ဘေဘီမောင်ကတော့ အနုပညာလောကထဲကို မော်ဒယ်လ်တစ်ယောက်အဖြစ် ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားအချို့မှာပါ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာခဲ့သူတစ်ယောက်ပါ။ ဘေဘီမောင်ဟာ သူမကိုယ်တိုင်လည်း အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ခဲ့တာမို့ အနုပညာညီအစ်ကိုမောင်နှမတွေအပေါ်
သံယောဇဉ်ရှိပြီး အရမ်းကူညီတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဘေဘီမောင်က နှိုင်းယှဉ်မြင့်မိုရ်ရဲ့ လေးစားဖွယ်ရာစိတ်ထားအကြောင်းကို ပြောပြလာခဲ့ပါတယ်။
ဘေဘီမောင်ရဲ့ ပို့စ်အောက်မှာ နှိုင်းယှဉ်မြင့်မိုရ်က “ညီမလေးက အစ်မအရမ်းဒုက္ခရောက်နေချိန်တုန်းက ငွေ ၂ သိန်း အစ်မကို ကူညီခဲ့ဖူးတယ်။ ဒါ့ကြောင့် အစ်မက ညီမလေးကိုလည်း နှုတ်၏ဆောင်မခြင်းနဲ့
အလုပ်တွေကူပြောပေးထားတယ်။ ကလေးလေးမွေးပြီးရင် ပြန်လုပ်နော်။ ကိုယ့်အပေါ်ဘာကျေးဇူးမှမရှိတဲ့သူတွေကိုတောင် ကူညီခဲ့ဖူးသေးတာပဲလေ။ ဝိုင်းစုတို့ ဘေဘီတို့က
အစ်မအရမ်းအခက်အခဲဖြစ်နေချိန်တုန်းက ကူညီဖူးခဲ့ကြတဲ့ အစ်မဘယ်တော့မှမမေ့တဲ့ကျေးဇူးရှင်တွေပါ။ ဒီမှန်သောသစ္စာစကားကြောင့် အစစအရာရာအမြဲအဆင်ပြေပါရစေ” ဆိုပြီး
ရေးသားထားတဲ့ နှိုင်းယှဉ်မြင့်မိုရ်ရဲ့ပိုစ့်ကို ရှဲပြီး “ဘေဘီမောင်ကတော့ အနုပညာလောကထဲကို မော်ဒယ်လ်တစ်ယောက်အဖြစ် ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာတော့
ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားအချို့မှာပါ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာခဲ့သူတစ်ယောက်ပါ။” ဆိုပြီး ချီးကျူးခဲ့ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အခုလို
ကျေးဇူးကိုမမေ့လျော့တတ်ပြီး သိတတ်လွန်းတာကြောင့် အခက်အခဲဖြစ်စဉ်အခါကလည်း အများရဲ့ဖေးမခြင်းကိုရရှိခဲ့ပြီး အခုအခါမှာလည်း အလုပ်တွေကို ဆက်တိုက်လက်မလည်အောင်လုပ်ကိုင်နေရတာပဲဖြစ်ပါတယ်။
စိတ်ထားကောင်းတဲ့ နှိုင်းယှဉ်မြင့်မိုရ်တစ်ယောက် ဒီထက်မက အလုပ်အကိုင်တွေအဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply