ဘဝရဲ့ ပထမဦးဆုံးဖြစ်တဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်တော့မည်ဖြစ်ကြောင်း စတင်မိတ်ဆက်လာတဲ့ စိုးပြည့်သဇင်
ပရိသတ်ကြီးရေ သရုပ်ဆောင်စိုးပြည့်သဇင်ကတော့ အနုပညာ နယ်ပယ်မှာ အောင်မြင်နေတဲ့ မင်းသမီးတစ်လက် လည်းဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဒီနေ့မှာတော့ သရုပ်ဆောင်စိုးပြည့်သဇင်က တစ်ဦးတည်းပိုင်တဲ့ ပိုးထည်ဆိုင်လေး ဖွင့်သွားမယ့်အကြောင်းပြောပြလာတာဖြစ်ပါတယ်။ စိုးပြည့်သဇင်က စိုးပြည့်ရဲ့ချစ်ရသူလေး တို့ရေ မင်္ဂလာပါ ရှင့်။
ဒီ post လေးကြောင့် တစ်စုံတစ်ရာ အနှောင့်အယှက်ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်နော်။အပြစ်မမြင်ပဲ ချစ်ခင်စွာနဲ့ ဝန်းရံအားပေးကြပါဦးလို့၊ဒီနေ့မှာ စိုးပြည့်က စိုးပြည့်ရဲ့ ကိုယ်ပိုင် လုပ်ငန်းလေး ဖြစ်တဲ့
Soe Pyae -Silk&Lace နဲ့မိတ်ဆက်ပေးပါရစေရှင့်ဒီလုပ်ငန်းလေးက စိုးပြည့် တစ်ဦးတည်းပိုင်လုပ်ငန်းလေးပါ။ ဒီ Soe Pyae -Silk&Lace ကနေပြီးတော့ မြန်မာ အမျိုးသမီးလေးတွေ အတွက်
အမြတ်တနိုး ဝတ်ဆင်ကြရတဲ့ မြန်မာ့ရိုးရာ ပိုးစစ်ချိတ် ပိုးဖဲချိတ် လေးတွေကိုမိမိတို့ပွဲနှင့် လိုက်ဖက်ညီစွာဆင်မြန်းနိုင်စေဖို့ရာ အဖိုးနှုန်း သင့်တင့်စွာ နဲ့ရောင်းချပေးပါမယ်နော်။ဒါ့အပြင် မင်္ဂလာပွဲဝင်
သတို့သမီး လေးတွေတစ်သက်မှာ တစ်ခါလုပ်ခွင့်ရကြတဲ့လက်မှတ် ထိုးဆွမ်းကပ် ဧည့်ခံ အခမ်းအနားလေးတွေမှာ မင်္ဂလာသတို့သမီးလေးတွေရဲ့ ပွဲနဲ့လိုက်လျောညီစွာဝတ်ဆင်နိုင်မယ့်ပွဲတက်ဝတ်စုံလေးများကိုလည်း
Soe Pyae- Silk &Lace ကနေပြီးတော့ သင်တင့်မျှတတဲ့စျေးနှုန်းလေးနဲ့ရောင်းချပေးပါမယ်ရှင့်။ဆိုင်ဖွင့်ဖို့ စီစဉ်ထားပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ခုလောလောဆယ် online ကနေရောင်းချပေးပါ မယ်ရှင်ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*