ငွေမကိုင်ထားချင်သူများရဲ့ သောကနဲ့ (၂)ဆဖြစ်သွားတဲ့ ရန်ကုန်မြေဈေးနှင့် ဘဏ်ဒေဝါလီ ကောလဟာလ…See more

စကစက အာဏာသိမ်းပြီး တစ်နှစ်ကြာပြီးနောက် ရန်ကုန်အိမ်ခြံမြေဈေးနှုန်းများ ၂ ဆ မြင့်တက်နေပြီး လာမည့် သီတင်း ကျွတ်ကာလတွင်လည်း ဆက်လက်မြင့်တက်နိုင်ကြောင်း

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များထံမှ သိရပါတယ်။ စစ်တပ်အာဏာသိမ်းချိန်နှင့် ကိုဗစ် တတိယလှိုင်းဖြစ်ပြီးကာလ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့်

အိမ်ခြံမြေ ဈေးနှုန်းများ သိသိသာသာမြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု အကျိုးဆောင်လုပ်ငန်းရှင်များက ဆိုပါတယ်။“လာမယ့်သီတင်းကျွတ်ကို ဈေးထပ်တက်မယ်လို့ အားလုံးက ခန့်မှန်းနေကြတယ်။

တချို့အိမ်ရောင်းမယ့်သူတွေ ကလည်း သီတင်းကျွတ်မှ ဈေးတက်ပြီးရောင်းမယ့်သူတွေ ရှိနေတယ်၊ အခုက အတက်ဈေးနဲ့ အရောင်းအဝယ် နည်းနည်းအေးနေတယ်”ဟု အိမ်ခြံမြေ

အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ လက်ရှိအချိန်တွင် အိမ်ခြံမြေများ လိုက်လံဝယ်ယူနေသူအများစုသည် နေထိုင်ရန်ဝယ်ယူခြင်းမျိုးမဟုတ်ဘဲ ပြန်လည်ငှားရန်နှင့်

ငွေကြေးလက်ဝယ်သိမ်းမထားချင်သူများဖြစ်သည်ဟု အကျိုးဆောင်များထံမှ သိရပါတယ်။ တိုက်ခန်း၊ ကွန်ဒိုများထက် မြေကွက်များကို ဝယ်ယူစုဆောင်းထားခြင်းမှာလည် ပိုမိုများပြားလာသည်ဟု

အခြား အကျိုးဆောင်တစ်ဦးကလည်း ပြောပါတယ်။ “ကျပ်ငွေ မသိမ်းထားရဲတဲ့သူတွေက လိုက်ဝယ်ရင်းနဲ့ ဈေးကတက်သထက်တက်လာခဲ့တယ်။ အိမ်ခြံမြေ အရောင်း အဝယ်လိုက်ပြီး ဈေးတက်ရခြင်းရဲ့

အဓိကအကျဆုံးအချက်က နိုင်ငံရေးအခြေအနေ ကမောက် ကမဖြစ်နေတာ ကြောင့်ပဲ” လိုဆိုပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလ နောက်ပိုင်းတွင် အိမ်ခြံမြေများ အရောင်းအဝယ်အေးပြီး ဈေးငြိမ်သွားမည်ဟု

ခန့်မှန်းမှုများရှိခဲ့ကြသော်လည်း စစ်ကောင်စီ၏ နိုင်ငံခြား ငွေလဲလှယ်ရေးဆိုင်ရာမူဝါဒ အပြောင်းအလဲများကြောင့် ခန့်မှန်းထားသည့်အတိုင်း ဖြစ်မလာခဲ့ခြင်းဖြစ်ကြောင်းလည်း

အကျိုးဆောင်လုပ်ငန်းရှင်များက မှတ်ချက်ပြုပါတယ်။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များဖြစ်သည့် ဒဂုံဆိပ် ကမ်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံမြို့နယ်တို့ရှိ အိမ်ခြံ မြေများသည်

အဝယ်လိုက်ဆုံးဖြစ်ပြီး သာကေတ၊ ဒေါ်ပုံ၊ သင်္ဃန်းကျွန်း မြို့နယ်တို့တွင် တိုက်ခန်းများသည် ဒုတိယ အဝယ်လိုက်ဆုံးဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များထံမှ သိရပါတယ်။

လက်ရှိအချိန်တွင် ပြည်တွင်းကုမ္ပဏီအများအပြား ဒေဝါလီခံသည့် သတင်းများ လူမှုကွန်ရက်မှာ ပျံ့နှံ့လာသောကြောင့် ပုဂ္ဂလိကဘဏ်များ ဒေဝါလီခံနိုင်သည်ဟူသော သတင်းများလည်း

ပြည်သူများအကြား ပျံ့နှံ့လျက် ရှိပါတယ်။ အဆိုပါသတင်းတွေအရ လက်ထဲ ပိုက်ဆံကိုင်ထားသောသူများက အိမ်ခြံမြေများကို အလုအယက် ဝယ်ယူမှုများ ဖြစ်ပေါ်နေတာကြောင့် အိမ်ခြံမြေဈေးနှုန်း ၂ ဆ ဖြစ်လာခြင်း ဖြစ်ကြောင်း စီးပွားရေး ပညာရှင်တဦးက ပြောပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

စကစက အာဏာသိမ္းၿပီး တစ္ႏွစ္ၾကာၿပီးေနာက္ ရန္ကုန္အိမ္ၿခံေျမေဈးႏႈန္းမ်ား ၂ ဆ ျမင့္တက္ေနၿပီး လာမည့္ သီတင္း ကြၽတ္ကာလတြင္လည္း ဆက္လက္ျမင့္တက္နိုင္ေၾကာင္း

အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းရွင္မ်ားထံမွ သိရပါတယ္။ စစ္တပ္အာဏာသိမ္းခ်ိန္ႏွင့္ ကိုဗစ္ တတိယလွိုင္းျဖစ္ၿပီးကာလ နိုင္ငံေရး မတည္ၿငိမ္မႈမ်ားေၾကာင့္

အိမ္ၿခံေျမ ေဈးႏႈန္းမ်ား သိသိသာသာျမင့္တက္လာခဲ့ျခင္းျဖစ္သည္ဟု အက်ိဳးေဆာင္လုပ္ငန္းရွင္မ်ားက ဆိုပါတယ္။“လာမယ့္သီတင္းကြၽတ္ကို ေဈးထပ္တက္မယ္လို႔ အားလုံးက ခန႔္မွန္းေနၾကတယ္။

တခ်ိဳ႕အိမ္ေရာင္းမယ့္သူေတြ ကလည္း သီတင္းကြၽတ္မွ ေဈးတက္ၿပီးေရာင္းမယ့္သူေတြ ရွိေနတယ္၊ အခုက အတက္ေဈးနဲ႕ အေရာင္းအဝယ္ နည္းနည္းေအးေနတယ္”ဟု အိမ္ၿခံေျမ

အက်ိဳးေဆာင္လုပ္ငန္းရွင္တစ္ဦးက ေျပာပါတယ္။ လက္ရွိအခ်ိန္တြင္ အိမ္ၿခံေျမမ်ား လိုက္လံဝယ္ယူေနသူအမ်ားစုသည္ ေနထိုင္ရန္ဝယ္ယူျခင္းမ်ိဳးမဟုတ္ဘဲ ျပန္လည္ငွားရန္ႏွင့္

ေငြေၾကးလက္ဝယ္သိမ္းမထားခ်င္သူမ်ားျဖစ္သည္ဟု အက်ိဳးေဆာင္မ်ားထံမွ သိရပါတယ္။ တိုက္ခန္း၊ ကြန္ဒိုမ်ားထက္ ေျမကြက္မ်ားကို ဝယ္ယူစုေဆာင္းထားျခင္းမွာလည္ ပိုမိုမ်ားျပားလာသည္ဟု

အျခား အက်ိဳးေဆာင္တစ္ဦးကလည္း ေျပာပါတယ္။ “က်ပ္ေငြ မသိမ္းထားရဲတဲ့သူေတြက လိုက္ဝယ္ရင္းနဲ႕ ေဈးကတက္သထက္တက္လာခဲ့တယ္။ အိမ္ၿခံေျမ အေရာင္း အဝယ္လိုက္ၿပီး ေဈးတက္ရျခင္းရဲ႕

အဓိကအက်ဆဳံးအခ်က္က နိုင္ငံေရးအေျခအေန ကေမာက္ ကမျဖစ္ေနတာ ေၾကာင့္ပဲ” လိုဆိုပါတယ္။ ၂၀၂၂ ခုႏွစ္ ဧၿပီလ ေနာက္ပိုင္းတြင္ အိမ္ၿခံေျမမ်ား အေရာင္းအဝယ္ေအးၿပီး ေဈးၿငိမ္သြားမည္ဟု

ခန႔္မွန္းမႈမ်ားရွိခဲ့ၾကေသာ္လည္း စစ္ေကာင္စီ၏ နိုင္ငံျခား ေငြလဲလွယ္ေရးဆိုင္ရာမူဝါဒ အေျပာင္းအလဲမ်ားေၾကာင့္ ခန႔္မွန္းထားသည့္အတိုင္း ျဖစ္မလာခဲ့ျခင္းျဖစ္ေၾကာင္းလည္း

အက်ိဳးေဆာင္လုပ္ငန္းရွင္မ်ားက မွတ္ခ်က္ျပဳပါတယ္။ ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္မ်ားျဖစ္သည့္ ဒဂုံဆိပ္ ကမ္း၊ ေျမာက္ဒဂုံ၊ ေတာင္ဒဂုံ၊ အေရွ႕ဒဂုံၿမိဳ႕နယ္တို႔ရွိ အိမ္ၿခံ ေျမမ်ားသည္

အဝယ္လိုက္ဆုံးျဖစ္ၿပီး သာေကတ၊ ေဒၚပုံ၊ သဃၤန္းကြၽန္း ၿမိဳ႕နယ္တို႔တြင္ တိုက္ခန္းမ်ားသည္ ဒုတိယ အဝယ္လိုက္ဆုံးျဖစ္ေၾကာင္း အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းရွင္မ်ားထံမွ သိရပါတယ္။

လက္ရွိအခ်ိန္တြင္ ျပည္တြင္းကုမၸဏီအမ်ားအျပား ေဒဝါလီခံသည့္ သတင္းမ်ား လူမႈကြန္ရက္မွာ ပ်ံ့ႏွံ႕လာေသာေၾကာင့္ ပုဂၢလိကဘဏ္မ်ား ေဒဝါလီခံနိုင္သည္ဟူေသာ သတင္းမ်ားလည္း

ျပည္သူမ်ားအၾကား ပ်ံ့ႏွံ႕လ်က္ ရွိပါတယ္။ အဆိုပါသတင္းေတြအရ လက္ထဲ ပိုက္ဆံကိုင္ထားေသာသူမ်ားက အိမ္ၿခံေျမမ်ားကို အလုအယက္ ဝယ္ယူမႈမ်ား ျဖစ္ေပၚေနတာေၾကာင့္ အိမ္ၿခံေျမေဈးႏႈန္း ၂ ဆ ျဖစ္လာျခင္း ျဖစ္ေၾကာင္း စီးပြားေရး ပညာရွင္တဦးက ေျပာပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*