“မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ချင်တာကြောင့်နဲ့ ဘယ်မိန်းကလေးကိုမှ အမေ့လောက် မချစ်လို့ လူပျိုကြီး လုပ်နေတာပါ ဆိုတဲ့ လူကြမ်းမင်းသား မျိုးကြည်
မင်္ဂလာပါ ပရိသတ်ကြီးရေ လူကြမ်းသရုပ်ဆောင် မျိုးကြည်ကတော့ ဖိုက်တင်ခန်းတွေနဲ့ အကြမ်းအရမ်းဇာတ်ဝင်ခန်းတွေ အပြင် ကျရာဇာတ်ရုပ်တွေတိုင်း မှာလည်းပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဝါရင့်သရုပ်ဆောင် လူကြမ်းမင်းသားကြီး တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ မသိတဲ့သူ မရှိသလောက် ပါပဲနော်။ လူကြမ်းသရုပ်ဆောင် ဦးမျိုးကြည်ကတော့ ဇာတ်ကားတွေ ထဲမှာသာ ခပ်ကြမ်းကြမ်း ခပ်မိုက်မိုက်နဲ့
ဆိုးပေနေရသော ဇာတ်ကောင်စရိုက်တွေ သရုပ်ဆောင်ခဲ့သူ ဖြစ်သော်လည်းလက်တွေ့ အပြင်ဘဝမှာတော့ အသက်ရှစ်ဆယ်ကျော် အရွယ် ကိုးဆယ်နားနီး နေတဲ့ အမေအိုကြီးကို
လုပ်ကျွေး ပြုစုနေတဲ့ သားလိမ္မာ တစ်ယောက်လည်း ဖြစ်ပါတယ်နော်။ ယခုအခါမှာတော့ ဇာတ်ကားထဲမှာ လူကြမ်းကြီးပေမယ့် လက်တွေ့ဘဝမှာ နှလုံးသား နူးညံ့တဲ့ လူကြမ်းသရုပ်ဆောင် မျိုးကြည်က
အခုချိန်ထိ အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်း ဘဝနဲ့ လူပျိုကြီး ဖြစ်နေရတဲ့ အဓိကအချက်ကို အင်တာဗျူးမှာ အခုလို ဖွင့်ဟလို့ ပြောပြ လာတာ လည်းဖြစ်ပါတယ်။
လူကြမ်း သရုပ်ဆောင် ကိုမျိုးကြည်က“ကျွန်တော့်ကို ဟိုးငယ်ငယ် ဥမမယ် စာမမြောက် ကတည်းက မွေးဖွားပေးထားတဲ့ မိခင်မို့၊ အသက် ၈၆နှစ်အရွယ်အထိရှိ နေပေးတဲ့ မိခင်ကြီးကိုကျွေးမွေး ပြုစု စောင့်ရှောက်ချင်လို့
ကျွန်တော် လူပျိုကြီးဘဝနဲ့ ရပ်တည် နေထိုင် နေတာပါ။ ပြီးတော့ ဘယ်အမျိုးသမီးကိုမှလည်း အမေ့လောက် မချစ်လို့ လူပျိုကြီး ဖြစ်တာပါ” ဆိုပြီးငယ်စဉ်တောင်ကျေး ကလေးဘဝထဲက
မိမိကို ဒုက္ခဆင်းရဲ များစွာကြားထဲကနေ လူလားမြောက်အောင် ပြုစုပျိုးထောင် စောင့်ရှောက်ပေးခဲ့တဲ့ မိခင်ကြီးကို ချစ်ခင်လေးစားသော အားဖြင့်တဖြည်းဖြည်းနဲ့ အသက်အရွယ်ရကာ အိုမင်းလာပြီ ဖြစ်သော
မိခင်ကြီးအား သားသမီး တာဝန်ကျေစွာဖြင့် တဖန်ပြန်လည် ပြုစုစောင့်ရှောက်ချင်စိတ်နဲ့ အိမ်ထောင်မပြုတော့ဘဲ တစ်ကိုယ်တည်းလူပျိုကြီး ဘဝနဲ့ပဲ နေထိုင်နေခဲ့တာ ဖြစ်ကြောင်း ဟန်ဆောင်မှုကင်းသူပီပီ
ပွင့်လင်း ရိုးရှင်းစွာ ဖြေကြား ပြောပြလာခဲ့တာပဲ ဖြစ်ပါ တယ်နော်။ ပရိသတ်ကြီးရေ ဇာတ်ကားတွေ ကြည့်ပြီး လူကြမ်းကြီးလို့ ပရိသတ်တွေ သိခဲ့ကြတဲ့ ကိုမျိုးကြည်ရဲ့ ပြင်ပလက်တွေ့ဘဝက မိဘအပေါ်
သိတတ် လိမ္မာသော သားတစ်ယောက်အဖြစ်ကို အခုလို သိရကြားရ မြင်ရသောအခါ တကယ့်ကို မလေးစားဘဲ မနေနိုင်အောင် ပါပဲနော်။ ပရိသတ်ကြီးတို့ကလည်း စိတ်ထားနူးညံ့လွန်းလှတဲ့ လူကြမ်းမင်းသားကြီး အတွက် ဂုဏ်ပြုစကားလေးများ ချီးမြှင့်ပေးခဲ့ကြပါအုံးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*