
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ထဲမှာ စကစ လက် အောက်ခံ ရဲတွေနဲ့ဒေသအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်ပြီးတရားမဝင် ပေါ်ပေါ်တင်တင်လုပ်လာတဲ့ လောင်းကစားဝိုင်းတွေကို
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
ဒေသခံတွေက သတင်းပေးတာ တိုင်ကြားတာတွေလုပ်ရင် တိုင်ကြားတဲ့သူကိုပဲ ဖမ်းဆီးမယ်လို့အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ပြောဆိုနေလို့ မတိုင်ရဲဖြစ်နေပါတယ်။ မြန်အောင်မြို့နယ်ထဲက
အင်ပင်တိုက်နယ်အတွင်းမှာရှိတဲ့ သခွပ်ကွင်း၊ တောကျွဲလူး၊ ငါးသိုင်းအင်း၊ အင်ပင်ကြည်၊ သာအေးဘုရား၊ ငှက်ကြီးကွင်း၊ လက်ပံကွင်း၊ ရွာသစ်ကုန်း စတဲ့ကျေးရွာတွေမှာ တရားမဝင် လောင်း ကစားဝိုင်းတွေကို
ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး၊နယ်ထိန်းဆိုသူတွေက နယ်မြေရဲစခန်းမှူးနဲ့ပေါင်းပြီး လောင်းကစားဝိုင်း ၁ ခုကို ငွေကျပ် ၂ သိန်းစခန်းမှူးဆီပေးပြီးတော့ လုပ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
“လောင်းကစားဝိုင်းတွေက မုန့်ဟင်းခါးရောင်းသလိုကို လုပ်နေကြတာပါ။ စကစနဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးလုပ်ကြတာပါ၊ အဓိက နယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့တွေက ခေါင်းဆောင်းပြီး
လုပ်ဖြစ်တော့ တရားဝင်သဖွယ်ဖြစ်နေတာပေါ့၊ လောင်းကစားတွေပေါလာလို့ သူခိုးတွေလဲပေါလာ ခါးပိုက်နှိုက်တွေလည်းပေါ ဓ ားပြတို က်တဲ့သူတွေလည်း ပေါလာတယ်၊ ဒေသခံတစ်ဦးအနေနဲ့
ရဲတိုင်လည်းမဖမ်းဘူး၊ နယ်မြေခံအုပ်ကြီးကိုတိုင်တော့လည်း တိုင်တဲ့သူပဲဖမ်းမယ်တဲ့ တရားဥပဒေစိုးမိုးချက်တော့ ကမ်းကုန်ပဲ” လို့ဒေသခံတစ်ဦးကပြောပါတယ်။ မြန်အောင်မြို့နယ်မှာ လောင်းကစားဝိုင်းတွေ
ပေါ်ပေါ် တင်တင်တရားဝင်သဖွယ် လုပ်လာပြီးနောက် ဆိုင်ကယ်တွေအခိုးခံရတာ၊ ကားဘက်ထရီအိုးတွေအခိုးခံရတာ၊ ဆိုလာပြားတွေအခိုးခံရတာတွေ ဖြစ်နေတဲ့အပြင်
ဆွဲကြိုးအဖြ တ်ခံရတာနဲ့ ပိုက်ဆံအလုခံရတာတွေပါ ဖြစ်ပွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စကစ အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းထဲက မြို့နယ်ထဲမှာငွေကြေးယူပြီး
တရားမဝင် လောင်းကစားဝိုင်းတွေကို ခွင့်ပြုပေးထားလို့ ယခုအချိန်မှာ တရားဝင်သဖွယ် ပေါ်ပေါ်တင်တင်လုပ်လာကြတာတွေ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ဧရာဝတီတိုင္း၊ ျမန္ေအာင္ၿမိဳ႕နယ္ထဲမွာ စကစ လက္ ေအာက္ခံ ရဲေတြနဲ႕ေဒသအုပ္ခ်ဳပ္ေရးမႉးေတြ ပူးေပါင္ၿပီးတရားမဝင္ ေပၚေပၚတင္တင္လုပ္လာတဲ့ ေလာင္းကစားဝိုင္းေတြကို
ေဒသခံေတြက သတင္းေပးတာ တိုင္ၾကားတာေတြလုပ္ရင္ တိုင္ၾကားတဲ့သူကိုပဲ ဖမ္းဆီးမယ္လို႔အုပ္ခ်ဳပ္ေရးမႉးက ၿခိမ္းေျခာက္ေျပာဆိုေနလို႔ မတိုင္ရဲျဖစ္ေနပါတယ္။ ျမန္ေအာင္ၿမိဳ႕နယ္ထဲက
အင္ပင္တိုက္နယ္အတြင္းမွာရွိတဲ့ သခြပ္ကြင္း၊ ေတာကြၽဲလူး၊ ငါးသိုင္းအင္း၊ အင္ပင္ၾကည္၊ သာေအးဘုရား၊ ငွက္ႀကီးကြင္း၊ လက္ပံကြင္း၊ ႐ြာသစ္ကုန္း စတဲ့ေက်း႐ြာေတြမွာ တရားမဝင္ ေလာင္း ကစားဝိုင္းေတြကို
ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႕ ရာအိမ္မႉး၊နယ္ထိန္းဆိုသူေတြက နယ္ေျမရဲစခန္းမႉးနဲ႕ေပါင္းၿပီး ေလာင္းကစားဝိုင္း ၁ ခုကို ေငြက်ပ္ ၂ သိန္းစခန္းမႉးဆီေပးၿပီးေတာ့ လုပ္ေနၾကတာျဖစ္တယ္လို႔ သိရပါတယ္။
“ေလာင္းကစားဝိုင္းေတြက မုန႔္ဟင္းခါးေရာင္းသလိုကို လုပ္ေနၾကတာပါ။ စကစနဲ႕ အုပ္ခ်ဳပ္ေရးမႉးအဖြဲ႕ေတြနဲ႕ ပူးေပါင္းၿပီးလုပ္ၾကတာပါ၊ အဓိက နယ္ေျမခံ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြက ေေခါင္းေဆာင္းၿပီ
လုပ္ျဖစ္ေတာ့ တရားဝင္သဖြယ္ျဖစ္ေနတာေပါ့၊ ေလာင္းကစားေတြေပါလာလို႔ သူခိုးေတြလဲေပါလာ ခါးပိုက္ႏွိုက္ေတြလည္းေပါ ဓ ားျပတို က္တဲ့သူေတြလည္း ေပါလာတယ္၊ ေေဒသခံတစ္ဦးအေနနဲ႕
ရဲတိုင္လည္းမဖမ္းဘူး၊ နယ္ေျမခံအုပ္ႀကီးကိုတိုင္ေတာ့လည္း တိုင္တဲ့သူပဲဖမ္းမယ္တဲ့ တရားဥပေဒစိုးမိုးခ်က္ေတာ့ ကမ္းကုန္ပဲ” လို႔ေဒသခံတစ္ဦးကေျပာပါတယ္။ ျမန္ေအာင္ၿမိဳ႕နယ္မွာ ေလာင္းကစားဝိုင္းေတြ
ေပၚေပၚ တင္တင္တရားဝင္သဖြယ္ လုပ္လာၿပီးေနာက္ ဆိုင္ကယ္ေတြအခိုးခံရတာ၊ ကားဘက္ထရီအိုးေတြအခိုးခံရတာ၊ ဆိုလာျပားေတြအခိုးခံရတာေတြ ျဖစ္ေနတဲ့အျပင္
ဆြဲႀကိဳးအျဖ တ္ခံရတာနဲ႕ ပိုက္ဆံအလုခံရတာေတြပါ ျဖစ္ပြားလာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စကစ အာဏာသိမ္းၿပီးေနာက္ ဧရာဝတီတိုင္းထဲက ၿမိဳ႕နယ္ထဲမွာေငြေၾကးယူၿပီး
တရားမဝင္ ေလာင္းကစားဝိုင္းေတြကို ခြင့္ျပဳေပးထားလို႔ ယခုအခ်ိန္မွာ တရားဝင္သဖြယ္ ေပၚေပၚတင္တင္လုပ္လာၾကတာေတြ႕ရတယ္လို႔ ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။ ခရက္ဒစ္
Leave a Reply