အကြမ်းဖက်စစ်ကောင်စီမှ စားအုန်းဆီတစ်ပိဿာ ကျပ် ၃၇၀၀ သတ်မှတ်ထားသော်လည်း ပြင်ပတွင် ကျပ် ၁၀,၀၀၀ ကျော်ဖြင့် ဝယ်ယူနေရ

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း တစ်ပိဿာလျှင် ၃၇၀၀ ကျပ် သတ်မှတ်ထားပြီး ဈေးနှုန်း မြှင့်တင်ရောင်းချပါက အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

ကူးသန်းရောင်းဝယ် ဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထား ခြင်းဖြစ်သည်။ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင်

စျေးကွက်နှင့်စျေးနှုန်းဖြစ်ပေါ်မှုများအရ ရန်ကုန် အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၃၇၀၀ ကျပ် သတ်မှတ် ထားခြင်းဖြစ်သည်ဟု ဆိုသည်။“ ပြည်တွင်းစျေးကွက်အတွင်း

စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေး ယူမည်” ဟု

စကစ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အပြင်မှာတော့ စားအုန်းဆီတစ်ပိဿာ ၁၀၈၀၀ ကျပ် ပေးဝယ်နေရတယ်။ သူတို့ပြောတဲ့ ၃၇၀၀ ကျပ်နဲ့ ရောင်းချပေးတဲ့ဆိုင်ရှိရင် ပီပါလိုက်ကိုဝယ်ထားချင်တယ်။

အပြင်မှာဘယ်မှာမှမရဘူး။ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ရပ်ကွက်ထဲ ၃၇၀၀ ကျပ်နဲ့ရောင်းချပေးတာတွေရှိတယ်။ ဒါပေမယ့် တန်းစီ ပြီး ခွဲတမ်းနဲ့ပဲ ရောင်းပေးတာ။ ဆီက အလေးချိန်မပြည့်တဲ့အပြင်

အရည်အသွေးလည်းညံ့တယ်” ဟု လှိုင် မြို့နယ်မှပြည်သူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ကုန်သည်များနှင့် စက်မှုလုပ်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့်

မြန်မာနိုင်ငံဆန်စပါးအသင်းတို့ပူးပေါင်းကာ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်များအထိ စာအုန်းဆီ တပိဿာလျှင် ၃၇၀၀ ကျပ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။ စားအုန်းဆီအပြင်

ပဲဆီ၊ နေကြာဆီနှင့် ဟင်းသီး ဟင်း ရွက်ဆီတို့မှာလည်း ဈေးနှုန်းများမြင့်တက်နေပြီး အချို့သောဒေသများတွင် စားသုံးဆီပြတ်လပ်မှုများနှင့်ကြုံတွေ့နေရပြီး လိုအပ်သည့်အရေအတွက်ဝယ်ယူ၍မရကြောင်း စုံစမ်းသိရသည်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

စားအုန္းဆီ အေျခခံလက္ကားရည္ၫႊန္းေစ်းႏႈန္း တစ္ပိႆာလွ်င္ ၃၇၀၀ က်ပ္ သတ္မွတ္ထားၿပီး ေဈးႏႈန္း ျမႇင့္တင္ေရာင္းခ်ပါက အေရးယူမည္ဟု စစ္ေကာင္စီလက္ေအာက္ခံ စီးပြားေရးႏွင့္

ကူးသန္းေရာင္းဝယ္ ဝန္ႀကီးဌာန၊ စားသုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီမွ ထုတ္ျပန္ထား ျခင္းျဖစ္သည္။ ကမာၻ႔စားအုန္းဆီ ထုတ္လုပ္တင္ပို႔သည့္နိုင္ငံမ်ားတြင္

ေစ်းကြက္ႏွင့္ေစ်းႏႈန္းျဖစ္ေပၚမႈမ်ားအရ ရန္ကုန္ အထိုင္ေစ်း အေျခခံလက္ကားရည္ၫႊန္းေစ်းႏႈန္းမွာ စားအုန္းဆီတစ္ပိႆာလွ်င္ ၃၇၀၀ က်ပ္ သတ္မွတ္ ထားျခင္းျဖစ္သည္ဟု ဆိုသည္။“ ျပည္တြင္းေစ်းကြက္အတြင္း

ေစ်းႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း၊ ေစ်းကစားရန္ ရည္႐ြယ္ခ်က္ျဖင့္ သိုေလွာင္ ျခင္းႏွင့္ မသမာသည့္ လုပ္ေဆာင္မႈမ်ားျပဳလုပ္ပါက အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒအရ အေရး ယူမည္” ဟု

စကစ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ “အျပင္မွာေတာ့ စားအုန္းဆီတစ္ပိႆာ ၁၀၈၀၀ က်ပ္ ေပးဝယ္ေနရတယ္။ သူတို႔ေျပာတဲ့ ၃၇၀၀ က်ပ္နဲ႕ ေရာင္းခ်ေပးတဲ့ဆိုင္ရွိရင္ ပီပါလိုက္ကိုဝယ္ထားခ်င္တယ္။

အျပင္မွာဘယ္မွာမွမရဘူး။ ဆီကုန္သည္နဲ႕ ဆီလုပ္ငန္းရွင္မ်ားအသင္းက ရပ္ကြက္ထဲ ၃၇၀၀ က်ပ္နဲ႕ေရာင္းခ်ေပးတာေတြရွိတယ္။ ဒါေပမယ့္ တန္းစီ ၿပီး ခြဲတမ္းနဲ႕ပဲ ေရာင္းေပးတာ။ ဆီက အေလးခ်ိန္မျပည့္တဲ့အျပင္

အရည္အေသြးလည္းညံ့တယ္” ဟု လွိုင္ ၿမိဳ႕နယ္မွျပည္သူတစ္ဦးက မဇၩိမသို႔ ေျပာသည္။ ျမန္မာနိုင္ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းမွ ကုန္သည္မ်ားႏွင့္ စက္မႈလုပ္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ႏွင့္

ျမန္မာနိုင္ငံဆန္စပါးအသင္းတို႔ပူးေပါင္းကာ ရန္ကုန္ၿမိဳ႕အတြင္းရွိ ၿမိဳ႕နယ္မ်ားမွ ရပ္ကြက္မ်ားအထိ စာအုန္းဆီ တပိႆာလွ်င္ ၃၇၀၀ က်ပ္ျဖင့္ ေရာင္းခ်ေပးေနျခင္းျဖစ္သည္။ စားအုန္းဆီအျပင္

ပဲဆီ၊ ေနၾကာဆီႏွင့္ ဟင္းသီး ဟင္း ႐ြက္ဆီတို႔မွာလည္း ေဈးႏႈန္းမ်ားျမင့္တက္ေနၿပီး အခ်ိဳ႕ေသာေဒသမ်ားတြင္ စားသုံးဆီျပတ္လပ္မႈမ်ားႏွင့္ႀကဳံေတြ႕ေနရၿပီး လိုအပ္သည့္အေရအတြက္ဝယ္ယူ၍မရေၾကာင္း စုံစမ္းသိရသည္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*