ငယ်ဘဝ အမှတ်တရ ပုံလေးတွေကို ကြည့်ရင်း ထိုအချိန်တွေကို ပြန်လိုချင်ကြောင်း ရင်ဖွင့်လာခဲ့တဲ့ အဆိုတော် အေးချမ်းမေ
အသံပါဝါ အားကောင်းကောင်းနဲ့ တေး သီချင်းများစွာကို သီဆိုနေသူကတော့ အဆိုတော် အေး ချမ်းမေပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိ ပြည်ပနိုင်ငံမှာနေထိုင်ရင်း
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်လျက် ရှိနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့သီချင်းလေးတွေကို အခုထိ အားပေးနားဆင်နေကြဆဲဖြစ်ပါတယ်။
သူမရဲ့ လှုပ်ရှားမှုတွေ တိုင်းကိုလည်း ပရိသတ်တွေ အမြဲသိရှိနိုင်အောင် အမြဲလိုလို ဝေမျှပေးနေတာ ဖြစ်ပါတယ်။ပရိသတ်တွေချစ်ရတဲ့ အေးချမ်းမေဟာ ဒီကနေ့မှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့
ငယ်ဘဝပုံရိပ်လေးကို ပြသလာပါတယ်။ အေးချမ်းမေက သူမငယ်ငယ်ကဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေရင်း “ဒီအချိန်တွေပြန်လိုချင်တယ်။ သြော် အသက်တွေကြီးလာပြီပဲ။
ဘယ်နေ့သွားရမလဲမသိ ဘဝ ဘဝ ဘဝ” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ အေးချမ်းမေကတော့ အသက်အရွယ်တစ်ခုရောက်ရှိလာခဲ့ပြီဆိုပေမယ့် ပရိသတ်တွေကတော့
အရင်အတိုင်းချစ်ခင်အားပေးနေကြဆဲဖြစ်ပြီး သူမရဲ့သီချင်းတွေဟာလည်း လတ်ဆတ်နေဆဲဖြစ်ပါတယ်။အသက်ကြီးပေမယ့်လည်း လှမြဲလှဆဲဖြစ်နေတဲ့ အေးချမ်းမေရဲ့
ငယ်ဘဝပုံရိပ်လေးတွေကိုကြည့်ပြီး တချိန်က အေးချမ်းမေကို သတိရနေကြမယ်ထင်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*