ကိုဖိုးချစ် ပြောပြလာတဲ့ ပြည်သူတွေအတွက် စိတ်ခွန်အားတိုးစေမည့် စကားလက်ဆောင်
ဇာတ်သဘင်လောကမှာ မသိသူမရှိလောက်အောင် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်တဲ့ ဖိုးချစ်ကတော့ ပြည်သူပရိသတ်တွေနဲ့ တစ်သားတည်းရပ်တည်နေတာ ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဖိုးချစ်က လူထုလှုပ်ရှားမှုတွေမှာ သူကိုယ်တိုင်ပါဝင်သလို လူမှုကွန်ယက်စာမျက်နှာကနေလည်း ပြည်သူတွေအတွက် စိတ်ခွန်အားဖြစ်စေမည့်အားပေးစကားတွေကို
ပြောကြားပေးနေတာလည်း တွေ့ရပါတယ်။ဒါ့ပြင်ဖိုးချစ်က မြန်မာနိုင်ငံဇာတ်သဘင်အစည်းအရုံး(ဗဟို)ရဲ့ ဥက္ကဋ္ဌနေရာကနေ နှုတ်ထွက်ထားတာလည်းဖြစ်ပြီး အခက်အခဲဖြစ်နေကြတဲ့ အခုလိုကာလကြီးမှာ
တတ်နိုင်သရွေ့ကူညီမှုတွေလည်း ပြုလုပ်နေတာဖြစ်ပါတယ်။ ဖိုးချစ်ဟာ အခုအခါမှာဆိုရင်လည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်ကနေ စိတ်ဓာတ်ကျ အားငယ်နေကြတဲ့ ပြည်သူတွေအတွက် စိတ်ခွန်အားတိုးစေတဲ့
နည်းလမ်းလေးကို မျှဝေထားပါတယ်။လူတွေဟာ မျှော်လင့်ချက်တွေကြောင့် ခွန်အားဖြစ်စေတယ် ယုံကြည်မှုမြင့်မားစေတယ် အားအင်တိုးစေပါတယ်။ သို့ပေမယ့်တစ်ခါတစ်ရံမှာ
မျှော်လင့်ချက်တွေကြောင့်ပဲ စိတ်ခွန်အားယုတ်လျော့တတ်တာကြောင့် အားအင်တိုးစေတဲ့ မျှော်လင့်ချက်၊ ယုံကြည်မှုတိုးစေတဲ့ မျှော်လင့်ချက်ပဲထားကြဖို့ ဖိုးချစ်ဟာ တိုက်တွန်းထားတာဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း ဖိုးချစ်ရဲ့ အားပေးစကားလေးကြောင့် စိတ်ဓါတ်အင်အားလေး ပြည့်ကြပါစေနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*