အောင်ရဲလင်းရဲ့ ငယ်စဥ်က ဓာတ်ပုံတွေနဲ့ သူမနာမည်တပ် စနောက်နေကြသည့်ပရိတ်သတ်အပေါ် ချစ်စဖွယ်တုန့်ပြန်လာတဲ့ ချောရတနာ
မင်းသမီးချောလေး ချောရတနာကတော့ “ဥ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ချောရတနာက အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီဆိုပေမယ့် အပျိုလေးတစ်ယောက်လို နုနယ်လှပနေဆဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ချောရတနာက
အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေပြီး အွန်လိုင်း Live Sale ရောင်းချခြင်းကိုလည်း အချိန်ပေးပြီး လုပ်ကိုင်ဖြစ်နေလျက်ရှိတာကို တွေ့ရပါတယ်။ ပရိသတ်တွေရဲ့ချစ်ခင်မှုကိုလည်းရရှိထားသလို
ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းမိတ်ဆွေတွေရဲ့ချစ်ခင်မှုတွေကိုလည်း ရရှိထားတဲ့ ချောရတနာဟာ ဒီတစ်ခါမှာလည်း အားလုံးရဲ့စနောက်ခြင်းကိုခံနေရကြောင်းပြောလာပါတယ်။ ချောရတနာက
“ဆယ်ကျော်သက်အရွယ်ကပုံတွေကို ပရိသတ်တွေရှေ့ချပြလိုက်တဲ့ သရုပ်ဆောင်ချောရတနာ” ဆိုတဲ့ အောင်ရဲလင်းရဲ့ ပုံနဲ့စနောက်ခံနေရကြောင်း “အေးပါကွာ ယူတို့ပျော်ရင်ပြီးတာပါပဲ။
မိုးလင်းထဲက ကျွန်မ Newsfeed မှာ ဒါကြီးပဲ။ CB ထဲလည်း ဒါပဲ ” ဆိုပြီး ပြောပြလာပါတယ်။ ချောရတနာကတော့ အောင်ရဲလင်းရဲ့ ငယ်ငယ်ကဓာတ်ပုံနဲ့ သူမရဲ့နာမည်တပ်ပြီး စနောက်ကျီစယ်ခံနေရတာကို
စိတ်ဆိုးခြင်းလုံးဝမရှိပဲ အားလုံးပျော်ရင်ပြီးတာပါပဲလို့ ပြောလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချောရတနာရဲ့ပိုစ့်လေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*