(၁၄)နှစ်အရွယ်နဲ့မလိုက်အောင် ဖေဖေ မေမေတို့ထက်အရပ်ရှည်ပြီး ချောလာတဲ့သားကြီးဇေဘုန်းပိုင်အကြောင်းပြောလာတဲ့ ပိုင်ဇေရဲထွန်းရဲ့ဇနီး
ပရိသတ်တိုင်းအားကျပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာကတော့ ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ မိသားစုလေးပဲဖြစ်ပါတယ်။ အမြဲပျော်ရွှင်စရာပုံရိပ်လေးတွေကြောင့်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပရိသတ်တွေချစ်ပြီးအားကျနေရတာပါ။ သူတို့ဟာ အနုပညာလောကမှာလည်း တစ်ချိန်ကအောင်မြင်မှုတွေ သိမ်းပိုက်ထားနိုင်တဲ့သူတွေလည်းဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ သားသမီးလေးတွေရနေ့သည့်တိုင် တစ်ယောက်ကိုတစ်ယောက်ချစ်ပြီးရိုနေကြတာပါ။ သူတို့ရဲ့လူမှုကွန်ရက်မှာလည်း သူတို့ပုံရိပ်တိုင်းကို
အမြဲစောင့်မျှော်ပြီး အားပေးနေကြတဲ့ ပရိသတ်တွေကအများအပြားပဲဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံဟာ ငြိမ်းခင်ခင်ပိုင်၊ ဇေဘုန်းပိုင်၊ စစ်ဘုန်းပိုင် ဆိုတဲ့ သားသမီးသုံးယောက်ကို
ပိုင်ဆိုင်ထားတာဖြစ်ပြီး သားသမီးသုံးယောက်စလုံးက အရမ်းကိုချောမောကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုင်ဇေရဲထွန်းရဲ့ဇနီး ဇင်သဲနိုင်က သားလတ်လေး ဇေဘုန်းပိုင်ရဲ့ ပုံရိပ်လေးကို ပြသပြီး
“မေမေပဲပုဝင်သွားလား မင်းပဲမတရားကြီးထွားလာတာလားငါ့သားရယ်” ဆိုပြီး ပြသလာပါတယ်။ ပိုင်ဇေရဲထွန်းရဲ့သားကြီး ဇေဘုန်းပိုင်ကတော့ (၁၄) နှစ်အရွယ်နဲ့ အရပ် ၅ ပေ ၈ လက်မ တောင်ရှိနေပြီဖြစ်ပြီး
ဖေဖေ၊ မေမေထက်တောင် ပိုပြီး အရပ်ရှည်နေပြီပဲဖြစ်ပါတယ်။ သားချောလေး ဇေဘုန်းပိုင်ကတော့ ကြီးလာရင် ဖေဖေ့လိုနှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်လေးဖြစ်လာမှာတော့ အသေအချာပါပဲနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*