နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ မင်းမော်ကွန်းကတော့ လက်ရှိစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်တော်လှန်နေသူတစ်ယောက်ဖြစ်ပါတယ်။ မင်းမော်ကွန်းက တော်လှန်ရေးအတွက် ပြည်သူ့ထောက်ပို့တပ်သားတစ်ယောက်အဖြစ်
အရေးတော်ပုံအတွက် လိုအပ်တဲ့ရန်ပုံငွေတွေကို ရှာဖွေပေးနေတာပဲဖြစ်ပါတယ်။ တော်လှန်ရေးအတွက် ပြည်သူအားလုံးကို အာရုံစိုက်စေချင်တဲ့ မင်းမော်ကွန်းဟာ
သူ့ရဲ့စိတ်ထဲဘဝမကျတာတွေ့ရင်လည်း ပြောဆိုဖို့ ဝန်မလေးတတ်သူတစ်ယောက်ဖြစ်ပါတယ်။ မင်းမော်ကွန်းက “ခင်များတို့ပဲ $ မှတ်မရှိကြနဲ့။ ဆူတော့လည်းဆူတယ် ဆဲတော့လည်းဆဲတယ်
ရိုင်းတော့လည်းရိုင်းတယ်ဆိုဗျ။ ကိုဂျင်မီ ဇေယျာသော်ဆိုပြီး ယူကြုံးမရ ဖြစ်နေကြသူတွေ အခုတော့ သင်ဇာဝင့်ကျော် နန်းမွေစံဆိုပြီး ပိုစ်တွေတင်စောက်ရေးကြီးကြတယ်ပေါ့။
ခင်များတို့ကိုစနစ်တကျလုပ်နေတယ်ဆိုတာရော သတိမှထားမိပါရဲ့လား။ သူရဲကောင်းတွေကိုခင်များတို့ခဏနဲ့မေ့သွားအောင် ဒီလိုတွေလုပ်နေကြတယ်ဆိုတာကိုလေ။ သတိထားကြပါဗျာ။
တော်လှန်ရေးသတိလေး ရှိပေးကြပါ။ SPECIAL EDIT ၈၈၈၈ ကပ်နေပြီ အဲ့ဒါသတိရ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့ ဂျင်မီ ဇေယျာသော်ဆိုပြီး ယူကြုံးမရဖြစ်နေသူတွေဟာ
သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ကို အရေးတယူလုပ်နေကြပြန်ပြီလို့ ပြောလာတာပဲဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့ တော်လှန်ရေးမှာ ပန်းတိုင်ကိုပဲ အာရုံစိုက်စေဖို့ စေတနာဒေါသဖြစ်စွာနဲ့ ပြောလာတာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply