“ဝ” ကဖမ်းထားသော ထိုင်းရုပ်ရှင်ဒါရိုက်တာ စစ်ကောင်စီလက်ထဲရောက်နေ

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ၎င်းတို့ဖမ်းဆီးထားသည့် ထိုင်းရုပ်ရှင်ဒါရိုက်တာ ရာမိုင်း ဒန်နီမော်ရီဖန်ကို လွန်ခဲ့သည့် စနေနေ့ (ဩဂုတ် ၇) တွင် “ဝ” အာဏာပိုင်များက

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

မြန်မာစစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်း Bangkok Post သတင်းစာတွင် ဖော်ပြသည်။ ထိုင်းရုပ်ရှင်ဒါရိုက်တာ ဖမ်းဆီးခံရမှုသည် မူ းယစ်ဂိုဏ်းတစ်ဂိုဏ်းနှင့် ဆက်နွှယ်နေသည်ဟု ယူဆရပြီး

စစ်ကောင်စီက ထိုင်းကိုလွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ ၎င်းကို ထိုင်းအာဏာပိုင်များက တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရုပ်ရှင်ဒါရိုက်တာမှာ

ထိုင်းနိုင်ငံနှင့် ကီလိုမီတာ ၁၅၀ ဝေးသော ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ် တွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်ဟု သိရှိရသည်။ ရာမိုင်းနှင့် ၎င်း၏ မိတ်ဆွေများသည် ရုပ်ရှင်ရိုက်ကူးရေးကိစ္စတစ်ခုအတွက်

တာချီလိတ်နယ်စပ်ဖက်သို့ ခရီးထွက်ခဲ့ကြကြောင်း၊ သို့ရာတွင် ထိုအစီအစဥ် ပျက်သွားသဖြင့် အခြားအဖွဲ့ဝင်များပြန်သွားသော် လည်း ရာမိုင်းအား “ဝ” ပြည်နယ်ထဲရှိ ချိုင်ဟုအမည်ရသော

ဩဇာရှိသည့် စီးပွားရေးသမားတစ်ဦးက အလုပ်တစ်ခု ကမ်းလှမ်းခဲ့ကြောင်း၊ ထို့နောက်တွင် ရာမိုင်းပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ရာမိုင်းကို

မြန်မာစစ်ကောင်စီထံလွှဲအပ်ပြီးနောက် သူသည် ယခုအချိန်တွင် တာချီလိတ်တွင်ရှိနေကြောင်း၊ ၎င်းအား မြန်မာဆရာဝန်များက ဆေးစစ်ရာ တွင် ကျန်းမာရေးကောင်းမွန်သည်ကို တွေ့ရှိရကြောင်းနှင့်

မြန်မာပြည်ထဲသို့ ဘာ့ကြောင့်လာရသနည်း ဆိုသည်ကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောနေကြောင်း သိရှိရသည်။ ၎င်းကိုထိုင်းဖက်လွှဲပြောင်းရေးနှင့် ပတ်သက်၍ ထိုင်းမြန်မာနယ်စပ်ကော်မတီကိုမူ မြန်မာဖက်က အကြောင်းမကြားသေးကြောင်း ထိုင်းအာဏာပိုင်များကဆိုသည်။။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

“ဝ” ျပည္ေသြးစည္းညီၫြတ္ေရးတပ္မေတာ္က ၎တို႔ဖမ္းဆီးထားသည့္ ထိုင္း႐ုပ္ရွင္ဒါရိုက္တာ ရာမိုင္း ဒန္နီေမာ္ရီဖန္ကို လြန္ခဲ့သည့္ စေနေန႕ (ဩဂုတ္ ၇) တြင္ “ဝ” အာဏာပိုင္မ်ားက

ျမန္မာစစ္ေကာင္စီထံ လႊဲေျပာင္းေပးခဲ့ေၾကာင္း ထိုင္း Bangkok Post သတင္းစာတြင္ ေဖာ္ျပသည္။ ထိုင္း႐ုပ္ရွင္ဒါရိုက္တာ ဖမ္းဆီးခံရမႈသည္ မူ းယစ္ဂိုဏ္းတစ္ဂိုဏ္းႏွင့္ ဆက္ႏႊယ္ေနသည္ဟု ယူဆရၿပီး

စစ္ေကာင္စီက ထိုင္းကိုလႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း၊ ၎ကို ထိုင္းအာဏာပိုင္မ်ားက တရားစြဲဆို သြားမည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ႐ုပ္ရွင္ဒါရိုက္တာမွာ

ထိုင္းနိုင္ငံႏွင့္ ကီလိုမီတာ ၁၅၀ ေဝးေသာ ရွမ္းျပည္နယ္၊ မိုင္းတုံၿမိဳ႕နယ္ တြင္ ျပန္ေပးဆြဲခံခဲ့ရျခင္းျဖစ္သည္ဟု သိရွိရသည္။ ရာမိုင္းႏွင့္ ၎၏ မိတ္ေဆြမ်ားသည္ ႐ုပ္ရွင္ရိုက္ကူးေရးကိစၥတစ္ခုအတြက္

တာခ်ီလိတ္နယ္စပ္ဖက္သို႔ ခရီးထြက္ခဲ့ၾကေၾကာင္း၊ သို႔ရာတြင္ ထိုအစီအစဥ္ ပ်က္သြားသျဖင့္ အျခားအဖြဲ႕ဝင္မ်ားျပန္သြားေသာ္ လည္း ရာမိုင္းအား “ဝ” ျပည္နယ္ထဲရွိ ခ်ိဳင္ဟုအမည္ရေသာ

ဩဇာရွိသည့္ စီးပြားေရးသမားတစ္ဦးက အလုပ္တစ္ခု ကမ္းလွမ္းခဲ့ေၾကာင္း၊ ထို႔ေနာက္တြင္ ရာမိုင္းေပ်ာက္ဆုံးသြားခဲ့ျခင္းျဖစ္သည္။ “ဝ” ျပည္ေသြးစည္းညီၫြတ္ေရးတပ္မေတာ္က ရာမိုင္းကို

ျမန္မာစစ္ေကာင္စီထံလႊဲအပ္ၿပီးေနာက္ သူသည္ ယခုအခ်ိန္တြင္ တာခ်ီလိတ္တြင္ရွိေနေၾကာင္း၊ ၎အား ျမန္မာဆရာဝန္မ်ားက ေဆးစစ္ရာ တြင္ က်န္းမာေရးေကာင္းမြန္သည္ကို ေတြ႕ရွိရေၾကာင္းႏွင့္

ျမန္မာျပည္ထဲသို႔ ဘာ့ေၾကာင့္လာရသနည္း ဆိုသည္ကို စစ္ေကာင္စီတပ္ဖြဲ႕က စစ္ေၾကာေနေၾကာင္း သိရွိရသည္။ ၎ကိုထိုင္းဖက္လႊဲေျပာင္းေရးႏွင့္ ပတ္သက္၍ ထိုင္းျမန္မာနယ္စပ္ေကာ္မတီကိုမူ ျမန္မာဖက္က အေၾကာင္းမၾကားေသးေၾကာင္း ထိုင္းအာဏာပိုင္မ်ားကဆိုသည္။။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*