
မိတ်ဆွေတို့ရေ ဘင်ဂျမင်ဆုမ်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာအိုင်ဒေါမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ရရှိပိုင်ဆိုင်ခဲ့တဲ့သူတစ်ယောက်အဖြစ်ကနေ လက်ရှိမှာ အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိနေခဲ့ပါသေးတယ်။ ဒါ့အပြင် စ စ်ဘေးရှောင်ဒုက္ခသည်တွေအတွက်လည်း တဖက်တလမ်းကနေ
အစွမ်းကုန် ပါဝင်ကူညီပေးနေတာလည်းဖြစ်ပါတယ်။ ဘင်ဂျမင်ဆုမ်းကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ နေမကောင်းဖြစ်နေတာကြောင့် ဆေးကုသမှုခံယူနေရကြောင်း “Hey summers!
I’m really sad to announce that I’ll be undergoing Tonsillectomy which means I’ll be taking a short break from music. I’ll be back soon with a banger! Keep me in your prayers.
Sending much love to y’all.” ဆိုပြီး အနုပညာအလုပ်တွေခဏရပ်နားထားကြောင်း စိတ်မကောင်းစွာနဲ့ အသိပေးလာခဲ့ပါတယ်။ ခံစားရတဲ့ေ ရာဂါဝေဒနာတွေလည်း ပျောက်ကင်းပြီး အမြန်ဆုံးအနုပညာအလုပ်တွေပြန်လုပ်နိုင်ဖို့
ကျန်းမာစေဖို့ မေတ္တာတွေပို့သပေးဖို့လည်းတောင်းဆိုထားခဲ့ပါသေးတယ်။ မိတ်ဆွေတို့ရေ ပရိသတ်အချစ်တော် ဘင်ဂျမင်ဆုမ်းတစ်ယောက် အမြန်ဆုံးနေကောင်းစေဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply