
ယခုရက်ပိုင်း အွန်လိုင်းထက်မှာ ဝေဖန်ခံနေရတဲ့ အပေါ် ပြန်လည်ဖြေရှင်း တောင်းပန်လာတဲ့ ဒါရိုက်တာရွှေလက် အောင်မင်းနှင့် အဆိုရှင် သက်မွန်ထက်“တောသူအချစ်” သီချင်းကတော့
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
တခေတ်တခါကနေ ယခုချိန်ထိ လူကြိုက်များကာ နာမည်ကြီးနေဆဲ ဖြစ်သော ချစ်စရာကောင်းလွန်းလှတဲ့ အညာကျေးလက် သီချင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ယခုလတ်တလောမှာတော့
ဒီနာမည်ကျော် တောသူအချစ်သီချင်းကို ဒါရိုက်တာ ရွှေလက်အောင်မင်းက ရိုက်ကူးပြီး တက်သစ်စ အဆိုရှင်သက်မွန်ထက်က ပြန်လည်သီဆိုပြီးသီချင်းMV တစ်ပိုင်းတစကို
ခေတ်ပေါ်အကတွေနဲ့ တွဲဖက်ပြီး ဖန်တီးသီဆိုထားတာကို အွန်လိုင်းထက်မှာ တင်လာခဲ့ရာမှ သရုပ်ပျက်သော ကဟန်တွေ သီချင်းကိုပျက်ဆီးစေသော မလိုက်ဖက်သော အမူအယာတွေ ပါဝင်နေတယ်ဆိုပြီး
ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြန်လည်သီဆိုသူ သက်မွန်ထက်၊ သူမရဲ့မိခင်နှင့် ရိုက်ကူးသော ဒါရိုက်တာတို့က ယခုလို
ပရိသတ်ပြည်သူများအား ပြန်လည် တောင်းပန် လာခဲ့ပါတယ်။ သီချင်းဗီဒီယိုလေးကို ဖန်တီးရိုက်ကူးခဲ့သော ဒါရိုက်တာဖြစ်သူ ရွှေလက်အောင်မင်း က ” ပရိသတ်တွေ အနေနဲ့ ဝေဖန်တာတွေလည်း ရှိတယ်။ ကျွန်တော်တို့က
ဒီသီချင်းတစ်ပုဒ်ကို ဖျ က်လုပ်ဖျက်ဆီး ဖြစ်သွားစေချင်တဲ့ စိတ်ဆန္ဒ လုံးဝ မရှိပါဘူး။ ဒီခေတ်နဲ့အညီရယ် သမီးလေးက ကလေးဆိုတော့ လိုက်ဖက်အောင်ပေါ့ ၊ အစ်ကိုဆရာတွေနဲ့ တိုင်ပင်ပြီးတော့ ဒီသီချင်းလေး လုပ်ခဲ့ကြတာပါ။
ကျွန်တော့်အနေနဲ့ အထူးသဖြင့် မေတ္တာရပ်ခံချင်တာကတော့ MV တစ်ပုဒ်ကို ဒီအတိုင်းကြီးပဲ အကကြီး အနေနဲ့ သွားမှာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ကလည်း အညာဒေသသား ဖြစ်တယ် ပုဂံသားလည်းဖြစ်တယ်။
ပြောချင်တာက အညာဒေသရဲ့ ကြည်နူးစရာ အညာဒေသရဲ့ယဉ်ကျေးမှုတွေကို ကောင်းကောင်း သိတယ် အဲ့လိုကောင်းကောင်းသိရဲ့သားနဲ့ ဘာဖြစ်လို ဒီသီချင်းကို ဒီလိုမျိုးတွေ
ဖန်တီးပြီးတော့ ရိုက်ရတာလဲ အကတွေကို ရိုက်ရတာလဲ ဆိုပြီး ပြန်မေးခွန်း ထုတ်စရာ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့က TikTokမှာ ဒီသီချင်းလေးကို ရေပန်းစားစေချင်တာရယ်၊
သမီးလေးအပေါ်မှာ တကယ်ကို ဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုရယ်နဲ့ စေတနာဇောတွေ များသွားတော့ မှားသွားတာပါ။ အမှားဆိုတာကတော့ လူတိုင်းနဲ့ မကင်းဘူးပေါ့ အဲ့လိုလေး မှားသွားတာပါ။ အဲ့အတွက်လည်း ကျွန်တော့ အနေနဲ့တောင်းပန်ပါတယ်
ပရိသတ်ကို မလေးမစား လုပ်တာ မဟုတ်ပါဘူး။ သမီးလေးက တော်လွန်းလို့ ဆိုတာ မဟုတ်ပါဘူး ကောင်းလွန်းလို့ ဆိုတာလည်း မဟုတ် ပါဘူး။ ရှေ့မှာ သီဆိုခဲ့တဲ့ အဆိုပညာရှင်တွေ တကယ်ကောင်းခဲ့တဲ့ အနုပညာရှင်တွေ
ဆိုထားတာ ရှိပါတယ်။ အမေတင်တင်မြင့်တို့ ဒေါ်နီနီဝင်းရွှေတို့ ဆိုခဲ့ကြတာတွေ တွေ့ရပါတယ်။ ကျွန်တော်တို့တွေ ငယ်ငယ်ထဲက ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်တယ်။ နောက်ပြီးတော့ ဒီသီချင်းလေးကို
လုပ်မယ်လို့ ရည်ရွယ်ချက် ရှိစဉ်အခါထဲကလည်း သမီးလေးအတွက်ပေါ့နော် ဒီသီချင်းလေးကို ဆိုတော့မယ် ဆိုတော့လည်း ဂီတအစည်းအရုံးကို ဆက်သွယ်၊ ဂီတအစည်းအရုံးကနေ တဆင့် ဆရာသက်ဦးရဲ့
မိသားစုတွေကို ဆက်သွယ်ပြီးတော့ကျွန်တော်တို့တွေဒါလေး ဒီလိုလေး လုပ်ချင်ပါတယ်။ ဒါလေးကိုတော့ ဒီလိုလေးအဆင်ပြေအောင် လုပ်ပေးပါအုံး ဆိုပြီးတော့ ဒီသီချင်းလေး ကို ချစ်လွန်းလို့၊ တကယ်ကို လေးစားလွန်းလို့
လုပ်ဖြစ်ခဲ့တာပါ။ ရှေ့မှာရှိတဲ့ အနုပညာရှင်တွေကို စော်ကားတာမျိုး လုံးဝ မဟုတ်ပါဘူးလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။” ဟုဆိုကာ တောင်းပန်စကား ဆိုလာခဲ့သလို တတ်သလောက် မှတ်သလောက်နဲ့
သေချာလေး ရိုက်ကူးပြီး တင်ဆက်ထားတာ ဖြစ်ကြောင်းနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ အခုလို ဝေဖန်ခံရဖို့ သက်သက် လုပ်ထားတာ မဟုတ်ဘဲ MVတစ်ပုဒ်လုံးလည်း အဲ့လိုကြီး မဟုတ်ပါဘူးဆိုကာ ပရိသတ်တွေအနေနဲ့လည်း
အမှားတွေ မြင်ခဲ့တွေ့ခဲ့ရင်လည်း သင်ကြား ထောက်ပြပေးဖို့ တောင်းဆို ပန်ကြားလာခဲ့ပါတယ်။ တောသူအချစ်သီချင်း ပြန်လည်သီဆိုသူ အဆိုရှင် သက်မွန်ထက်ကလည်း “ဆရာနဲ့ MTVရိုက်ရင်း
သမီးအနေနဲ့ သီချင်းဆိုချင် လာပါတယ်။ အဲ့တာနဲ့ ဘယ်လိုသီချင်းဆိုရင် ကောင်းမလဲ ဆရာနဲ့ တိုင်ပင် ဖြစ်တာပေါ့။ အဲ့ဒီအချိန်မှာ ဆရာက ဒီတောသူအချစ် သီချင်းလေးကို ရွေးပေးဖြစ်တာပါ။ အရင်ခေတ်တွေထဲက ဒီသီချင်းလေးက
ကျော်ကြားခဲ့တယ်ပေါ့။ သမီးနဲ့လည်း မစိမ်းဘူး သမီးငယ်ငယ်ထဲက ကျောင်းကပွဲတွေ အဲ့လိုမျိုးတွေ ဒီလိုသီချင်းမျိုးလေးနဲ့ သရုပ်ဆောင်ခဲ့ဖူးတော့ အဆင်ပြေတာပေါ့နော်။ အဲ့ဒါနဲ့ သမီး ဒီသီချင်းကို အခုခေတ်ပုံစံမျိုးလေးတွေ
အကလေးတွေနဲ့ ထွင်ပြီး လုပ်ကြည့်မိတာပါ။ သမီးဒီသီချင်းကို ဖျက်ဆီးလိုစိတ်လည်း လုံးဝ မရှိပါဘူးရှင်။ ရှေ့မှာသီဆိုခဲ့တဲ့ ဂန္တဝင်မိခင်ကြီးအမေပန်တျာဒေါ်တင်တင်မြင့်ရဲ့ ကျန်ရစ်တဲ့ မိသားစုတွေဆီမှာတော့
သမီး ခွင့်မတောင်းမိခဲ့ပါဘူး။ သမီးအဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်ရှင်။ အဲ့ဒီလိုပဲ ရှေ့က သီဆိုခဲ့တဲ့ အန်တီနီနီဝင်းရွှေတို့ဆီမှာလည်း ခွင့် မတောင်းမိခဲ့ပါဘူးရှင်၊
အဲ့ဒီ အတွက်လည်း သမီး တကယ်တောင်းပန် ပါတယ်”ဆိုပြီး တောင်းပန်စကား ပြောလာခဲ့သလို ဒီMTVလေး ထွက်လာရင် သမီးတို့ဆရာတပည့် နှစ်ယောက် အချိန်ပေးပြီး ကြိုးစားထားတာလေးတွေကို ကြည့်ပေးပါ
ဝေဖန်ပေးပါ အကဲခတ်ပေးပါ၊ သမီးရဲ့ ပရိသတ်ကြီးလည်း ကျန်းမာချမ်းသာ ကြပါစေရှင်” ဆိုပြီး တောင်းဆိုလာခဲ့ ပါတယ်နော်။သူမရဲ့မိခင်ဖြစ်သူ အငြိမ့်မင်းသမီး ချစ်စုဝေကလည်း “ကျွန်မရဲ့ သမီးလေး သက်မွန်ထက်
ကိုယ်အမူအယာ နှုတ်အမူအယာတွေ ပါခဲ့ရင်လည်း ရှိခဲ့ရင်လည်း အားလုံး ခွင့်လွှတ်ပေးကြဖို့ ကျွန်မက မေတ္တာ ရပ်ခံချင်ပါတယ်ရှင်” ဆိုပြီးဝေဖန်ခံနေရရှာတဲ့ သမီးဖြစ်သူသက်မွန်ထက် အတွက် မိခင်တစ်ယောက်အနေနဲ့
တောင်းပန်ပေး လာတာလည်းပဲ ဖြစ် ပါတယ်နော်။ ဒီသီချင်းဗီဒီယိုလေးနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေရဲ့ အမြင်ကိုလည်း ပြောဆိုပေးခဲ့ကြပါအုံး။ ပရိသတ်တို့ရဲ့ အမြင်မှတ်ချက်လေးများကို
ပြောကြားနိုင်စေရန်အတွက် သက်မွန်ထက်သီဆို ထားတဲ့ တောသူအချစ်MV ရုပ်သံဖိုင်လေးကို အောက်ဆုံးမှာ ထည့်သွင်း ဖော်ပြပေးထားပါတယ်နော် ဝေဖန်မှတ်ချက်လေးတွေ ပေးခဲ်ကြပါအုံးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ယခုရက္ပိုင္း အြန္လိုင္းထက္မွာ ေဝဖန္ခံေနရတဲ့ အေပၚ ျပန္လည္ေျဖရွင္း ေတာင္းပန္လာတဲ့ ဒါရိုက္တာေ႐ႊလက္ ေအာင္မင္းႏွင့္ အဆိုရွင္ သက္မြန္ထက္“ေတာသူအခ်စ္” သီခ်င္းကေတာ့
တေခတ္တခါကေန ယခုခ်ိန္ထိ လူႀကိဳက္မ်ားကာ နာမည္ႀကီးေနဆဲ ျဖစ္ေသာ ခ်စ္စရာေကာင္းလြန္းလွတဲ့ အညာေက်းလက္ သီခ်င္းေလးတစ္ပုဒ္ ျဖစ္ပါတယ္။ ယခုလတ္တေလာမွာေတာ့
ဒီနာမည္ေက်ာ္ ေတာသူအခ်စ္သီခ်င္းကို ဒါရိုက္တာ ေ႐ႊလက္ေအာင္မင္းက ရိုက္ကူးၿပီး တက္သစ္စ အဆိုရွင္သက္မြန္ထက္က ျပန္လည္သီဆိုၿပီးသီခ်င္းMV တစ္ပိုင္းတစကို
ေခတ္ေပၚအကေတြနဲ႕ တြဲဖက္ၿပီး ဖန္တီးသီဆိုထားတာကို အြန္လိုင္းထက္မွာ တင္လာခဲ့ရာမွ သ႐ုပ္ပ်က္ေသာ ကဟန္ေတြ သီခ်င္းကိုပ်က္ဆီးေစေသာ မလိုက္ဖက္ေသာ အမူအယာေတြ ပါဝင္ေနတယ္ဆိုၿပီး
ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြ ျမင့္တက္ေနတာလည္း ျဖစ္ပါတယ္။ ဒီကိစၥနဲ႕ ပတ္သက္ၿပီးေတာ့ ျပန္လည္သီဆိုသူ သက္မြန္ထက္၊ သူမရဲ႕မိခင္ႏွင့္ ရိုက္ကူးေသာ ဒါရိုက္တာတို႔က ယခုလို
ပရိသတ္ျပည္သူမ်ားအား ျပန္လည္ ေတာင္းပန္ လာခဲ့ပါတယ္။ သီခ်င္းဗီဒီယိုေလးကို ဖန္တီးရိုက္ကူးခဲ့ေသာ ဒါရိုက္တာျဖစ္သူ ေ႐ႊလက္ေအာင္မင္း က ” ပရိသတ္ေတြ အေနနဲ႕ ေဝဖန္တာေတြလည္း ရွိတယ္။ ကြၽန္ေတာ္တို႔က
ဒီသီခ်င္းတစ္ပုဒ္ကို ဖ် က္လုပ္ဖ်က္ဆီး ျဖစ္သြားေစခ်င္တဲ့ စိတ္ဆႏၵ လုံးဝ မရွိပါဘူး။ ဒီေခတ္နဲ႕အညီရယ္ သမီးေလးက ကေလးဆိုေတာ့ လိုက္ဖက္ေအာင္ေပါ့ ၊ အစ္ကိုဆရာေတြနဲ႕ တိုင္ပင္ၿပီးေတာ့ ဒီသီခ်င္းေလး လုပ္ခဲ့ၾကတာပါ။
ကြၽန္ေတာ့္အေနနဲ႕ အထူးသျဖင့္ ေမတၱာရပ္ခံခ်င္တာကေတာ့ MV တစ္ပုဒ္ကို ဒီအတိုင္းႀကီးပဲ အကႀကီး အေနနဲ႕ သြားမွာ မဟုတ္ပါဘူး။ ကိုယ္ကိုယ္တိုင္ကလည္း အညာေဒသသား ျဖစ္တယ္ ပုဂံသားလည္းျဖစ္တယ္။
ေျပာခ်င္တာက အညာေဒသရဲ႕ ၾကည္ႏူးစရာ အညာေဒသရဲ႕ယဥ္ေက်းမႈေတြကို ေကာင္းေကာင္း သိတယ္ အဲ့လိုေကာင္းေကာင္းသိရဲ႕သားနဲ႕ ဘာျဖစ္လို ဒီသီခ်င္းကို ဒီလိုမ်ိဳးေတြ
ဖန္တီးၿပီးေတာ့ ရိုက္ရတာလဲ အကေတြကို ရိုက္ရတာလဲ ဆိုၿပီး ျပန္ေမးခြန္း ထုတ္စရာ ရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္အေနနဲ႕က TikTokမွာ ဒီသီခ်င္းေလးကို ေရပန္းစားေစခ်င္တာရယ္၊
သမီးေလးအေပၚမွာ တကယ္ကို ျဖစ္ေစခ်င္တဲ့ ဆႏၵတစ္ခုရယ္နဲ႕ ေစတနာေဇာေတြ မ်ားသြားေတာ့ မွားသြားတာပါ။ အမွားဆိုတာကေတာ့ လူတိုင္းနဲ႕ မကင္းဘူးေပါ့ အဲ့လိုေလး မွားသြားတာပါ။ အဲ့အတြက္လည္း ကြၽန္ေတာ့ အေနနဲ႕ေတာင္းပန္ပါတယ္
ပရိသတ္ကို မေလးမစား လုပ္တာ မဟုတ္ပါဘူး။ သမီးေလးက ေတာ္လြန္းလို႔ ဆိုတာ မဟုတ္ပါဘူး ေကာင္းလြန္းလို႔ ဆိုတာလည္း မဟုတ္ ပါဘူး။ ေရွ႕မွာ သီဆိုခဲ့တဲ့ အဆိုပညာရွင္ေတြ တကယ္ေကာင္းခဲ့တဲ့ အႏုပညာရွင္ေတြ
ဆိုထားတာ ရွိပါတယ္။ အေမတင္တင္ျမင့္တို႔ ေဒၚနီနီဝင္းေ႐ႊတို႔ ဆိုခဲ့ၾကတာေတြ ေတြ႕ရပါတယ္။ ကြၽန္ေတာ္တို႔ေတြ ငယ္ငယ္ထဲက ႀကိဳက္ခဲ့တဲ့ သီခ်င္းတစ္ပုဒ္လည္း ျဖစ္တယ္။ ေနာက္ၿပီးေတာ့ ဒီသီခ်င္းေလးကို
လုပ္မယ္လို႔ ရည္႐ြယ္ခ်က္ ရွိစဥ္အခါထဲကလည္း သမီးေလးအတြက္ေပါ့ေနာ္ ဒီသီခ်င္းေလးကို ဆိုေတာ့မယ္ ဆိုေတာ့လည္း ဂီတအစည္းအ႐ုံးကို ဆက္သြယ္၊ ဂီတအစည္းအ႐ုံးကေန တဆင့္ ဆရာသက္ဦးရဲ႕
မိသားစုေတြကို ဆက္သြယ္ၿပီးေတာ့ကြၽန္ေတာ္တို႔ေတြဒါေလး ဒီလိုေလး လုပ္ခ်င္ပါတယ္။ ဒါေလးကိုေတာ့ ဒီလိုေလးအဆင္ေျပေအာင္ လုပ္ေပးပါအုံး ဆိုၿပီးေတာ့ ဒီသီခ်င္းေလး ကို ခ်စ္လြန္းလို႔၊ တကယ္ကို ေလးစားလြန္းလို႔
လုပ္ျဖစ္ခဲ့တာပါ။ ေရွ႕မွာရွိတဲ့ အႏုပညာရွင္ေတြကို ေစာ္ကားတာမ်ိဳး လုံးဝ မဟုတ္ပါဘူးလို႔ က်ေနာ့္အေနနဲ႕ ေျပာခ်င္ပါတယ္။” ဟုဆိုကာ ေတာင္းပန္စကား ဆိုလာခဲ့သလို တတ္သေလာက္ မွတ္သေလာက္နဲ႕
ေသခ်ာေလး ရိုက္ကူးၿပီး တင္ဆက္ထားတာ ျဖစ္ေၾကာင္းနဲ႕ ဆိုရွယ္မီဒီယာေပၚမွာ အခုလို ေဝဖန္ခံရဖို႔ သက္သက္ လုပ္ထားတာ မဟုတ္ဘဲ MVတစ္ပုဒ္လုံးလည္း အဲ့လိုႀကီး မဟုတ္ပါဘူးဆိုကာ ပရိသတ္ေတြအေနနဲ႕လည္း
အမွားေတြ ျမင္ခဲ့ေတြ႕ခဲ့ရင္လည္း သင္ၾကား ေထာက္ျပေပးဖို႔ ေတာင္းဆို ပန္ၾကားလာခဲ့ပါတယ္။ ေတာသူအခ်စ္သီခ်င္း ျပန္လည္သီဆိုသူ အဆိုရွင္ သက္မြန္ထက္ကလည္း “ဆရာနဲ႕ MTVရိုက္ရင္း
သမီးအေနနဲ႕ သီခ်င္းဆိုခ်င္ လာပါတယ္။ အဲ့တာနဲ႕ ဘယ္လိုသီခ်င္းဆိုရင္ ေကာင္းမလဲ ဆရာနဲ႕ တိုင္ပင္ ျဖစ္တာေပါ့။ အဲ့ဒီအခ်ိန္မွာ ဆရာက ဒီေတာသူအခ်စ္ သီခ်င္းေလးကို ေ႐ြးေပးျဖစ္တာပါ။ အရင္ေခတ္ေတြထဲက ဒီသီခ်င္းေလးက
ေက်ာ္ၾကားခဲ့တယ္ေပါ့။ သမီးနဲ႕လည္း မစိမ္းဘူး သမီးငယ္ငယ္ထဲက ေက်ာင္းကပြဲေတြ အဲ့လိုမ်ိဳးေတြ ဒီလိုသီခ်င္းမ်ိဳးေလးနဲ႕ သ႐ုပ္ေဆာင္ခဲ့ဖူးေတာ့ အဆင္ေျပတာေပါ့ေနာ္။ အဲ့ဒါနဲ႕ သမီး ဒီသီခ်င္းကို အခုေခတ္ပုံစံမ်ိဳးေလးေတြ
အကေလးေတြနဲ႕ ထြင္ၿပီး လုပ္ၾကည့္မိတာပါ။ သမီးဒီသီခ်င္းကို ဖ်က္ဆီးလိုစိတ္လည္း လုံးဝ မရွိပါဘူးရွင္။ ေရွ႕မွာသီဆိုခဲ့တဲ့ ဂႏၲဝင္မိခင္ႀကီးအေမပန္တ်ာေဒၚတင္တင္ျမင့္ရဲ႕ က်န္ရစ္တဲ့ မိသားစုေတြဆီမွာေတာ့
သမီး ခြင့္မေတာင္းမိခဲ့ပါဘူး။ သမီးအဲ့အတြက္ အႏူးအၫြတ္ ေတာင္းပန္ပါတယ္ရွင္။ အဲ့ဒီလိုပဲ ေရွ႕က သီဆိုခဲ့တဲ့ အန္တီနီနီဝင္းေ႐ႊတို႔ဆီမွာလည္း ခြင့္ မေတာင္းမိခဲ့ပါဘူးရွင္၊
အဲ့ဒီ အတြက္လည္း သမီး တကယ္ေတာင္းပန္ ပါတယ္”ဆိုၿပီး ေတာင္းပန္စကား ေျပာလာခဲ့သလို ဒီMTVေလး ထြက္လာရင္ သမီးတို႔ဆရာတပည့္ ႏွစ္ေယာက္ အခ်ိန္ေပးၿပီး ႀကိဳးစားထားတာေလးေတြကို ၾကည့္ေပးပါ
ေဝဖန္ေပးပါ အကဲခတ္ေပးပါ၊ သမီးရဲ႕ ပရိသတ္ႀကီးလည္း က်န္းမာခ်မ္းသာ ၾကပါေစရွင္” ဆိုၿပီး ေတာင္းဆိုလာခဲ့ ပါတယ္ေနာ္။သူမရဲ႕မိခင္ျဖစ္သူ အၿငိမ့္မင္းသမီး ခ်စ္စုေဝကလည္း “ကြၽန္မရဲ႕ သမီးေလး သက္မြန္ထက္
ကိုယ္အမူအယာ ႏႈတ္အမူအယာေတြ ပါခဲ့ရင္လည္း ရွိခဲ့ရင္လည္း အားလုံး ခြင့္လႊတ္ေပးၾကဖို႔ ကြၽန္မက ေမတၱာ ရပ္ခံခ်င္ပါတယ္ရွင္” ဆိုၿပီးေဝဖန္ခံေနရရွာတဲ့ သမီးျဖစ္သူသက္မြန္ထက္ အတြက္ မိခင္တစ္ေယာက္အေနနဲ႕
ေတာင္းပန္ေပး လာတာလည္းပဲ ျဖစ္ ပါတယ္ေနာ္။ ဒီသီခ်င္းဗီဒီယိုေလးနဲ႕ ပတ္သက္ၿပီးေတာ့ ပရိသတ္ေတြရဲ႕ အျမင္ကိုလည္း ေျပာဆိုေပးခဲ့ၾကပါအုံး။ ပရိသတ္တို႔ရဲ႕ အျမင္မွတ္ခ်က္ေလးမ်ားကို
ေျပာၾကားနိုင္ေစရန္အတြက္ သက္မြန္ထက္သီဆို ထားတဲ့ ေတာသူအခ်စ္MV ႐ုပ္သံဖိုင္ေလးကို ေအာက္ဆုံးမွာ ထည့္သြင္း ေဖာ္ျပေပးထားပါတယ္ေနာ္ ေဝဖန္မွတ္ခ်က္ေလးေတြ ေပးခဲ္ၾကပါအုံးေနာ္။ ခရက္ဒစ္
Leave a Reply