လူရွှင်တော်တစ်ယောက်လည်းဖြစ်သလို ဟာသသရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ လန်ဒန်ကို မသိတဲ့သူမရှိလောက်ဘူးလို့ထင်ပါတယ်။ လန်ဒန်ဟာ သူ့ရဲ့ထူးခြားတဲ့အသံကြောင့်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပရိသတ်တွေအမြဲတမ်းမှတ်မိနေသူဖြစ်ပြီး လန်ဒန်လို့ဆိုလိုက်တာနဲ့ သူ့ရဲ့အသံကိုပါကြားယောင်ကြတဲ့အထိပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လန်ဒန်က စေတနာကောင်းရင်
ကံကောင်းတယ်ဆိုတဲ့စကားနဲ့အညီ သူကံကောင်းခဲ့တဲ့အကြောင်းလေးကို အခုလိုပဲမျှဝေလာပါတယ်။လူရွှင်တော်လန်ဒန်က ငွေကျပ် တစ်သောင်းနှစ်ထောင့်ငါးရာကျပ်နဲ့ ဝယ်ယူခဲ့တဲ့
ကံစမ်းမဲလက်မှတ်တစ်စောင်ကြောင့် YAMAHA MT-15 ဆိုင်ကယ်တစ်စီးလက်ဆောင်ရရှိခဲ့ကြောင်းကို “စေတနာကောင်းရင်ကံကောင်းတယ်တဲ့ စေတနာကောင်းလို့ထင်ပါရဲ့
သားကြီးထိုးထားတဲ့ဆိုင်ကယ်မဲပေါက်လို့အိမ်ကိုရောက်လာခဲ့ပါပြီ အားလုံးထပ်တူထပ်မျှဝမ်းသာနိုင်ကြပါစေခင်ဗျာ့” ဆိုပြီး အပျော်တွေမျှဝေလာပါတယ်။ လူရွှင်တော်လန်ဒန်ကတော့ သားဖြစ်သူကြောင့်
ငွေလေးတစ်သောင်းကျော်ရင်းနှီးပြီး အမိုက်စားဆိုင်ကယ်တစ်စီးရရှိခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကံကောင်းလွန်းတဲ့ လူရွှင်တော်လန်ဒန်ကို အားကျနေကြပြီထင်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply