
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီး မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က ယနေ့တွင် လေကြောင်းမှ
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
လာရောက် ပ စ်ခတ်တို က်ခိုက်လာ၍ ပြန်လည် ပ စ်ခတ်ရာ ရဟတ်ယာဉ် ၁စီး စက်ချို့ယွင်းပြီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း KNU က သတင်းထုတ်ပြန်သည်။
ယနေ့ ဩဂုတ် ၈ရက် နံနက် ၁၀နာရီ တွင် စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ် ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် (၅)ကြိမ် ပ စ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး
ယင်းပ စ်ခတ်မှုတွင် သစ်ပင်များကိုသာ ထိခိုက်ပျက်စီးစေခဲ့ကြောင်း ဖော်ပြထားသည်။ ထိုသို့ လာရောက်ပ စ်ခတ်သည့် လေယာဉ်(ရဟတ်ယာဉ်) နှစ်စီးအနက် ၁ စီးကို
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉)မှ ပြန်လည်ပစ်ခတ်ခဲ့ရာ စက်ချို့ ယွင်း၍ကညင်ကျိုးကျေးရွာစာသင်ကျောင်းဝန်းအ
တွင်းသို့
အမြန်ဆင်းသက်ခဲ့ရကြောင်းထုတ်ပြန်သည်။ KNU ကပြန်လည်ပ စ်ခတ်ရာ ထိ့မှန်၍ရဟတ်ယာဥ်စက်ချို့ယွင်းခြင်းလား ၊ပျံသန်းနေရင်းစက်ချို့ယွင်းခြင်းလာဆိုသည်ကိုမူ
သတင်းထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားခြင်းမရှိသေးပေ။ ထိုသို့ လေကြောင်းမှ ပစ်ခတ်ခြင်းမတိုင်မီ ယမန်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း(၉)တို့ တို က်ပွဲဖြစ်ပွားခဲ့ကြောင်း၊
ဒိုးဒါးတာစုံမှ ကျောက်စရစ်ကျေးရွာသို့ ဝင်ရောက်လာခဲ့သော စစ်ကောင်စီတပ်နှင့် လိန်ပင်ရွာ၊ ပဲသောင်ရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်ကျဆုံး မှုကို
မသိရသေးကြောင်းဖော်ပြထားသည်။ယမန်နေ့တိုက်ပွဲတွင် KNLA တပ်ရင်း(၉)ဘက်က ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။ တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့်
နီးစပ်သော ကျေးရွာများဖြစ်သည့် ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်းနှင့် တောကြောင်ပေါက် စသည့်ကျေးရွာများမှ ကျေးရွာပြည်သူလူထုများ ဘေးလွတ်ရာသို့
ထွက်ပြေး တိမ်းရှောင်နေရကြောင်း ထုတ်ပြန်သည်။ (စစ်ကောင်စီရဟတ်ယာဥ် နှင့် KNU ကပြန်လည်ပစ်ခတ်ရာထိ့မှန်ပြီး အရေးပေါ်ဆင်းသက်ပြီးနောက်တွေ့ရစဥ်။ ခရက်ဒစ် ဓါတ်ပုံ-KNU
Zawgyi code ဖြင့် ဖတ်ရန်
ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) တပ္မဟာ(၃) ေညာင္ေလးပင္ခရိုင္ ေက်ာက္ႀကီး ၿမိဳ႕နယ္အတြင္းသို႔ စစ္ေကာင္စီတပ္က ယေန႕တြင္ ေလေၾကာင္းမွ
လာေရာက္ ပ စ္ခတ္တို က္ခိုက္လာ၍ ျပန္လည္ ပ စ္ခတ္ရာ ရဟတ္ယာဥ္ ၁စီး စက္ခ်ိဳ႕ယြင္းၿပီး အေရးေပၚ ဆင္းသက္ခဲ့ရေၾကာင္း KNU က သတင္းထုတ္ျပန္သည္။
ယေန႕ ဩဂုတ္ ၈ရက္ နံနက္ ၁၀နာရီ တြင္ စစ္ေကာင္စီတပ္က ေက်ာက္ႀကီးၿမိဳ႕နယ္ ပဲေသာင္ေက်း႐ြာ၊ စာသင္ေက်ာင္းအနီးတဝိုက္တြင္ (၅)ႀကိမ္ ပ စ္ခတ္ခဲ့သည္ဟု ထုတ္ျပန္ခဲ့ၿပီး
ယင္းပ စ္ခတ္မႈတြင္ သစ္ပင္မ်ားကိုသာ ထိခိုက္ပ်က္စီးေစခဲ့ေၾကာင္း ေဖာ္ျပထားသည္။ ထိုသို႔ လာေရာက္ပ စ္ခတ္သည့္ ေလယာဥ္(ရဟတ္ယာဥ္) ႏွစ္စီးအနက္ ၁ စီးကို
ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA)၊ တပ္ရင္း(၉)မွ ျပန္လည္ပစ္ခတ္ခဲ့ရာ စက္ခ်ိဳ႕ ယြင္း၍ကညင္က်ိဳးေက်း႐ြာစာသင္ေက်ာင္းဝန္းအ
တြင္းသို႔
အျမန္ဆင္းသက္ခဲ့ရေၾကာင္းထုတ္ျပန္သည္။ KNU ကျပန္လည္ပ စ္ခတ္ရာ ထိ့မွန္၍ရဟတ္ယာဥ္စက္ခ်ိဳ႕ယြင္းျခင္းလား ၊ပ်ံသန္းေနရင္းစက္ခ်ိဳ႕ယြင္းျခင္းလာဆိုသည္ကိုမူ
သတင္းထုတ္ျပန္ခ်က္တြင္ အေသးစိတ္ေဖာ္ျပထားျခင္းမရွိေသးေပ။ ထိုသို႔ ေလေၾကာင္းမွ ပစ္ခတ္ျခင္းမတိုင္မီ ယမန္ေန႕ ညေနပိုင္းက စစ္ေကာင္စီတပ္ႏွင့္ KNLA တပ္ရင္း(၉)တို႔ တို က္ပြဲျဖစ္ပြားခဲ့ေၾကာင္း၊
ဒိုးဒါးတာစုံမွ ေက်ာက္စရစ္ေက်း႐ြာသို႔ ဝင္ေရာက္လာခဲ့ေသာ စစ္ေကာင္စီတပ္ႏွင့္ လိန္ပင္႐ြာ၊ ပဲေသာင္႐ြာအၾကားတြင္ တိုက္ပြဲျဖစ္ပြားခဲ့ရာ စစ္ေကာင္စီတပ္က ထိခိုက္က်ဆဳံး မႈကို
မသိရေသးေၾကာင္းေဖာ္ျပထားသည္။ယမန္ေန႕တိုက္ပြဲတြင္ KNLA တပ္ရင္း(၉)ဘက္က ထိခိုက္က်ဆဳံးမရွိဟု အသိေပးထားသည္။ တိုက္ပြဲျဖစ္ပြားသည့္ ေနရာႏွင့္
နီးစပ္ေသာ ေက်း႐ြာမ်ားျဖစ္သည့္ ပဲေသာင္၊ လိန္ပင္၊ ေက်ာက္စရစ္၊ ေသာင္ပု၊ အင္တိုင္းကုန္းႏွင့္ ေတာေၾကာင္ေပါက္ စသည့္ေက်း႐ြာမ်ားမွ ေက်း႐ြာျပည္သူလူထုမ်ား ေဘးလြတ္ရာသို႔
ထြက္ေျပး တိမ္းေရွာင္ေနရေၾကာင္း ထုတ္ျပန္သည္။ (စစ္ေကာင္စီရဟတ္ယာဥ္ ႏွင့္ KNU ကျပန္လည္ပစ္ခတ္ရာထိ့မွန္ၿပီး အေရးေပၚဆင္းသက္ၿပီးေနာက္ေတြ႕ရစဥ္။ ခရက္ဒစ္ ဓါတ္ပုံ-KNU
Leave a Reply