အသားဖြူဖြူဖွေးဖွေးလေးနဲ့ ကိုရီးယားမလေးလို့ ထင်မှတ်ရလောက်အောင် ချစ်စရာကောင်းသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သူမဟာ အလှကုန်ပစ္စည်းတစ်ခုရဲ့ ကြော်ငြာအတွက် ရိုက်ကူးပေးရင်းနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ ရွှေကစ်ဟာ ပရိသတ်တွေရဲ့
တစ်ခဲနက်အားပေးမှုတွေကိုရရှိထားပြီး သရုပ်ဆောင်တဲ့နေရာမှာလည်း ပီပြင်ကောင်းမွန်မှုတို့ကြောင့် အကယ်ဒမီထူးချွန်ဆုကိုပါ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တွေနဲ့အတူ
အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းခဲ့တဲ့ရွှေကစ်ကတော့ အနုပညာသက်တမ်းလည်း ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။ ဝတ်မှုန်ရွှေရည်ကတော့ ထိပ်တန်းမင်းသမီးတစ်ယောက်အနေနဲ့သာမက
ကြော်ငြာတော်တော်များများမှာလည်း နေရာယူထားနိုင်သူတစ်ယောက်ပါ။လက်ရှိမှာတော့ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ကအနုပညာလှုပ်ရှားမှုတချို့သာ ပြန်လုပ်နေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့
သရုပ်ဆောင်ဝတ်မှုန်ရွှေရည်က ကွယ်လွန်သွားတဲ့အဖိုးတွေ အဖွားတွေနဲ့ဦးလေးဖြစ်သူ ဖွေးဖွေးရဲ့ဖခင်အတွက်ရည်စူးပြီး မိသားစုနဲ့အတူ အလှူတွေ ပြုလုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply