မမွေးခင်ကတည်းက ကံကောင်းမှုတွေနဲ့ကြုံတွေ့နေရတဲ့ ဗိုက်ထဲက လက်ကီးဘေဘီလေးအကြောင်း ပြောပြလာတဲ့ ဗီဗာဟိန်း
ပရိသတ်ကြီးရေ ဗီဗာဟိန်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ဗီဗာဟိန်းရဲ့ သီချင်းတွေကတော့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
တစ်ခေတ်တစ်ခါက နေရာတိုင်းမှာကြားရတဲ့ အထိကိုအောင်မြင်ခဲ့တဲ့ သီချင်းတွေဖြစ်ခဲ့ပြီး အခုချိန်ထိလည်း အောင်မြင်မှုတွေရရှိနေခဲ့ပါသေးတယ်။ဗီဗာဟိန်းကတော့
လက်ရှိမှာ အိမ်ထောင်သည်ဘဝကို ရောက်ရှိနေပြီး ပထမဆုံးကိုယ်ဝန်လေးကိုလည်း လွယ်ထားရပြီပဲဖြစ်ပါတယ်။မကြာခင်မှာ သားလေးကိုမွေးဖွားတော့မယ့် ဗီဗာဟိန်းဟာ သားလေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူရင်း
ကံကောင်းမှုတွေနဲ့သာ ဆက်တိုက်ကြုံတွေ့နေရကြောင်းပြောပြလာပါတယ်။ ဗီဗာဟိန်းက “ဒီနေ့သားလေးအတွက်လိုအပ်တာလေးတွေသွားဝယ်တာမဲနှိုက်တာ မဲပြန်ပေါက်လို့ ၃၇၀၀၀ ရတယ် ဟီးဟီး
ယောက်ျားက သူမဲနှိုက်တာသားရေပေါက်ရင်မင်းအတွက်ဆိုပြီးနှိုက်တာပေါက်သွားတယ်တခါမှမပေါက်ဖူးတော့ပျော်လိုက်တာသားလေးကလပ်ကီး ဘေဘီလေး” ဆိုပြီး
သားလေးနဲ့ ပတ်သက်တဲ့ ကံကောင်းမှုကိုပြောပြလာခဲ့ပါတယ်။ ဗီဗာဟိန်းလေးကတော့ သားလေးကိုမမွေးဖွားခင်ကတည်းက ကံကောင်းမှုတွေနဲ့ တစ်ခုပြီးတစ်ခုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။
သားလေးကတော့ လာခြင်းကောင်းတဲ့သားလေးတစ်ယောက်အဖြစ် ဖေဖေ၊ မေမေတို့က အချစ်ပိုနေရတာပဲဖြစ်ပါတယ်။မမွေးခင်ကတည်းကကံကောင်းမှုတွေရရှိနေတဲ့ ကလေးလေး မွေးပြီးရင်လည်း ဒီထက်မကသောကံကောင်းမှုတွေနဲ့ကြုံတွေ့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*