တစ်ဒေါ်လာ (၂၁၀၀) ကျပ် သတ်မှတ်လိုက်ခြင်းကြောင့် တိုင်းပြည် စီးပွားရေး ပြန်လည် ဦးမော့လာမည်ဟု ဆို…See more
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းအဖြစ် တစ်ဒေါ်လာကို ၁၈၅၀ ကျပ် သတ်မှတ်ထားခြင်းကနေ ဩဂုတ် ၅ ရက်နေ့မှစတင်ပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ကျပ် ၂၁၀၀ ကို တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ ဧပြီလ ၄ ရက်နေ့မှ စတင်ပြီး ရည်ညွှန်းဈေး ၁၈၅၀ ကျပ်ကို (၄) လကျော်အကြာ ပုံသေသတ်မှတ်ခဲ့ပြီးနောက်
ပြန်လည်ပြင်ဆင်လိုက်ခြင်းသည် ကျပ်ငွေတန်ဖိုး မြင့်တက်လာစေဖို့ ဗဟိုဘဏ်က ချိန်ရွယ်ထားပါတယ်။ ဗဟိုဘဏ်ရဲ့ ယခုလို ဆုံးဖြတ်ချက်က အတက်ကြမ်းနေတဲ့
နိုင်ငံခြားငွေကြေးဈေးကွက် (အထူးအဖြင့် ကန်ဒေါ်လာငွေလဲနှုန်း) ကို ထိန်းညှိရာတွင် အပြုသဘောဆောင်တဲ့ တိုးတက်မှုတစ်ခုလို့လည်း ဘဏ်လုပ်ငန်းနဲ့ နီးစပ်သူအချို့က ဆိုကြပါတယ်။
အခုလို ကြေညာလိုက်တာဟာ ပို့ကုန်ရော သွင်းကုန်လုပ်ငန်းရှင်တွေအတွက်ပါ အရင်ထက်စာရင် အဆင်ပြေလာနိုင်ပြီး လုပ်ရကိုင်ရ အကျိုးရှိလာဖို့ မျှော်လင့်မိတယ်လို့
မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို တင်းကျပ်မှုတွေ မထားဘဲ ဖြေလျှော့တာတွေ ဆက်လုပ်ပေးမယ်ဆိုရင်
တိုင်းပြည် စီးပွားရေး ပြန်လည် ဦးမော့လာမယ်လို့လည်း သူကဆိုပါတယ်။ဗဟိုဘဏ်ကြေညာပြီးနောက် ပြည်တွင်းပြောင်းဈေးလည်း ပြန်တက်လာပြီး ဆန်၊ ပဲ၊ ပြောင်း လုပ်ငန်းရှင်တွေ အတွက်
အသက်ရှူချောင်တဲ့ အနေအထား ပြန်ဖြစ်လာတယ်လို့လည်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးဖြိုးကိုကိုနိုင်က ပြောပါတယ်။ ဗဟိုဘဏ်ဖြေလျှော့ပေးပြီးနောက်
ပို့ကုန် အသင့်အတင့် ပြန်လုပ်လို့ ရတဲ့အနေအထားဖြစ်ပြီး ငွေဈေးတွေ ပြန်ကျလာနိုင်ချေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကိုပဲ ကျပ်ငွေပြောင်းလဲရမယ့် ညွှန်ကြားချက်ဟာ
ဩဂုတ် ၅ ရက်က စတင် အသက်ဝင်နေဖြစ်ပြီး ဒေါ်လာပေါက်ဈေးအပြင် ဥရောပယူရို၊ စင်ကာပူ ဒေါ်လာစတဲ့ နိုင်ငံခြား ငွေလဲနှုန်းကိုလည်း ဗဟိုဘဏ်က ပြောင်းလဲ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
တစ်ဖက်ကလည်း ပြင်ပဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြစ်နေတဲ့ ဈေးကွက်ကို ဗဟိုဘဏ်က သတိပြုမိလာပြီးနောက် ရည်ညွှန်းဈေးကို ကျပ် ၂၁၀၀ အထိ မြှင့်တင်လိုက်ခြင်းက
ပြင်ပဈေးနဲ့ ကွာဟချက် မြင့်မားနေခြင်းကို အနီးစပ်ဆုံး ညှိယူလိုက်တဲ့ သဘောဆောင်ကြောင်း စီးပွားရေးအကဲခတ်အချို့က သုံးသပ်ကြပါတယ်။ ဒီလို ဗဟိုဘဏ်ရဲ့ ၂၁၀၀ ကျပ်အထိ လျှော့ချပေးခြင်းက
စီးပွားရေးကျဆင်းလာတဲ့ လက္ခဏာရပ်တွေ ထင်သာမြင်သာ ရှိလာတာကြောင့်လို့ ယူဆကြပြီး မြင့်တက်နေတဲ့ ဒေါ်လာဈေးက ထင်သလောက် ကျဆင်းမှာ မဟုတ်သေးဘူးလို့လည်း ဆိုကြပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*