မိထွေးက ဖခင်ဖြစ်သူကို အ ဆိ-ပ်ခတ်လို့ ရှေ့တင် လဲကျနေတဲ့အဖေ၊ အိပ်ယာဝင်တိုင်း မိခင် သတိရကြောင်း စာတွေ ရေးပြီး ဘယ်သူ့ပို့ရမှန်း မသိခဲ့တဲ့ ရင်နာစရာ ဘဝနောက်ကြောင်းတွေ ရင်ဖွင့် လာတဲ့ ဖူးပွင့်ခိုင် …See more
မင်္ဂလာပါ ပရိသတ်ကြီးရေ ပုရိသတွေရဲ့ အသည်းစွဲ ဆက်ဆီ မော်ဒယ်တစ်ဦးဖြစ်တဲ့ ဖူးပွင့်ခိုင်ကို အားလုံးပဲ သိကြမယ်လို့ ထင်ပါ တယ်နော်။ ဖူးပွင့်ခိုင်ဟာ ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှတွေနဲ့ ပုရိသ ပရိသတ်တွေကို ဆွဲဆောင်နေနိုင်တဲ့ သူလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ ဆက်C ဆန်ဆန် အမိုက် စားပုံလေးတွေ ဟာဆိုရင်လည်း
လူမှုကွန်ယက် ဖေ့ဘုတ်စ် စာမျက်နှာထက်မှာ ရေပန်းစားကာ လူကြိုက်များကြတာလည်း တွေ့ရပါတယ်။အမြဲတမ်း သွက်လက်တက်ကြွပီး ခပ်မိုက်မိုက် ဒီဇိုင်းအထာတွေနဲ့ပဲ အမြဲမြင်တွေ့ နေရတဲ့
ဆက်Cမော်ဒယ်လ် တစ်ဉီးကို ကြည့်ရမြင်ရ တွေ့ရတာဟာ တွေ့မြင်ရသူတွေအတွက် ရီဝေ ယ စ်မူးကာ စွဲမက်စရာ ဖြစ်နေနိုင်ပေမယ့် သူမရဲ့အလှတရားနဲ့ ဖုံးလွှမ်းကာ ကွယ်ထားတဲ့
သူမရဲ့အတိတ်က အရိပ်ခါးခါးတွေ၊ဘဝရဲ့ဒဏ်ရာ ဒဏ်ချက်တွေ နာကျင်ခံစားကာ ကျခဲ့ရတဲ့ မျက်ရည်တွေ ငိုကြွေးမှုတွေကို တွေ့မြင်နိုင်ကြ ရမှာ မဟုတ်ပါဘူး။ ယခုအခါမှာတော့ အွန်လိုင်းဆယ်လီ
ဆက်C မော်ဒယ်လ်မလေး ဖူးပွင့်ခိုင်က သူမရဲ့ဘဝ ခါးသက်သောအတိတ် နေ့ရက်များရဲ့ တစ်ပိုင်းတစ်စကို အခုလိုပဲ ရင်နာစွာ ဟစ်ကြွေးဖွင့်ဟလို့ လာခဲ့ရှာပါတယ်။ မော်ဒယ်လ်ဖူးပွင့်ခိုင်က “ညီမအလုပ်အပေါ်မှာ
မိဘတွေကတော့ အားမပေးဘူး ပေးတယ်ဆိုတာထက် ညီမက အရမ်းတည်ငြိမ်တဲ့ မိန်းကလေးထဲမှာ ပါတယ်။ အနေအေးတဲ့ထဲမှာ ပါတော့ မိဘတွေကကျတော့ သမီး အဲ့ဒါကြီးတွေ မလုပ်နဲ့ဆိုပြီးတော့
ကန့်ကွက်ထားတာမျိုးလည်း မရှိဘူး။ အလုပ်ကို ညီမ အဆင်ပြေသလိုမျိုး လုပ်ပေါ့။ ညီမလုပ်တယ်ဆိုတာ ကလည်း သူတို့အတွက် သူတို့ရှေ့ရေးအတွက်ပဲ ညီမ လုပ်ပေးနေတာ။ ညီမတို့က
ပြည့်စုံတဲ့ထဲမှာ မပါ၊ ပိုက်ဆံရှိတဲ့ထဲမှာလည်း မပါဘူး၊ အဖေဆို လေဖြတ် နေတယ်။ အဲ့တော့ ညီမရတဲ့ လစာလေးက ဒါကအမေ့အတွက်၊ ဒါကအဖေ့အတွက်၊ ဒါကကျတော့ ညီမအတွက်ဆိုပြီး ခွဲပြီးတော့
သူတို့ကိုပို့ပေး လေ့ရှိတယ်။ အဲ့တော့ အဖေအမေတို့က နားလည်တယ် သြော် ငါတို့သမီးလေးက ငါတို့အတွက် အလုပ်လုပ်နေတာပဲ ဆိုတဲ့ ခံစားချက်နဲ့ ကောင်းကောင်းကြီးကို လက်ခံထားပါတယ်။
အမေက ဘန်ကောက်မှာ အဖေကတော့ ဒီမြန်မာပြည်မှာပါပဲ။ ညီမရဲ့အမေနဲ့ အဖေက ညီမ၃လ သမီးထဲက ကွဲကြတာ၊ ညီမတို့မှာ မောင်နှမ ၄ယောက်ရှိတာ။ အဖေက ညီမကို အရမ်းချစ်တယ် အငယ်ဆုံးသမီးလေးဆိုတော့
ညီမကို မပေးလိုက်ချင်ဘူး အဲ့လိုဖြစ်တော့ အမေက ဘန်ကောက်တက်သွားတဲ့ အချိန်မှာ အစ်မတွေ အစ်ကိုတွေ အကုန်လုံးကို ခေါ်သွားတယ်။ညီမကကျ အဖေ့နဲ့ နေခဲ့တာ။ ညီမအဖေက စီးပွားရေးလည်း လုပ်တယ်၊
ညီမကိုလည်း ပြုစုစောင့်ရှောက်တယ်ပေါ့။ ဒါပေမယ့် အဲ့လိုကျတော့လည်း ကာလရှည်ကြာ မနိုင်ဘူးပေါ့နော်။ ညီမဒုတိယတန်း ၂တန်းလောက်မှာပေါ့ အဖေက နောက်အိမ်ထောင်ပြုတယ်။
နောက်အိမ်ထောင် ပြုတယ်ဆိုတာကလည်း ညီမအတွက်ပဲ သူ ပြုပေးခဲ့တာပါ။ အဲ့မိန်းမကြီး မိထွေးပေါ့နော် သူ့မှာလည်း သားသမီး၄ယောက် ရှိမှန်းလည်း အဖေ မသိခဲ့ဘူး၊ ယူပြီးမှ သိခဲ့ရတာပေါ့နော်။
အစတုန်းကတော့ လူဆိုတာ အစပိုင်းတော့ ကောင်းကြတာချည့်ပဲ ဆိုသလိုပေါ့ နောက်ပိုင်းကျမှ သူ့အကြောင်း သိသိသွားရတာမျိုးလေ။ အဖေက အလုပ်အရမ်း ကြိုးစားတာ အရ က်ကွမ်းဟာ
ဆေးလိ ပ်ဘာတစ်ခုမှ သူ မလုပ်ဘူး။ညီမ၅တန်း အရွယ်လောက်မှာပေါ့ အဲ့မိထွေးက သူ့မှာသားသမီးတွေ ရှိတော့ ပိုင်ဆိုင်မှုတွေ သူ့သားသမီးတွေအတွက် သူက လိုချင်တာ။ လိုချင်တော့
ထမင်းအိုးထဲမှာ အ ဆိ-ပ်ခတ်ပြီးတော့ အဖေ့ကို သ တ်တာ။ ညီမ ကျောင်းက ပြန်လာတဲ့အချိန်မှာ အဖေက လုံးဝကို အိပ်ယာထဲမှာ လဲပြီးတော့ ပါးစပ် ထဲမှာလေ အမြှု ပ်တွေ ထွက်ပြီးတော့ လဲနေတာ။
ညီမမှာ အဖေ့ကို ကြည့်ပြီးတော့ ဘယ်သူ့ကို အကူအညီ တောင်းလို့ တောင်းရမယ် မသိဘူး အဲ့လိုမျိုးဆိုတော့ ညီမမှာလေ စက်ဘီးလေးတစ်စီးနဲ့ သမီးအဖေကို ကယ်ပါအုံး၊သမီး အဖေကို ဆေးရုံပို့ပေးပါ ဆိုပြီးတော့ ခေါ်ရတာ။
အဖေ့ကို ဆေးကုပေးတော့ ဆေးရုံက ဘာပြောလဲဆိုတော့ သမီးတဲ့ သမီးအဖေ အရမ်းကံကောင်းတယ်နော်တဲ့ သမီးအဖေရဲ့အသက်က နောက်ထပ် ၅မိနစ်လောက်ဆိုရင် ဆုံးသွားမှာတဲ့။ အဲ့အချိန်တုန်းကဆိုရင်
ညီမထင်တယ် တော်တော်လေးကို ငယ်သေးတယ် ၁၁နှစ်လောက်ပဲ ရှိအုံးမယ်။ အဲ့အချိန်တုန်းက ဆိုရင်လေ စဉ်းစားကြည့်လိုက် ဒီကောင်မလေးက လောကကြီးမှာ အဖေပဲ ရှိတာ၊ အပေါင်းအသင်းလည်း မရှိဘူး။
အမေလည်း မရှိဘူး ညီအစ်ကို မောင်နှမလည်း မရှိဘူး။ အဖေအဲ့လို ဖြစ်သွားတဲ့အချိန်မှာ ညီမဘယ်လို ခံစားရမလဲဆိုတာ ခံစားကြည့်ကြည့်ပါ။ အဲ့ဒီလိုအချိန်မှာ မိထွေးက ညီမအဖေကို
ဆေးကုပေးချင်တယ် ဆိုရင် ညီမအဖေက ညီမကို ဆင်ပေးထားတဲ့ ရွှေတွေကော နားကပ်တွေကော ပိုင်ဆိုင်မှုတွေ အကုန် သူ့ကို လွှဲခိုင်းတာ။ ညီမ ငါးတန် စာမေးပွဲ ဖြေနေတဲ့အချိန်မှာလည်း ညီမကိုလာပြောတယ်၊
နင် နင့်အဖေအသက်ရှင်စေချင်လား ရှင်စေချင်တယ်ဆိုရင် ကျောင်းထွက်ပြီး အလုပ်သွားလုပ်တဲ့။ ကျောင်းထွက်ပြီးတော့ အလုပ်သွားလုပ် ဆိုတော့ ညီမကိုဘယ်မှာ အလုပ်လုပ်ခိုင်းလဲဆိုတော့ ငါးရုံမှာ အလုပ် လုပ်ခိုင်းတာ။
ကလေးလေးလေ ၁၁နှစ်ပဲ ရှိသေးတယ် ငါးရုံမှာအလုပ်လုပ်တော့ ငါးစူးတယ်လေ ငါးအစူးတောင်တွေ လက်ထဲကို တစ်ချောင်းလုံး ဝင်သွားတာ၊ အဲ့ဒါနဲ့ အဲ့အလုပ်ရုံက ဉီးလေးက သမီးတဲ့
ဒီအလုပ်က သမီးနဲ့ အဆင်မပြေဘူးတဲ့ လုပ်လို့မရဘူးတဲ့ အဲ့တော့အိမ်နောက်ဖေးမှာ ငါးတွေ ငါးခြောက်တွေ လှမ်းတော့ ခွေးတွေ လာစားမှာစိုးလို့ ကြည့်ခိုင်းတယ်။ အဲ့လိုလုပ်တော့လည်း ကောင်မလေးက
သေးသေးလေးဆိုတော့ အဆင်မပြေဘူးဆိုပြီး ငါးရုံက ညီမကို အလုပ်ထုတ်ပစ်တယ်။ နောက်တစ်ခေါက်ကျတော့ မိထွေးက စားသောက်ဆိုင်အရ က်ဆိုင်မှာ အလုပ် သွားထည့်ပေးတယ်။ ဒီအကြောင်းပြောလို့ချင်ရင်လေ
ငယ်ငယ်တုန်းကဆို အရမ်း ငိုတာ။ ဒါပေမယ့် အခုမငိုတော့ဘူး။ အခုချိန်မှာ ဒီလိုဖြစ်လာတာ ငယ်ငယ်တုန်းက အဲ့ဒါတွေ အဲ့လောက်ထိ ခံနိုင်ရည်ရှိခဲ့လို့ပေါ့နော်။ အဲ့လိုဖြစ်စဉ်တွေ ရှိခဲ့လို့ပဲ
ခုလိုရပ်တည် နိုင်တယ်လို့ပဲ မြင်တယ်။စားသောက်ဆိုင်မှာ လုပ်တော့လည်း သူက ညီမ အလုပ်လုပ်တဲ့ ပိုက်ဆံတွေ လကုန်ရမယ့်ပိုက်ဆံတွေကို ကြိုကြိုယူတာ။
စားသောက်ဆိုင်မှာလေ ပန်းကန်တွေ ဆေးရတော့ ဆေးရင်းနဲ့ငိုတာ ငါ့ကို မွေးပြီးတော့ ဘာလို့ တာဝန်မယူကြတာလဲ မသိဘူးဆိုပြီး။ ညီမအိပ်ယာဝင်တဲ့ အချိန်ဆိုရင်လည်း စာလေးတွေ ရေးရေးထားတယ်၊
အမေကို့ သတိရတယ် ဘာညာပေါ့နော် ဒါပေမယ့် အဲ့ဒီစာတွေက ဘယ်သူ့ကို ပို့ရမလဲ မသိဘူး။ ခေါင်းအုံးလေးအောက်မှာ သိမ်းထားတယ်၊ ညီမမှာ သေတ္တာလေး ရှိတော့ သေတ္တာလေးထဲမှာ သိမ်းထားတယ်။
နောက်ပိုင်းကျတော့ အမေနဲ့ အဆက်အသွယ် ရတော့လည်း၊ အမေက ဆက်သွယ်လာတော့လည်း အမေ့တွေ့ရတော့လည်း ပုံမှန်ပါပဲ သူနဲ့ ငယ်ငယ်ထဲက နေခဲ့ရတာ မဟုတ်ဘူးလေ။ သူ့မှာအကြီးမရယ်
အစ်ကိုတို့ဘာတို့ ရှိတော့လေ။ အခုချိန်ထိပါပဲ တလောကလုံးမှာ သူစိမ်းသက်သက် တစ်ယောက်ထဲ ရှိနေရတယ်လို့ ခံစားရတယ်” ဆိုပြီး သူမရဲ့ဘဝ ရင်နာစရာ အတိတ် အပိုင်းအစ အကြောင်း တချို့ကို
ဖွင့်ဟပြောပြ လာခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရေ တချို့သောသူတွေရဲ့ တချို့သောဘဝတွေက မထင်မှတ်ထားလောက်အောင်ကို ခါးသီးလွန်း လှပါတယ်နော်။ ဘာမှ မသိတတ်သေးတဲ့ ငယ်ရွယ်စဥ် ဘဝလေးထဲက
အကြိမ်ကြိမ်ချိုးနှိမ်ခံခဲ့ရတဲ့ ကြားကနေ မဖြစ်ဖြစ်တဲ့နည်း ရအောင် ရှင်သန်နိုင်ဖို့ ကြိုးစားလာခဲ့ ရရှာတဲ့ ဖူးပွင့်ခိုင်ရဲ့ဘဝလေးကို သိရတဲ့အခါမှာ သူ့ရဲ့အလုပ်အပေါ်ကို အားမပေးလျှင်တောင်မှ
ဒီလောက် အခက်အခဲများစွာ ကြားထဲကနေ ရုန်းထပြီး စွန့်ခွာရက် ပစ်ထားရက်တဲ့ မိဘကို ပစ်ပယ်မထားဘဲ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရုန်းကန်ကာ ကျွေးမွေးပေးဆပ်နေရှာတဲ့ စိတ်လေးကို တွေးဆပြီး
အထင်သေးမှုများတော့ ပယ်ခွာပေးနိုင်ကြမယ် ထင်ပါတယ်နော်။ ကလေးတိုင်း၊ ကလေးတိုင်း ဖူးပွင့်ခိုင် ကြုံခဲ့ရသလို ဒုက္ခများမှ ကင်းဝေးကာ ကလေးတိုင်းရဲ့ အနာဂတ်တွေ ထွန်းပြောင်တောက်ပ နိုင်ပါစေ၊ အနာဂတ်ပန်းလေးများ လွတ်လပ်ပွင့်လန်း နိုင်ကြပါစေသောဝ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်