မင်္ဂလာပါပရိသတ်ကြီးရေ ယမုံကတော့ မော်ဒယလ်လောကမှာ နေရာတစ်ခုရအောင်ရပ်တည်ထားနိုင်တဲ့ သူလေးပါ။ ၂၀၁၄- ၂၀၁၅ ခုနစ်ရဲ့ရွှေကြိုမှာလည်း ပါဝင်ခဲ့တာဖြစ်ပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
၂၀၁၈ မှာလည်း Miss World Myanmar မှာ 2nd RunnerUp ကိုရရှိခဲ့ကာ ၂၀၁၉ မှာလည်း Miss Myanmar International 2019 မှာလည်း 2nd RunnerUp ကိုရရှိခဲ့ပြန်တာပဲဖြစ်ပါတယ်။
လက်တလောမှာတော့ အနူပညာအလုပ်တွေလုပ်ကိုင်လျက် Miss Universe Myanmar 2022 ပြိုင်ပွဲကြီးမှာ ဆန်ကာတင်အလှမယ်(၁၆)ဦးမှာပါဝင်ကာ ယှဉ်ပြိုင်လျက်ရှိတာပါ။
ဒါ့အပြင်မကြာခဏဆိုသလို ပရဟိတအလှူတွေပြုလုပ်ချက်ရှိတဲ့ယမုံကတော့ဒီနေ့မှာ ” နောက်ဘယ်တော့မှ အလှုခံပေးတဲ့အလုပ်မ လုပ်တော့ပါဘူးရှင် အကူညီတောင်းထားတဲ့သူတွေလဲအားနာပါတယ်
လွန်ခဲ့တဲ့ ၄ လဝန်းကျင်က အလှုခံပေးထားတဲ့ကိစ္စလေးက ကြားထဲက ပစ္စည်းပို့ ပေးဖို့အပ်တဲ့သူက လိမ်သွားခဲ့ပါတယ်။ အဆက်အသွယ်တွေနှစ်ဖက်လုံး contact ရထားပီးတော့မှ ကြားထဲကပစ္စည်းပို့တဲ့သူက
ဖုန်းပိတ်သွားပီးအဆက်သွယ်မရတော့ပါဘူး။ ပစ္စည်းတွေနဲ့ ကားခနဲ့ စုစုပေါင်း ၆ သိန်းဖိုးပါသွားပါတယ်။ အလှုပစ္စည်းကိုလုပ်ရက်ကြလို့လဲအံ့ဩတယ်။ (ညီမဖက် ကတတ်နိုင်သမျှလပြန်လှုပေးဖို့စီစဉ်ပါမယ်)
အလှုခံ ခဲ့တဲ့သူဖက်က နားလည်ပေမယ့်ကိုယ်ကစိတ်အရမ်းပင်ပန်းရတယ် စိတ်လဲမောရတယ်အလှုတွေအများကြီးလုပ်ခဲ့တာ ဘာမှမဖြစ်ပဲ ဒီတစ်ခါဒီလိုဖြစ်သွားတော့ အရမ်းစိတ်ပင်ပန်းရလို့
ဘာမှအလှုမခံပေးတော့ပါဘူး ကိုယ်တိုင်ပေါများနေတဲ့အချိန်မှပဲလှုပါတော့မယ် အလှုပစ္စည်းကို လိမ်သွားတဲ့သူတွေလဲ ငရဲမကြီးကြ ပါစေနဲ့ ” လို့ဆိုကာသူမကြုံတွေ့ရတဲ့အဖြစ်ကို
ပြောပြလာခဲ့တာပါပရိသတ်ကြီးရေ။စာဖတ်ပရိတ်သတ်ကြီးလည်း သာယာချမ်းမြေ့တဲ့နေ့တစ်နေ့ကို ပိုင် ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply