အဖိတ်အစင်များမှာကြောက်ပြီး အဖိတ်ဥပုသ် ကျောင်းပိတ်ရာကနေ ယတြာအရ တနင်္ဂနွေ ဥပုသ်ရက်ကို ပြောင်းလည်းသတ်မှတ်

စစ်ကောင်စီက ဝါတွင်းကာလ ကျောင်းပိတ်ရက်ကို ဗေဒင်ယတြာအရ အဖိတ်အစင်များမှာ ကြောက်ပြီး အဖိတ်ဥပုသ်ရက် ကျောင်းပိတ်ခဲ့ရာကနေ

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

တနင်္ဂနွေ ဥပုသ်ရက်ကို ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်တယ်လို့ ကျောင်းအုပ်ဆရာတဦးဆီက သိရပါတယ်။ ဝါတွင်းကာလ အစောပိုင်းက အဖိတ်ဥပုသ်ရက်ကျောင်းပိတ်ခဲ့ပြီးနောက်မှ

ဗေဒင်ယတြာအရ ပြောင်းလည်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ “အခုနှစ်ဝါတွင်းကာလ အစောပိုင်းက အဖိတ်ဥပုသ်ကျောင်းပိတ်တာ နောက်မှစာပဲဝင်သလား နူတ်မိန့်ပဲလားမသိဘူး။

တနင်္ဂနွေဥပုသ်ရက် ပိတ်ရမယ်ဆိုပြီး ပြောင်းပိတ်လိုက်တာ သူတို့ဘက်က အဖိတ်အစင်များမှာစိုးလို့ ဗေဒင်ယတြာအရ အဖိတ်နေ့ကို မပိတ်တော့တာလိုတော့ အတွင်းသတင်းရတယ်” လို့

ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။ တနင်္ဂနွေနဲ့ ဥပုသ်နေ့ကို မြို့ပေါ်ကျောင်းတွေမှာပဲပိတ်ပြီး ကျေးရွာတွေမှာတော့ မြို့နယ်ရုံးရယ် ထက်လယ်မူကျောင်းအုပ်တွေရယ် အုပ်စုမှူးတွေရယ်ညှိပြီး

အားလုံးအဆင်ပြေမယ့်ရက်ကိုကျောင်းပိတ်ရက်သတ်မှတ်ကြတယ်လို့ ဆိုပါတယ်။ “ရွာကျောင်းတွေမှာတော့ သူ့အစီအစဉ်နဲ့သူ ပိတ်ကြတာ ဘယ်လိုပိတ်ပိတ် ပဲခူးတိုင်းတတိုင်းလုံး ကျောင်းခေါ် ချိန်စာအုပ်မှာ

တနင်္ဂနွေ ဥပုသ်ပဲ ပြပေးရတယ်။ မြို့ပေါ်ကျောင်းတွေကတော့ တနင်္ဂနွေ ဥပုသ်ပဲ ပိတ်ရတယ်။ တိုင်းစစ်ဆေးရေးဝင်ရင် အဆင်မပြေမှာစိုးလို့ သတ်မှတ်ရက်ကိုပဲ ပိတ်ကြတယ်” လို့ မူလတန်းကျောင်းအုပ်

ဆရာကြီးတဦးက ပြောပါတယ်။အဖိတ်ဥပုသ်ကျောင်းပိတ်ရက်က ခရစ်ယာန်တွေအတွက် အဆင်မပြေလို့ဆိုပြီး စစ်ကောင်စီက အကြောင်းပြပေမယ့် အစ္စလာမ်ဘာသာဝင်တွေရဲ့

သောကြာနေ့ကို ထည့်မတွက်တဲ့သဘော ဘာသာရေးကို အလေးထားသလိုနဲ့ အပေါ်ယံဗန်းပြနေတာ သူတို့ယတြာချေနေတာသာဖြစ်တယ်လို့ ဗုဒ္စဘာသာဝင် သံဃာတော်တပါးကလည်း ဆိုပါတယ်။ ပဲခူးတိုင်းတတိုင်းလုံးကို

တနင်္ဂနွေဥပုတ်ကျောင်းပိတ် ရက်အဖြစ် စစ်ကောင်စီက တရားဝင် သတ်မှတ်ထားတာနဲ့ပက်သက်လို့ မြေလတ်အသံအနေနဲ့ စုံစမ်းနေဆဲဖြစ်ပြီး၊ ပဲခူးတိုင်းအတွင်းက တခြို့မြို့နယ်တွေမှာတော့

ကျောင်းပိတ်ရက်ကို အဖိတ်ဥပုတ်အဖြစ်ဆက် လက်ထားရှိပြီး၊ မြို့နယ်တချို့မှာတော့ တနင်္ဂနွေဥပုတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။လောကီအစီအရင်တွေကို အလွန်အမင်ယုံကြည်သက် ဝင်တဲ့

စစ်ခေါင်းဆောင်တွေဟာ သူတို့အာဏာသိမ်းပြီးနောက်ပိုင်း အကျအဆုံးအထိအခိုက်များလာတဲ့အပေါ် အလွန်အမင်စိုးရိမ်နေတာကြောင့် အဖိတ်အစင်မရှိစေဖို့

အခုလို ကျောင်းပိတ်ရက်တွေအပေါ် ယတြာချေတဲ့အနေနဲ့ သတ်မှတ်တာဖြစ်တယ်လို့ ပညာရေးအသိုင်း အဝိုင်းက ဆိုပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

စစ္ေကာင္စီက ဝါတြင္းကာလ ေက်ာင္းပိတ္ရက္ကို ေဗဒင္ယၾတာအရ အဖိတ္အစင္မ်ားမွာ ေၾကာက္ၿပီး အဖိတ္ဥပုသ္ရက္ ေက်ာင္းပိတ္ခဲ့ရာကေန

တနဂၤေႏြ ဥပုသ္ရက္ကို ေျပာင္းလဲသတ္မွတ္လိုက္တာျဖစ္တယ္လို႔ ေက်ာင္းအုပ္ဆရာတဦးဆီက သိရပါတယ္။ ဝါတြင္းကာလ အေစာပိုင္းက အဖိတ္ဥပုသ္ရက္ေက်ာင္းပိတ္ခဲ့ၿပီးေနာက္မွ

ေဗဒင္ယၾတာအရ ေျပာင္းလည္းခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။ “အခုႏွစ္ဝါတြင္းကာလ အေစာပိုင္းက အဖိတ္ဥပုသ္ေက်ာင္းပိတ္တာ ေနာက္မွစာပဲဝင္သလား ႏူတ္မိန႔္ပဲလားမသိဘူး။

တနဂၤေႏြဥပုသ္ရက္ ပိတ္ရမယ္ဆိုၿပီး ေျပာင္းပိတ္လိုက္တာ သူတို႔ဘက္က အဖိတ္အစင္မ်ားမွာစိုးလို႔ ေဗဒင္ယၾတာအရ အဖိတ္ေန႕ကို မပိတ္ေတာ့တာလိုေတာ့ အတြင္းသတင္းရတယ္” လို႔

ပညာေရးဝန္ထမ္းတဦးက ေျပာပါတယ္။ တနဂၤေႏြနဲ႕ ဥပုသ္ေန႕ကို ၿမိဳ႕ေပၚေက်ာင္းေတြမွာပဲပိတ္ၿပီး ေက်း႐ြာေတြမွာေတာ့ ၿမိဳ႕နယ္႐ုံးရယ္ ထက္လယ္မူေက်ာင္းအုပ္ေတြရယ္ အုပ္စုမႉးေတြရယ္ညွိၿပီး

အားလုံးအဆင္ေျပမယ့္ရက္ကိုေက်ာင္းပိတ္ရက္သတ္မွတ္ၾကတယ္လို႔ ဆိုပါတယ္။ “႐ြာေက်ာင္းေတြမွာေတာ့ သူ႕အစီအစဥ္နဲ႕သူ ပိတ္ၾကတာ ဘယ္လိုပိတ္ပိတ္ ပဲခူးတိုင္းတတိုင္းလုံး ေက်ာင္းေခၚ ခ်ိန္စာအုပ္မွာ

တနဂၤေႏြ ဥပုသ္ပဲ ျပေပးရတယ္။ ၿမိဳ႕ေပၚေက်ာင္းေတြကေတာ့ တနဂၤေႏြ ဥပုသ္ပဲ ပိတ္ရတယ္။ တိုင္းစစ္ေဆးေရးဝင္ရင္ အဆင္မေျပမွာစိုးလို႔ သတ္မွတ္ရက္ကိုပဲ ပိတ္ၾကတယ္” လို႔ မူလတန္းေက်ာင္းအုပ္

ဆရာႀကီးတဦးက ေျပာပါတယ္။အဖိတ္ဥပုသ္ေက်ာင္းပိတ္ရက္က ခရစ္ယာန္ေတြအတြက္ အဆင္မေျပလို႔ဆိုၿပီး စစ္ေကာင္စီက အေၾကာင္းျပေပမယ့္ အစၥလာမ္ဘာသာဝင္ေတြရဲ႕

ေသာၾကာေန႕ကို ထည့္မတြက္တဲ့သေဘာ ဘာသာေရးကို အေလးထားသလိုနဲ႕ အေပၚယံဗန္းျပေနတာ သူတို႔ယၾတာေခ်ေနတာသာျဖစ္တယ္လို႔ ဗုဒၥဘာသာဝင္ သံဃာေတာ္တပါးကလည္း ဆိုပါတယ္။ ပဲခူးတိုင္းတတိုင္းလုံးကို

တနဂၤေႏြဥပုတ္ေက်ာင္းပိတ္ ရက္အျဖစ္ စစ္ေကာင္စီက တရားဝင္ သတ္မွတ္ထားတာနဲ႕ပက္သက္လို႔ ေျမလတ္အသံအေနနဲ႕ စုံစမ္းေနဆဲျဖစ္ၿပီး၊ ပဲခူးတိုင္းအတြင္းက တၿခိဳ႕ၿမိဳ႕နယ္ေတြမွာေတာ့

ေက်ာင္းပိတ္ရက္ကို အဖိတ္ဥပုတ္အျဖစ္ဆက္ လက္ထားရွိၿပီး၊ ၿမိဳ႕နယ္တခ်ိဳ႕မွာေတာ့ တနဂၤေႏြဥပုတ္အျဖစ္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ေလာကီအစီအရင္ေတြကို အလြန္အမင္ယုံၾကည္သက္ ဝင္တဲ့

စစ္ေခါင္းေဆာင္ေတြဟာ သူတို႔အာဏာသိမ္းၿပီးေနာက္ပိုင္း အက်အဆုံးအထိအခိုက္မ်ားလာတဲ့အေပၚ အလြန္အမင္စိုးရိမ္ေနတာေၾကာင့္ အဖိတ္အစင္မရွိေစဖို႔

အခုလို ေက်ာင္းပိတ္ရက္ေတြအေပၚ ယၾတာေခ်တဲ့အေနနဲ႕ သတ္မွတ္တာျဖစ္တယ္လို႔ ပညာေရးအသိုင္း အဝိုင္းက ဆိုပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*