စစ်ကိုင်းတိုင်း လ က်နက်ထုတ်လုပ်ရေးတွင် တောင်ကြီးသားများ ပါဝင်လှုပ်ရှားနေ
စစ်ကိုင်းတိုင်းရှိ တော်လှန်ရေး အဖွဲ့အချို့၏ လက်နက် ထုတ်လုပ်ရေး ကိစ္စများတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ ဒေသခံများ ပါဝင် လှုပ်ရှားနေကြောင်း
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
တောင်ကြီး တော်လှန်ရေး အင်အားစုများ ထံမှ သိရသည်။ ယ မ်းကျွမ်းကျင်သည့် တောင်ကြီးသား အချို့ စစ်ကိုင်းတိုင်း တော်လှန်ရေး စခန်း အချို့သို့ သွားရောက်ကာ
လ က်နက် ထုတ်လုပ်ရာတွင် ပါဝင် ကူညီခြင်းနှင့် အင်တာနက်မှ တဆင့်လည်း ကူညီ ပေးနေကြောင်း တောင်ကြီး ဒေသခံ တော်လှန်ရေးသမား လူငယ် တစ်ဦးက ပြောသည်။
“စစ်ကိုင်းက အဖွဲ့ တချို့ လ က်နက်တွေ စလုပ်တော့မယ် ဆိုတော့ တောင်ကြီးသား‌တွေ လုပ်ထားတဲ့ အကြမ်းထည် နမူနာ ပို့ပေးတာ ရှိတယ်။ အင်တာနက် ရတဲ့ စခန်းတွေဆိုရင် လိုင်းပေါ်က တဆင့်
သင်ပြတာမျိုး မဟုတ်ပေမယ့် အကြံပေးတာ၊ ကူညီတာတွေ လုပ်နေတယ်။ တောင်ကြီးသား တချို့လည်း အဲဒီ စခန်းတွေမှာ သွားပြီး ကိုယ်တိုင်ကိုယ်ကြ ပါဝင်နေတာ ရှိပါတယ်”ဟု
၎င်းကပြောသည်။ တောင်ကြီး‌‌မှ တော်လှန်ရေး လူငယ်များ အနေဖြင့် လ က်နက်များ ထုတ်လုပ်နိုင် သော်လည်း တောင်ကြီးမြို့၏ အနေအထား အရ စစ်တပ်များ ဝိုင်းရံထား သဖြင့်
လှုပ်ရှားရန် ခက်ခဲကြောင်း ၎င်းကဆိုသည်။ လက်ရှိ တောင်ကြီး တော်လှန်ရေး အင်အားစုများ အနေဖြင့် ကရင်နီ (ကယား)၊ ဖယ်ခုံ၊ ရွာငံ၊ ပင်းတယ၊ ညောင်ရွှေနှင့် စစ်ကိုင်းတိုင်း အပြင်
အခြား လွတ်မြောက်နယ်မြေ များတွင် လှုပ်ရှားနေကြောင်း တောင်ကြီး ဒေသခံ လူငယ် တစ်ဦးက ပြောသည်။ရှမ်းပြည်နယ်၏ မြို့တော် ဖြစ်သော တောင်ကြီးမြို့တွင် စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်
အေခြေစိုက်သည့် အပြင် စစ်တပ် ပတ်လည် ဝန်းရံနေကြောင်း ပြည်နယ်၊ ခရိုင်ရဲရုံး အခြေစိုက်ရာပြီး တော်လှန်ရေး လှုပ်ရှားမှု မရှိသည်မှာ
တစ်လကျော်ခန့် ကြာမြင့်‌နေပြီ ဖြစ်ကြောင်း သိရသည်။ ပုံစာ-စစ်ကိုင်းတိုင်းသို့ တောင်ကြီးသားများပို့ပေးခဲ့သည့် လ က်နက်နမူနာအကြမ်းထည်များ။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*