဆိုၿပီး ပရိသတ္ေတြရဲ႕ ေဝဖန္ျပစ္တင္သံေတြနဲ႕ ပြဲဆူေနတာကို အားလုံး သိၿပီးျဖစ္မွာပါ။ ထိုသီခ်င္းကေတာ့ တခ်ိန္က အမ်ိဳးသမီး အဆိုပညာရွင္ႀကီးမ်ား
သီဆိုခဲ့ေသာ “ေတာသူအခ်စ္” သီခ်င္းျဖစ္ၿပီး အညာေက်းလက္ရနံ႕ေတြ ေဝျဖာသင္းေနတဲ့ ခ်စ္စရာသီခ်င္းေလးပါ။ ဒီအဓိပၸါယ္ျပည့္ဝလြန္း လွတဲ့ “ေတာသူ အခ်စ္”သီခ်င္းေလးကို ေရးသားခဲ့သူကေတာ့
ဂီတစာဆို ဆရာဦးသက္ဦး ျဖစ္ၿပီး ဒီသီခ်င္းေလးနဲ႕ပတ္သက္ၿပီး အြန္လိုင္းထက္မွာ ဆဲသံဆိုသံေတြနဲ႕ ပြဲဆူကာ ျဖစ္ေနၾကတဲ့အတြက္ ဆရာ(ဦး)သက္ဦးရဲ႕ သမီးျဖစ္သူမွ
ယခုလို ေျဖရွင္းေျပာၾကား လာခဲ့တာကို ေတြ႕ရ႕ပါတယ္။ ‘အန္တီက ဂီတစာဆို ကိုသက္ဦးရဲ႕သမီးပါ၊ အေဖ့ရဲ႕ ေတာသူအခ်စ္သီခ်င္းကို ၿပီးခဲ့တဲ့လ ဇူလိုင္လကတည္းက ဝယ္ခဲ့တယ္။ နယ္က အဆိုဝါသနာရွင္ေလး တစ္ေယာက္က
ဆိုခ်င္လို႔ပါ ဆိုၿပီးေတာ့ ဂီတအစည္းအ႐ုံး ကေန တဆင့္ ဆက္သြယ္ လာတယ္။ အန္တီတို႔ နားလည္ သေဘာေပါက္တာက Facebook မွာပဲ ကိုယ့္ FB Account ေလးမွာ တင္မယ္လို႔ ထင္တာေပါ့ေနာ္။
ဒါေပမဲ့ သီခ်င္းကို လိုင္းေပၚမွာ ေတြ႕ရေတာ့ ေတာ္ေတာ္ဆိုးဆိုးဝါးဝါး ရိုက္ထားတာ ေတြ႕ရတယ္။ အန္တီ့အေဖသာ ရွိခဲ့ရင္ ဘယ္ေလာက္ေတာင္ ခံစားလိုက္ ရမလဲ။ အန္တီ့ကို ေျပာတုန္းကေတာ့ TikTok ေတြ MTV ေတြပါ
သုံးမယ္လို႔ မပါခဲ့ဘူး၊ ဒီလိုေပါက္ကရ လုပ္ခ်င္တဲ့ သူေတြဆို အန္တီတို႔ သုံးခြင့္မေပးနိုင္ဘူး။ သီခ်င္းပ်က္ဆီးတာေပါ့၊ ေနာက္ၿပီးေတာ့ အန္တီတို႔အေဖရဲ႕ ပုံရိပ္လည္း ပ်က္ဆီးသြားတယ္။၁၁ရက္ေန႕က်ေတာ့ အန္တီက
ဝယ္တဲ့သူဆီကို ဖုန္းဆက္တယ္၊ ဒီသီခ်င္းလးကို ျဖဳတ္ေပးဖို႔ တစ္ေတာ့ပ္တို႔ေကာ ဘာတို႔ေကာ အကုန္လုံးကေန အစုံပါပဲ ပြထေနတာပဲ။ အဲ့ေတာ့ သူက အန္တီရယ္ ၅ရက္ေလာက္ဆိုလို႔ ရွိရင္ ဆဲတာက ေမာသြားမွာတဲ့
ေမာေပမယ့္ ဒါေတြက Recordေတြ က်န္ခဲ့တယ္ေလ အဲ့ဒီအတြက္ ဒီသီခ်င္းကိုျဖဳတ္ေပးပါ၊ ဒီပုံရိပ္ကို ျဖဳတ္ေပးပါ ဆိုၿပီး ေျပာခဲ့တယ္။ အန္တီတို႔ လက္လြတ္စပယ္ လုပ္သလို ျဖစ္သြားတာေပါ့၊
ဒီသီခ်င္းနဲ႕ ဒီအဝတ္အစား ဒီလို က,တာနဲ႕လည္း လုံးဝကို မပတ္သက္ဘူး။ေနာက္ဆုံးေတာ့ ဂီတအစည္းအ႐ုံးကို စာတင္လိုက္တယ္၊ ေျဖရွင္းေပးေပးပါ ဆိုၿပီးေတာ့ စာတင္ လိုက္တယ္ တိုင္လိုက္တယ္ေပါ့
အဲ့လိုမ်ိဳးေလး လုပ္ထားတယ္။ အခုထိေတာ့ အစည္းအ႐ုံးက ဘာမွ မေျပာေသးဘူး တင္ထားတုန္းပဲ ရွိေသးတယ္” ဆိုၿပီး ေတာသူအခ်စ္ သီခ်င္းကိုေရးခဲ့တဲ့ ေတးေရးဆရာ ဦးသက္ဦးရဲ႕ သမီးျဖစ္သူ ေဒၚဝါဝါခင္မွ ေျပာၾကားလာခဲ့ပါတယ္။ ခရက္ဒစ္
Leave a Reply