ဂုဏ်သိက္ခာအရ ဆိုပြီး ထောင်ထဲက သင်ဇာဝင့်ကျော်ကို စိန်ခေါ်လိုက်ပြန်တဲ့ ဆက်C မော်ဒယ်လ် ရှင်ယွန်းမြတ် (ရုပ်သံ)
စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံထားရတဲ့ သင်ဇာဝင့်ကျော်ကို အဖမ်းခံရစဉ် သူမနာမည်ကို အလွဲသုံးစားလုပ်ကာ ထွက်ဆိုသော ထွက်ဆိုချက်ကြောင့်ဆိုပြီး ဆက်Cမော်ဒယ်လ်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ရှင်ယွန်းမြတ်က မီဒီယာတွေ အစုံအလင် ခေါ်ယူပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ် နော်။ ပြီးခဲ့တဲ့ ရက်ပိုင်း သြဂုတ်လ ၅ရက်နေ့မှာ
နိုင်ငံကျော် နာမည်ကြီးမော်ဒယ်လ်တစ်ဦးလည်း ဖြစ်သလို သရုပ်ဆောင် မင်းသမီးတစ်ဦးလည်း ဖြစ်တဲ့ သင်ဇာဝင့်ကျော်နဲ့ ဆက်Cမော်ဒယ် တစ်ဦးဖြစ်တဲ့ နန်းမွေစံတို့ကို
မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိ-င်အသားပေး ဓာတ်ပုံနှင့် ဗီဒီယိုတွေကို ည စ်ညမ်းလူမှုကွန်ရက် တစ်ခုမှာအခကြေးငွေရယူပြီး ဖြန့်ဝေခဲ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့
စစ်ကောင်စီက အမှုဖွင့်ပြီး ဖမ်းဆီး အရေးယူခဲ့တာကို တွေ့ရပါတယ်။ ဒီလို ဖမ်းဆီးအရေးယူ စစ်ဆေးစဉ်မှာတော့သင်ဇာဝင့်ကျော်က မော်ဒယ် ရှင်ယွန်းမြတ် ချိတ်ဆက်ပေးမှု အဆက်အသွယ်ဖြင့်
အမေရိကန် နိုင်ငံမှာ နေထိုင်သည့် Mr. Rafal ဦးစီး လုပ်ကိုင်လျက်ရှိသောည စ်ညမ်း Websiteတစ်ခု ဖြစ်သည့် Exantria ဝက်စ်ဆိုဒ်မှာ အကောင့်ဖွင့်ခဲ့တယ်လို့ ထွက်ဆိုခဲ့တာ ပဲဖြစ်ပါတယ်။
အဆိုပါ သင်ဇာဝင့်ကျော်ရဲ့ ထွက်ဆိုချက်အပေါ် မော်ဒယ်လ်ရှင်ယွန်းမြတ်ဟာ သင်ဇာဝင့်ကျော်ဟာ နတ်ပြည်တက်ပြီး ကောင်းစားတုန်းကကျတော့ အသံမထွက်ပဲ
ဒုက္ခရောက် ငရဲကျမှ သူမကို အမည်တပ်ကာ ဆွဲထည့်တယ် ဆိုပြီး ထိုနေ့ထဲက ပေါက်ကွဲဒေါသတွေနဲ့ Live လွှင့်ကာ ပြောကြားခဲ့တာကို တွေ့ခဲ့ရပြီး ယနေ့ သြဂုတ်လ (၉) ရက်နေ့မှာတော့
ရှင်ယွန်းမြတ်က “လတ်တလော ဖြစ်ပျက်နေသောအကြောင်းအရာများနှင့်ပတ်သက်ပြီး ရှင်ယွန်းမြတ်၏ သတင်းစာရှင်းလင်းပွဲအခမ်းအနား”ဆိုတဲ့ ခေါင်းစဉ်နဲ့ မီဒီယာတွေ ခေါ်ပြီး
ရှင်းလင်းခဲ့သလို တချိန်တည်းမှာပဲ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း Live လွှင့်ကာ သူ မကျေနပ်သမျှကို ကရာရေလွှတ် တတွတ်တွတ် ဆိုသလို ဆက်တိုက်ကို ပြောလာခဲ့ ပါတယ်။ သူမအနေနဲ့
သင်ဇာဝင့်ကျော်ကို Exantria Websiteမှာ အလုပ်လုပ်ပေးဖို့ တိုက်တွန်းခြင်း ဖိအားပေးပြီး ပြောဆိုခဲ့ခြင်းတွေ မရှိခဲ့ကြောင်းနှင့် ထိုဝက်စ်ဆိုဒ်ဖက်မှ တာဝန်ရှိသူက အကူအညီတောင်း လာခြင်းကြောင့်သာ
သင်ဇာဝင့်ကျော်ကို ပုဂ္ဂိုလ်ရေးအရပဲ ဆက်သွယ်ခဲ့တာသာ ဖြစ်ကြောင်း ဖြေရှင်းပြောလာခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ သင်ဇာဝင့်ကျော်အနေနဲ့ အခုလို သူမ ပြောတာတွေကို လက်မခံနိုင်ဘူး ဆိုရင် ပြန်လည်ပြီး တုံ့ပြန်နိုင်ကြောင်း ကိုလည်း ပြောလာပါသေး တယ်။
သတင်းစာ ရှင်းလင်းပွဲကို ကြည့်ရှု့နေကြ ပရိသတ်တွေကတော့ ထောင်ထဲကလူကို ပြန်လည်တုန့်ပြန်ဖို့ စိန်ခေါ် ပြောဆိုနေတဲ့ ရှင်ယွန်းမြတ်ကို ကြည့်ပြီး အံ့အားတသင့် ဖြစ်နေခဲ့ကြတာကို တွေ့ရပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*