ခံဝန်ထိုးပြီး သီချင်းတွေပြန်ဆိုဖို့ စိတ်ကူးမရှိကြောင်း ပြတ်သားစွာ ပြောလိုက်တဲ့ အဆိုတော် ထျန်ခေး
ချစ်လွန်းလို့ပါ သီချင်းနဲ့ပရိသတ်တွေ ရင်ထဲရောက်ရှိခဲ့ပြီး နာမည်ကြီး လူသိများလာခဲ့တဲ့ အဆိုတော် တျန်ခေး ကိုတော့ အားလုံးပဲ မှတ်မိကြမှာပါပဲနော်။ ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ တျန်ခေး ဟာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အမှန်တရားကို ချစ်မြတ်နိုးတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး စစ်ကောင်စီကို တော်လှန်ဖို့ကြိုးစားနေသူတစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရပြီး တောတွင်းတစ်နေရာမှာ
ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီလိုတိမ်းရှောင်နေရင်း တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို ကြိုးစားထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။ ထျန်ခေးဟာ ခံဝန်ထိုးပြီး အိမ်ပြန်ဖို့စိတ်ကူးတောင်မရှိဘူးလို့
ခပ်ပြတ်ပြတ်ပြောလိုက်ပါတယ်။ “ကျန်တော်လည်း ကျန်တော်ကိုချစ်တဲ့သူ သတိရတဲ့သူ အားလုံးကို သတိရပါတယ် တချိူ့လည်း ခံဝန်ထိုးပြီး အိမ်ပြန်ဖို့တိုက်တွန်းတယ်
တချိူ့လည်း ပြည်ပ ကိုထွက်ခွာဖို့တိုက်တွန်းတယ် ဘာအမှားမှ မလုပ်ခဲ့တာမို့ ခံဝန် ပြန်ထိုးဖို့ စခ တွေကို အောက်ကျတောင်းပန်ဖို့ အတွေးတွေ တစ်စက်မှမရှိဘူး နိုင်ငံရပ်ခြားကို အလည်သွားယုံမှ တစ်ပါး
သွားရောက်ခိုလုံ အကူညီတောင်းဖို့ စိတ်ကူးတစ်စက်မှ မရှိပါဘူး ဒီနိုင်ငံဟာ ကျန်တော်နိုင်ငံ ဒီရှမ်းပြည်ဟာ ကျန်တော့်ပြည်ဒီမြေဟာ ကျန်တော်မြေ ဒီလူမျိူးစုဟာကျန်တော့် ရဲ့လူမျိူးစု မို့ကျန်တော့်တို့ ရှမ်းလူမျိူးစုတွေအတွက်
ကျန်တော် လုပ်သင့်လုပ်ထိုက်တာကောင်းတဲ့အရာတွေကို ‌လုပ်သွားမှာပါ ဒီနေ့ဒီအချိန်အထိ ‌ကောင်းတာ လုပ်ခဲ့တာမို့ ဘာအခက်အခဲမှလည်းမရှိဘူး ၅၀၅ နဲ့ဖမ်းမိန့်ထွက်တာတောင်
နေပြည်တော်က ဖရဲသီးအကိုတွေ ဖုန်းဆက်ပြီးသတိပေးလို့ လွတ်မြောက်နိုင်ခဲ့သလို ရောက်တဲ့နေရာတိုင်းမှာလည်း ကူညီဖေးမသူတွေ အသင့်ရှိနေခဲ့တယ် ။ ‌ေသနတ်ကိုင်ပြီး တို က်ခိုက်တော်လှန်ဖို့ထက်
ကိုယ်တိုင် Media Production ကျောင်းဖွင့်ထားသူမို့ Production နဲ့ပတ်သက်ပြီး ကျန်တော် ရှမ်းတော်လှန်ရေး မျိူးဆက်သစ် လူငယ်တွေကို သိထားတတ်ထားတဲ့ ပညာရပ်တွေ ‌သင်ကြားပေးတဲ့ တာဝန်ကိုယူထားပါတယ်။
သင်တန်းသား အယောက် ၄၀ နဲ့ သင်ကြားမှူ့ကတော့ တစ်လ ကျော်ခဲ့ပါပြီ ကျောင်းသူ ကျောင်းသားတွေလည်းကျန်တော်ကို ချစ်ခင် ဂရုစိုက်ကြပါတယ် သင်ကြားရတဲ့ရည်ရွယ်ချက်က
လွတ်လတ်တဲ့ Media ခေတ်ထဲမှာ ရှမ်းပြည်လူမျိူးစု အချင်းချင်းစည်းလုံးဖို့ နဲ့လူမှူ့ရေး စီးပွားရေး စားဝတ်နေရေးအတွက် အသိပညာပေး သုတ Video များနဲ့ ရှမ်းပြည်သမိုင်းရဲ့ အမှန်တရားတွေကို
Media နဲ့ ဖော်ပြသွားမှာပါ ဒီရွေးချယ်မှူ့ ‌‌အတွက် ကြောက်လည်းမကြောက်ဘူးနောင်တလည်းမရဘူး နောက်လည်းမဆုတ်ဘူးတိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အမျိူး ဘာသာ အတွက်
ရပ်တည်ဖို့ဆုံးဖြတ်ချက်ချထားပါတယ် မြို့ပြပေါ် ပြန်မနေ ‌ရချင်နေပါ ဒီတောတောင် သဘာဝတွေနဲ့ကျန်တော်အတွက် အဆင်ပြေပါတယ် တခါတလေ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အနုပညာအလုပ် နယ်ပယ်က
လုပ်‌ဖော်ကိုင်ဖက်တွေလွမ်းမိတဲ့ စိတ်လေးတော့ရှိတာပေါ့ဗျ စိတ်ပူစရာမရှိပါဘူး အစစအရာရာ အဆင်ပြေပါတယ်ဗျာ ” လို့ တျန်ခေး ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
အဆိုတော် ထျန်ခေး ကတော့ ခံဝန်ထိုးပြီး သီချင်းတွေပြန်ဆိုဖို့မရှိဘူးဆိုတဲ့ သူ့ရဲ့ပြတ်သားတဲ့ စိတ်ဓာတ်ကို ထုတ်ဖော်ပြသလိုက်တာဟာ လေးစားဖို့ကောင်းလွန်းပါတယ်နော်။ ခရက်ဒစါ
Zawgyi code ဖြင့် ဖတ်ရန်
တချို့လည်း ပြည်ပ ကိုထွက်ခွာဖို့တိုက်တွန်းတယ် ဘာအမှားမှ မလုပ်ခဲ့တာမို့ ခံဝန် ပြန်ထိုးဖို့ စခ တွေကို အောက်ကျတောင်းပန်ဖို့ အတွေးတွေ တစ်စက်မှမရှိဘူး နိုင်ငံရပ်ခြားကို အလည်သွားယုံမှ တစ်ပါး
သွားရောက်ခိုလုံ အကူညီတောင်းဖို့ စိတ်ကူးတစ်စက်မှ မရှိပါဘူး ဒီနိုင်ငံဟာ ကျန်တော်နိုင်ငံ ဒီရှမ်းပြည်ဟာ ကျန်တော့်ပြည်ဒီမြေဟာ ကျန်တော်မြေ ဒီလူမျိုးစုဟာကျန်တော့် ရဲ့လူမျိုးစု မို့ကျန်တော့်တို့ ရှမ်းလူမျိုးစုတွေအတွက်
ကိုယ်တိုင် Media Production ကျောင်းဖွင့်ထားသူမို့ Production နဲ့ပတ်သက်ပြီး ကျန်တော် ရှမ်းတော်လှန်ရေး မျိုးဆက်သစ် လူငယ်တွေကို သိထားတတ်ထားတဲ့ ပညာရပ်တွေ ‌သင်ကြားပေးတဲ့ တာဝန်ကိုယူထားပါတယ်။
လွတ်လတ်တဲ့ Media ခေတ်ထဲမှာ ရှမ်းပြည်လူမျိုးစု အချင်းချင်းစည်းလုံးဖို့ နဲ့လူမှူ့ရေး စီးပွားရေး စားဝတ်နေရေးအတွက် အသိပညာပေး သုတ Video များနဲ့ ရှမ်းပြည်သမိုင်းရဲ့ အမှန်တရားတွေကို
Media နဲ့ ဖော်ပြသွားမှာပါ ဒီရွေးချယ်မှူ့ ‌‌အတွက် ကြောက်လည်းမကြောက်ဘူးနောင်တလည်းမရဘူး နောက်လည်းမဆုတ်ဘူးတိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အမျိုး ဘာသာ အတွက်
Be the first to comment
Leave a Reply
Your email address will not be published.
*