
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်က သရက်တောကျောင်းတိုက် သဘာဝတရားရိပ်သာရှေ့မှာ နေ့စဉ် နေ့လယ်စာ ထမင်းနဲ့ဟင်း ဝေငှလှူဒါန်းနေတာ တစ်နှစ်ကျော်နေပါပြီ။
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
အခုလို အကျပ်အတည်းကာလမှာ နေ့စဥ် ထမင်းနပ်မှန်အောင် မစားနိုင်သူတွေအတွက်ကတော့ ဒီလှူဒါန်းမှုက နတ်သုဒ္ဓါလို တန်ဖိုးကြီးလှပါတယ်။လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစလို့
သဘာဝတရားရိပ်သာ တာဝန်ခံဆရာတော် ဆွမ်းခံလို့ရတဲ့ အထဲက ထမင်းဟင်းအနည်းငယ်ကို ဖယ်ပြီး လိုအပ်သူ ငါးယောက်လောက်ကို စတင်ပေးဝေခဲ့ရာကနေ
အခုလို လူ ငါးရာ လောက်ကို နေ့စဥ် ကူညီပေးနိုင်တာမျိုး ဖြစ်လာတာလို့ ဆရာတော်က မိန့်ပါတယ်။ ဒီနေရာမှာ နေ့လယ်စာ လာရောက်တန်းစီနေသူတွေဟာ ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်တွေက
စားဝတ်နေရေး ကျပ်တည်းလွန်းသူတွေ ဖြစ်ပါတယ်။ လိုအပ်နေသူတွေကို အခုလို ကူညီနိုင်ဖို့အတွက် နေ့စဥ် ဆန်တစ်အိတ်လောက်ကုန်တယ်လို့ ကျောင်းတာဝန်ခံ ဆရာတော် အရှင်ဥတ္တမသီရိက မိန့်ပါတယ်။
“လူ ၄၀၀ စာ၊ ၅၀၀ စာကို ပုံမှန်ချက်နေရပါတယ်။ ဆန်က တစ်နေ့ကို တစ်အိတ်ကုန်ပါတယ်။ နောက်ပြီး သီးစုံပဲကုလားဟင်းအိုးကြီးက တစ်အိုးပေါ့။ အဲဒါက နေ့တိုင်းက သဘာဝတရားရိပ်သာက လှူတဲ့အလှူပေါ့။
အလှူရှင်တွေကတော့ အခု ကြိုးကြား ကြိုးကြားလေးတွေ ရောက်လာပါတယ်။ ခုနစ်ရက်သားသမီးက ဦးပဉ္ဇင်းတို့ကို လှူဒါန်းလိုက်တဲ့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ဆန် စသည်ကို ဝေယျာဝစ္စအဖွဲ့တွေ
ပြန်ချက်ပြုတ်ပြီး လှူဒါန်းပေးတာ ဖြစ်ပါတယ်” အရင်က ပြင်ပအလှူရှင် မရှိခဲ့ရာကနေ အခုတော့ အလှူရှင်တချို့ ရောက်လာပြီး အသားဟင်းနဲ့ နေ့လယ်စာ တစ်နပ်စာကို ကျပ် သုံးသိန်း
ပဲကုလားဟင်းနဲ့ဆို ကျပ် နှစ်သိန်း သတ်မှတ်ပြီး ကျောင်းကပဲ တာဝန်ယူ ချက်ပြုတ်ပေးနေတယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ ဒီအလှူမှာ နေ့စဥ် ထမင်းနပ်မှန်အောင် မစားနိုင်တဲ့
မည်သူမဆို လူမျိုးမရွေး ဘာသာမရွေး လာယူနိုင်တယ်လို့ ဆိုပါတယ်။ ဒီကျောင်းတိုက်ရှေ့မှာ နေ့စဥ် လာရောက်တန်းစီနေသူတွေဟာ ရန်ကုန်မြို့ နေရာအနှံ့က စားဝတ်နေရေး ကျပ်တည်းတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။
တချို့နေ့တွေဆို ခက်ခဲကျပ်တည်းတဲ့ အစိုးရဝန်ထမ်းနဲ့ အခြား လူလတ်တန်းစားတွေပါ အစားအသောက် လာယူတာ တွေ့ရပါတယ်။ ကုမ္ပဏီကနေ အငြိမ်းစားယူပြီး အလုပ်ထွက်တဲ့အခါ
ရှေ့ရေးအတွက် ဘာမှ စုဆောင်းထားတာ မရှိတာကြောင့် နေ့စဥ် ဝမ်းရေးအတွက် ဒီအလှူကိုပဲ အားကိုးနေရတယ်လို့ နေ့လယ်စာ လာရောက်အလှူခံသူ ဦးလေးလေးက ပြောပါတယ်။ “ပေးကာနီးကျရင် ဆုတောင်းခိုင်းတယ်။
ဘုန်းကြီးကိုယ်တိုင် တိုင်ပေးတယ်။ လိုက်ရွတ်ရတယ်။ ပဲဟင်းနဲ့ ထမင်းနဲ့။ အလှူရှင်ရှိရင် ကြက်သားနဲ့ ငါးနဲ့ ငါးဖယ်တို့၊ ဘဲဥတို့ မထပ်အောင် ကျွေးပါတယ်။ ကျနော်တို့လည်း ပင်စင်သွားတယ်။
ကုမ္ပဏီမှာလုပ်တယ်။ ထွက်လာတော့ နောက်ဘာမှမရှိတော့ ဒီမှာပဲ သူငယ်ချင်းတွေက ပြလာတော့ ပျော်စရာလည်းကောင်းတယ်။ ဝမ်းသာစရာလည်းကောင်းတယ်။ နောက် ဘုန်းကြီးလည်း
ကုသိုလ်ရအောင်၊ အလှူရှင်လည်း ကုသိုလ်ရအောင် လာရခြင်းဖြစ်ပါတယ်” စစ်တပ်က အာဏာသိမ်းပြီး ၁၈ လအကြာ လက်ရှိအချိန်မှာ အခြေခံစားသောက်ကုန်ကစလို့ ဒေါ်လာဈေးနဲ့ ရွှေဈေးအထိ
တရိပ်ရိပ်မြင့်တက်လာတာကြောင့် ကျပ်တည်းခက်ခဲလွန်းတဲ့ ပြည်သူတွေအတွက်ကတော့ ထမင်းတစ်နပ်ဟာ အလွန်အရေးကြီးပါတယ်။ စားဝတ်နေရေး ကျပ်တည်းလွန်းလို့ ဒီကိုရောက်လာတာဖြစ်ပြီး
နောက်သုံးရက်စာအထိ လှူမယ့်သူရှိနေလို့ ဝမ်းသာရတယ်လို့ နေ့လယ်စာလာယူတဲ့ ဦးဆံဖြူက ပြောပါတယ်။“လူမျိုးပေါင်းစုံ လာကြတယ်။ စားဝတ်နေရေးက တအားကျပ်တည်းနေကြတယ်။
ဘုန်းကြီးက သူ တတ်နိုင်ရင် သူ လှူတယ်။ အလှူရှင်ရှိရင် အသားတစ်မျိုးပါတယ်။ အလှူရှင်မရှိရင် ပဲဟင်းနဲ့ ထမင်းပဲ ပေးတယ်။ အခုဆို ဒီနေ့ရယ်၊ မနက်ဖြန်ရယ်၊ သန်ဘက်ခါရယ် သုံးရက် အလှူရှင် ရှိတယ်။
အဲဒါကို ပေးတာ”နေ့လယ် ထမင်းတစ်နပ်စာ လာရောက်လှူဒါန်းသူ ကိုမင်းမင်းမောင် ကတော့ သူ့အလှူအတွက် ဝမ်းသာပီတိဖြစ်ရပေမယ့် လူတန်းစားပေါင်းစုံ
အလုအယက် လာယူနေတာကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်လို့ RFA ကို ပြောပါတယ်။“လှူဖြစ်တဲ့အချိန်မှာတော့ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့မှာလာပြီးတော့ လူတန်းစား အလွှာပေါင်းစုံ၊
အလုပ်အကိုင်လုပ်တဲ့ လူတန်းစားပေါင်းစုံ တန်းစီနေတာ တွေ့ရတော့ နည်းနည်း စိတ်မကောင်းဖြစ်တာပေါ့။ ဒီမြို့ထဲမှာတောင် ဒီလောက်တန်းစီတဲ့ လူတန်းစားများရင် ကျန်တဲ့နေရာမှာ ဒီထက်ပိုများနိုင်မလားလို့ တွေးမိတာပေါ့နော်။
ဒါပေမဲ့ ပီတိတော့ဖြစ်မိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းလေး နည်းနည်းရှားပါးလာတာပေါ့။ နောက်ပြီး ကုန်ဈေးနှုန်းတွေလည်း မြင့်တက်တဲ့အခါကျတော့ လူတွေက ထမင်းတစ်နပ်စာ အတွက် လာပြီး
လှုပ်ရှားနေကြရတာပေါ့”၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) အစီရင်ခံစာမှာ ၂၀၂၂ ခုနှစ်အတွင်း မြန်မာ့လူဦးရေ ၂၅ သန်းနီးပါး
ဆင်းရဲငတ်မွတ်မှုဘေး ကြုံတွေ့ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ကလည်း အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ၂၀၂၂ ပထမ ခြောက်လအတွင်းမှာတင်
အလုပ်လက်မဲ့ပြဿနာကို ပြင်းပြင်းထန်ထန် ခံစား နေရကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ရန္ကုန္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚက သရက္ေတာေက်ာင္းတိုက္ သဘာဝတရားရိပ္သာေရွ႕မွာ ေန႕စဥ္ ေန႕လယ္စာ ထမင္းနဲ႕ဟင္း ေဝငွလႉဒါန္းေနတာ တစ္ႏွစ္ေက်ာ္ေနပါၿပီ။
အခုလို အက်ပ္အတည္းကာလမွာ ေန႕စဥ္ ထမင္းနပ္မွန္ေအာင္ မစားနိုင္သူေတြအတြက္ကေတာ့ ဒီလႉဒါန္းမႈက နတ္သုဒၶါလို တန္ဖိုးႀကီးလွပါတယ္။လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ကစလို႔
သဘာဝတရားရိပ္သာ တာဝန္ခံဆရာေတာ္ ဆြမ္းခံလို႔ရတဲ့ အထဲက ထမင္းဟင္းအနည္းငယ္ကို ဖယ္ၿပီး လိုအပ္သူ ငါးေယာက္ေလာက္ကို စတင္ေပးေဝခဲ့ရာကေန
အခုလို လူ ငါးရာ ေလာက္ကို ေန႕စဥ္ ကူညီေပးနိုင္တာမ်ိဳး ျဖစ္လာတာလို႔ ဆရာေတာ္က မိန႔္ပါတယ္။ ဒီေနရာမွာ ေန႕လယ္စာ လာေရာက္တန္းစီေနသူေတြဟာ ရန္ကုန္ ဆင္ေျခဖုံးရပ္ကြက္ေတြက
စားဝတ္ေနေရး က်ပ္တည္းလြန္းသူေတြ ျဖစ္ပါတယ္။ လိုအပ္ေနသူေတြကို အခုလို ကူညီနိုင္ဖို႔အတြက္ ေန႕စဥ္ ဆန္တစ္အိတ္ေလာက္ကုန္တယ္လို႔ ေက်ာင္းတာဝန္ခံ ဆရာေတာ္ အရွင္ဥတၱမသီရိက မိန႔္ပါတယ္။
“လူ ၄၀၀ စာ၊ ၅၀၀ စာကို ပုံမွန္ခ်က္ေနရပါတယ္။ ဆန္က တစ္ေန႕ကို တစ္အိတ္ကုန္ပါတယ္။ ေနာက္ၿပီး သီးစုံပဲကုလားဟင္းအိုးႀကီးက တစ္အိုးေပါ့။ အဲဒါက ေန႕တိုင္းက သဘာဝတရားရိပ္သာက လႉတဲ့အလႉေပါ့။
အလႉရွင္ေတြကေတာ့ အခု ႀကိဳးၾကား ႀကိဳးၾကားေလးေတြ ေရာက္လာပါတယ္။ ခုနစ္ရက္သားသမီးက ဦးပၪၨင္းတို႔ကို လႉဒါန္းလိုက္တဲ့ ဆီ၊ ဆား၊ င႐ုတ္၊ ၾကက္သြန္၊ ဆန္ စသည္ကို ေဝယ်ာဝစၥအဖြဲ႕ေတြ
ျပန္ခ်က္ျပဳတ္ၿပီး လႉဒါန္းေပးတာ ျဖစ္ပါတယ္” အရင္က ျပင္ပအလႉရွင္ မရွိခဲ့ရာကေန အခုေတာ့ အလႉရွင္တခ်ိဳ႕ ေရာက္လာၿပီး အသားဟင္းနဲ႕ ေန႕လယ္စာ တစ္နပ္စာကို က်ပ္ သုံးသိန္း
ပဲကုလားဟင္းနဲ႕ဆို က်ပ္ ႏွစ္သိန္း သတ္မွတ္ၿပီး ေက်ာင္းကပဲ တာဝန္ယူ ခ်က္ျပဳတ္ေပးေနတယ္လို႔ ဆရာေတာ္က ရွင္းျပပါတယ္။ ဒီအလႉမွာ ေန႕စဥ္ ထမင္းနပ္မွန္ေအာင္ မစားနိုင္တဲ့
မည္သူမဆို လူမ်ိဳးမေ႐ြး ဘာသာမေ႐ြး လာယူနိုင္တယ္လို႔ ဆိုပါတယ္။ ဒီေက်ာင္းတိုက္ေရွ႕မွာ ေန႕စဥ္ လာေရာက္တန္းစီေနသူေတြဟာ ရန္ကုန္ၿမိဳ႕ ေနရာအႏွံ႕က စားဝတ္ေနေရး က်ပ္တည္းတဲ့ အေျခခံလူတန္းစားေတြ ျဖစ္ပါတယ္။
တခ်ိဳ႕ေန႕ေတြဆို ခက္ခဲက်ပ္တည္းတဲ့ အစိုးရဝန္ထမ္းနဲ႕ အျခား လူလတ္တန္းစားေတြပါ အစားအေသာက္ လာယူတာ ေတြ႕ရပါတယ္။ ကုမၸဏီကေန အၿငိမ္းစားယူၿပီး အလုပ္ထြက္တဲ့အခါ
ေရွ႕ေရးအတြက္ ဘာမွ စုေဆာင္းထားတာ မရွိတာေၾကာင့္ ေန႕စဥ္ ဝမ္းေရးအတြက္ ဒီအလႉကိုပဲ အားကိုးေနရတယ္လို႔ ေန႕လယ္စာ လာေရာက္အလႉခံသူ ဦးေလးေလးက ေျပာပါတယ္။ “ေပးကာနီးက်ရင္ ဆုေတာင္းခိုင္းတယ္။
ဘုန္းႀကီးကိုယ္တိုင္ တိုင္ေပးတယ္။ လိုက္႐ြတ္ရတယ္။ ပဲဟင္းနဲ႕ ထမင္းနဲ႕။ အလႉရွင္ရွိရင္ ၾကက္သားနဲ႕ ငါးနဲ႕ ငါးဖယ္တို႔၊ ဘဲဥတို႔ မထပ္ေအာင္ ေကြၽးပါတယ္။ က်ေနာ္တို႔လည္း ပင္စင္သြားတယ္။
ကုမၸဏီမွာလုပ္တယ္။ ထြက္လာေတာ့ ေနာက္ဘာမွမရွိေတာ့ ဒီမွာပဲ သူငယ္ခ်င္းေတြက ျပလာေတာ့ ေပ်ာ္စရာလည္းေကာင္းတယ္။ ဝမ္းသာစရာလည္းေကာင္းတယ္။ ေနာက္ ဘုန္းႀကီးလည္း
ကုသိုလ္ရေအာင္၊ အလႉရွင္လည္း ကုသိုလ္ရေအာင္ လာရျခင္းျဖစ္ပါတယ္” စစ္တပ္က အာဏာသိမ္းၿပီး ၁၈ လအၾကာ လက္ရွိအခ်ိန္မွာ အေျခခံစားေသာက္ကုန္ကစလို႔ ေဒၚလာေဈးနဲ႕ ေ႐ႊေဈးအထိ
တရိပ္ရိပ္ျမင့္တက္လာတာေၾကာင့္ က်ပ္တည္းခက္ခဲလြန္းတဲ့ ျပည္သူေတြအတြက္ကေတာ့ ထမင္းတစ္နပ္ဟာ အလြန္အေရးႀကီးပါတယ္။ စားဝတ္ေနေရး က်ပ္တည္းလြန္းလို႔ ဒီကိုေရာက္လာတာျဖစ္ၿပီး
ေနာက္သုံးရက္စာအထိ လႉမယ့္သူရွိေနလို႔ ဝမ္းသာရတယ္လို႔ ေန႕လယ္စာလာယူတဲ့ ဦးဆံျဖဴက ေျပာပါတယ္။“လူမ်ိဳးေပါင္းစုံ လာၾကတယ္။ စားဝတ္ေနေရးက တအားက်ပ္တည္းေနၾကတယ္။
ဘုန္းႀကီးက သူ တတ္နိုင္ရင္ သူ လႉတယ္။ အလႉရွင္ရွိရင္ အသားတစ္မ်ိဳးပါတယ္။ အလႉရွင္မရွိရင္ ပဲဟင္းနဲ႕ ထမင္းပဲ ေပးတယ္။ အခုဆို ဒီေန႕ရယ္၊ မနက္ျဖန္ရယ္၊ သန္ဘက္ခါရယ္ သုံးရက္ အလႉရွင္ ရွိတယ္။
အဲဒါကို ေပးတာ”ေန႕လယ္ ထမင္းတစ္နပ္စာ လာေရာက္လႉဒါန္းသူ ကိုမင္းမင္းေမာင္ ကေတာ့ သူ႕အလႉအတြက္ ဝမ္းသာပီတိျဖစ္ရေပမယ့္ လူတန္းစားေပါင္းစုံ
အလုအယက္ လာယူေနတာကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္ရတယ္လို႔ RFA ကို ေျပာပါတယ္။“လႉျဖစ္တဲ့အခ်ိန္မွာေတာ့ နည္းနည္းေတာ့ စိတ္မေကာင္းျဖစ္မိပါတယ္။ သူတို႔မွာလာၿပီးေတာ့ လူတန္းစား အလႊာေပါင္းစုံ၊
အလုပ္အကိုင္လုပ္တဲ့ လူတန္းစားေပါင္းစုံ တန္းစီေနတာ ေတြ႕ရေတာ့ နည္းနည္း စိတ္မေကာင္းျဖစ္တာေပါ့။ ဒီၿမိဳ႕ထဲမွာေတာင္ ဒီေလာက္တန္းစီတဲ့ လူတန္းစားမ်ားရင္ က်န္တဲ့ေနရာမွာ ဒီထက္ပိုမ်ားနိုင္မလားလို႔ ေတြးမိတာေပါ့ေနာ္။
ဒါေပမဲ့ ပီတိေတာ့ျဖစ္မိပါတယ္။ အလုပ္အကိုင္ အခြင့္အလမ္းေလး နည္းနည္းရွားပါးလာတာေပါ့။ ေနာက္ၿပီး ကုန္ေဈးႏႈန္းေတြလည္း ျမင့္တက္တဲ့အခါက်ေတာ့ လူေတြက ထမင္းတစ္နပ္စာ အတြက္ လာၿပီး
လႈပ္ရွားေနၾကရတာေပါ့”၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၁ ရက္ေန႕က ထုတ္ျပန္ခဲ့တဲ့ ကုလသမဂၢဖြံ႕ၿဖိဳးေရးအစီအစဥ္ (UNDP) အစီရင္ခံစာမွာ ၂၀၂၂ ခုႏွစ္အတြင္း ျမန္မာ့လူဦးေရ ၂၅ သန္းနီးပါး
ဆင္းရဲငတ္မြတ္မႈေဘး ႀကဳံေတြ႕ရနိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။ ကမာၻ႔အလုပ္သမားအဖြဲ႕ခ်ဳပ္ (ILO) ကလည္း အာဏာသိမ္းၿပီးတဲ့ေနာက္ ျမန္မာနိုင္ငံဟာ ၂၀၂၂ ပထမ ေျခာက္လအတြင္းမွာတင္
အလုပ္လက္မဲ့ျပႆနာကို ျပင္းျပင္းထန္ထန္ ခံစား ေနရေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ အစီရင္ခံစာ ထုတ္ျပန္ထားပါတယ္။ ခရက္ဒစ္
Leave a Reply