
အီတလီနိုင်ငံ၊ Lake Como မြို့တွင်ကျင်းပသည့် ကမ္ဘာ့နာမည်ကျော် A’ Design Award 2022 ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဒီဇိုင်နာ မအေးငြိမ်းဖြူက
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
တတိယဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရှိရသည်။ ယင်းဆုသည် ကမ္ဘာ့ဒီဇိုင်း အနုပညာရှင်များအကြား တန်ဖိုးအထားဆုံး ဆုတစ်ခုဖြစ်ပြီး ကနေဒါနိုင်ငံတွင် နေထိုင်သည့်
မြန်မာအမျိုးသမီး မအေးငြိမ်းဖြူက ရရှိခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ကမ္ဘာ့နာမည်ကျော် ဒီဇိုင်းပညာရှင် (၂၂၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရွေးချယ်ရေးအဖွဲ့က အကဲဖြတ်ရွေးချယ်ရာတွင် “
Midnight Garden ” ဟု အမည်ပေးထားသည့် ဆွဲသီးနှင့်ရင်ထိုး နှစ်မျိုး သုံးနိုင်သော မအေးငြိမ်းဖြူ၏ ပြိုင်ပွဲဝင် ရတနာပစ္စည်းက တတိယဆုအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။ မအေးငြိမ်းဖြူသည်
စင်ကာပူနိုင်ငံ (American International School) တွင် (12 Grade) အထိ ပညာသင်ခဲ့ပြီး ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ ရှိ OCAD University မှ Jewellery Design ဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်သည်ဟု
၎င်းနှင့် နီးစပ်သူများက လူမှုကွန်ရက်စာမျက်နှာတွင် ရေးတင်ဂုဏ်ပြုထားကြသည်။ လက်ရှိတွင် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့တွင် MONDSELLE နာမည်ဖြင့် လက်ဝတ်ရတနာများကို
ဖန်တီးရောင်းချလျက်ရှိသည်ဟု ဆိုသည်။ မအေးငြိမ်းဖြူနှင့် ပတ်သက်၍ နာမည်ကြီး သတင်းဌာနများဖြစ်သည့် ဘီဘီစီအပါအဝင် ကနေဒါရှိ သတင်းစာနှင့် မဂ္ဂဇင်းများကလည်း
ဖော်ပြချီးကျူးဂုဏ်ပြုခဲ့ကြသည်ဟုလည်း သိရသည်။ မအေးငြိမ်းဖြူ၏ နာမည်ကို မြန်မာနိုင်ငံရှိပြည်သူများ ရင်းနှီးခဲ့ကြသည်မှာ လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ အစောပိုင်းတွင် ဖြစ်သည်ဟု ဆိုနိုင်သည်။
၎င်းဖန်တီးထားသည့် လည်ဆွဲတစ်ခုကို မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝတ်ဆင်ခဲ့ရာမှ လူသိများထင်ရှားခဲ့သည်။
ယင်းလည်ဆွဲကို မအေးငြိမ်းဖြူအနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ချစ်စဖွယ်မျက်နှာလေးများဖြင့် ဖန်တီးပုံဖော်ခဲ့ခြင်းဖြစ်သည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
အီတလီနိုင္ငံ၊ Lake Como ၿမိဳ႕တြင္က်င္းပသည့္ ကမာၻ႔နာမည္ေက်ာ္ A’ Design Award 2022 ၿပိဳင္ပြဲတြင္ ျမန္မာအမ်ိဳးသမီး ဒီဇိုင္နာ မေအးၿငိမ္းျဖဴက
တတိယဆု ဆြတ္ခူးနိုင္ခဲ့ေၾကာင္း သိရွိရသည္။ ယင္းဆုသည္ ကမာၻ႔ဒီဇိုင္း အႏုပညာရွင္မ်ားအၾကား တန္ဖိုးအထားဆုံး ဆုတစ္ခုျဖစ္ၿပီး ကေနဒါနိုင္ငံတြင္ ေနထိုင္သည့္
ျမန္မာအမ်ိဳးသမီး မေအးၿငိမ္းျဖဴက ရရွိခဲ့ျခင္းျဖစ္သည္။ ၿပိဳင္ပြဲတြင္ ကမာၻ႔နာမည္ေက်ာ္ ဒီဇိုင္းပညာရွင္ (၂၂၇) ဦး ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ဆုေ႐ြးခ်ယ္ေရးအဖြဲ႕က အကဲျဖတ္ေ႐ြးခ်ယ္ရာတြင္ “
Midnight Garden ” ဟု အမည္ေပးထားသည့္ ဆြဲသီးႏွင့္ရင္ထိုး ႏွစ္မ်ိဳး သုံးနိုင္ေသာ မေအးၿငိမ္းျဖဴ၏ ၿပိဳင္ပြဲဝင္ ရတနာပစၥည္းက တတိယဆုအျဖစ္ သတ္မွတ္ခံခဲ့ရျခင္းျဖစ္သည္။ မေအးၿငိမ္းျဖဴသည္
စင္ကာပူနိုင္ငံ (American International School) တြင္ (12 Grade) အထိ ပညာသင္ခဲ့ၿပီး ကေနဒါနိုင္ငံ၊ တို႐ြန္တိုၿမိဳ႕ ရွိ OCAD University မွ Jewellery Design ျဖင့္ ဘြဲ႕ရရွိခဲ့သူျဖစ္သည္ဟု
၎ႏွင့္ နီးစပ္သူမ်ားက လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးတင္ဂုဏ္ျပဳထားၾကသည္။ လက္ရွိတြင္ ကေနဒါနိုင္ငံ၊ တို႐ြန္တိုၿမိဳ႕တြင္ MONDSELLE နာမည္ျဖင့္ လက္ဝတ္ရတနာမ်ားကို
ဖန္တီးေရာင္းခ်လ်က္ရွိသည္ဟု ဆိုသည္။ မေအးၿငိမ္းျဖဴႏွင့္ ပတ္သက္၍ နာမည္ႀကီး သတင္းဌာနမ်ားျဖစ္သည့္ ဘီဘီစီအပါအဝင္ ကေနဒါရွိ သတင္းစာႏွင့္ မဂၢဇင္းမ်ားကလည္း
ေဖာ္ျပခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကသည္ဟုလည္း သိရသည္။ မေအးၿငိမ္းျဖဴ၏ နာမည္ကို ျမန္မာနိုင္ငံရွိျပည္သူမ်ား ရင္းႏွီးခဲ့ၾကသည္မွာ လြန္ခဲ့သည့္ ၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ အေစာပိုင္းတြင္ ျဖစ္သည္ဟု ဆိုနိုင္သည္။
၎ဖန္တီးထားသည့္ လည္ဆြဲတစ္ခုကို ျမန္မာနိုင္ငံ၏ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဝတ္ဆင္ခဲ့ရာမွ လူသိမ်ားထင္ရွားခဲ့သည္။
ယင္းလည္ဆြဲကို မေအးၿငိမ္းျဖဴအေနျဖင့္ ျမန္မာနိုင္ငံရွိ တိုင္းရင္းသားလူမ်ိဳးမ်ား၏ ခ်စ္စဖြယ္မ်က္ႏွာေလးမ်ားျဖင့္ ဖန္တီးပုံေဖာ္ခဲ့ျခင္းျဖစ္သည္။ ခရက္ဒစ္
Leave a Reply