
PROJECT DRANGONFLY စီမံချက်မှ ရရှိထားသည့် ရန်ပုံငွေများကို စစ်ရေးမဟာဗျုဟာများနှင့်အညီ အသုံးချနေပြီး ကနဦးပစ္စည်းအချို့မှာ စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ညနေထုတ်ပြန်လိုက်သည်။ ကနဦး စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည့် ပစ္စည်းများမှာ
မည်သည့်အရာဖြစ်ကြောင်း မဖော်ပြထားပေ ထို့ပြင် ထပ်မံလိုအပ်သည့် ပစ္စည်းများဆက်လက်ရရှိရန်နှင့် ထိရောက်စွာအသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်းလည်း
ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။ PROJECT DRANGONFLY စီမံချက်အောင်မြင်ရန် ထောက်ပံ့ကူညီပေးခဲ့သည့် ပြည်သူများ၊ အသိပညာရှင်အတတ်ပညာရှင်များနှင့်
အနုပညာရှင်များကို အထူးကျေးဇူးတင်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီ၏ လေကြောင်းတို က်ခိုက်မှုကို တုံ့ပြန့်နိုင်ရန်
PROJECT DRANGONFLY ကို ပြီးခဲ့သည့် မတ်လ ကစတင်ခဲ့ပြီး ဧပြီလတွင် သတ်မှတ်ထားသည့် နှုန်းထားထက်ပိုကာ အမေရိကန်ဒေါ်လာ ၂.၂ သန်းအထိရရှိခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ ယခုနှစ်ဆန်းပိုင်းက စစ်ကိုင်းတိုင်းအတွင်း ပျက်ကျခဲ့သည့် စစ်ကောင်စီ၏ လေယာဉ်တစ်စီးအားတွေ့ရစဉ် Lunge khit ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply