ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ပိုးအိအိခန့်ကတော့ အွန်လိုင်းပေါ်မှာ ဂိမ်းကစားရင်း ခင်မင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ဘောလုံးကစားသမား အောင်သူနဲ့ ဖူးစာဆုံခဲ့တာပဲ ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သရုပ်ဆောင် ပိုးအိအိခန့်က လက်ရွေးစင်ဘောလုံးသမား အောင်သူနဲ့ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်ကပဲ လက်ထပ်ခဲ့ကြပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေး သွင်ဦးဟန်နဲ့
အေးချမ်းဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပါတယ်။ ပရိသတ်တွေကလည်း အောင်သူနဲ့ ပိုးအိအိခန့်တို့ မိသားစုလေးကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲဖြစ်ပါတယ်။
ပိုးအိအိခန့်တို့ရဲ့ သားလေး သွင်ဦးဟန်ကလည်း အခုဆိုရင် (၃) နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်တာကြောင့် ကျောင်းစတက်နေရပြီပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုးအိအိခန့်က
ပထမဦးဆုံးကျောင်းစတက်တဲ့ရက်က သားလေးရဲ့ ပုံရိပ်လေးတွေကိုမျှဝေကာ “Today is the first day of school Outdoor activities တွေပြီးတော့ ငိုပါတယ်ရှင် ” ဆိုပြီး
ကစားပြီးငိုတဲ့သားလေးအကြောင်းကို ပြောပြလာပါတယ်။ သွင်ဦးဟန်လေးကတော့ ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင်ပဲ အရွယ်ရောက်လာခဲ့ပြီး အခုဆိုရင် ကျောင်းတက်တဲ့အရွယ်ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။
သားလေးသွင်ဦးဟန်လည်း ပညာတတ်ကြီးဖြစ်ပြီး လူတော်လူကောင်းလေးတစ်ယောက်ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply