
ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဂန္တဝင်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ပါပဲ။
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
အသက်အရွယ်တစ်ခုရောက်ရှိလာပြီးတဲ့နောက် အနုပညာအလုပ်တွေလုပ်ကိုင်တာ နည်းပါးသွားခဲ့တဲ့ ဂန္တဝင်ဟာ ပရိသတ်တွေရဲ့ အားပေးမှုကိုတော့ ယနေ့အချိန်ထိရရှိနေဆဲပဲဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ ဂန္တဝင်က လာမယ့် (၆) ရက်နေ့မှာကျရောက်မယ့် သူမရဲ့ မွေးနေ့အတွက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်လေးကို ပရိသတ်တွေအတွက် အခုလိုပဲ မျှဝေပေးလာပါတယ်။ ဂန္တဝင်က “မနေ့ညက
ကိုယ့်မွေးနေ့ ၆ရက်နေ့ကျရင် Kind Heart Dogs မှာလှူမလို့ သူတို့Pageထဲသွားဝင်ကြည့်ချိန်မှာ သူတို့ထင်းလိုလို့သွားဝယ်ရင်း ကိုယ်ဝန်ကြီးနဲ့နွားမကို သ တ် ဖို့အတွက်ရောင်းတော့မှာတွေ့ခဲ့လို့
“မေတ္တာဝါဒီပရဟိတ” မှာဘေးမဲ့လွှတ်ပေးချင်ကြောင်းတင်ထားတဲ့ပိုစ့်တွေ့တာနဲ့ ရောင်းဈေး၈သိန်း၅သောင်းတင်ထားတာ၂သိန်းကျော်ရနေပြီတွေ့တာနဲ့ ကျန်တဲ့၆သိန်း၅သောင်း ကိုလှူလိုက်ပြီး
နွားမကြီးနဲ့ကလေးတွေအသက်ကိုမွေးလအလှူလေးအဖြစ်ကယ်တင်လှူလိုက်ပါတယ် နွားမကြီးလဲဘေးမဲ့ဂေဟာမှာ ကလေးများကိုကျန်းမာစွာမွေးဖွားနိုင်ပါစေ” ဆိုပြီး
ပြောပြလာပါတယ်။ ဂန္တဝင်ကတော့ သူမရဲ့မွေးလအလှူလေးအဖြစ် နွားမကြီးနဲ့ ကလေးလေးတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း ဂန္တဝင်ရဲ့ ကုသိုလ်ထူးလေးကိုကြည့်ပြီး ပီတိတွေကူးစက်သွားမယ်လို့ ထင်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ခ်စ္စရာေကာင္းတဲ့ အၿပဳံးလွလွေလးေတြကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာေလး ဂႏၲဝင္ကေတာ့ တစ္ေခတ္တစ္ခါက ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါပဲ။
အသက္အ႐ြယ္တစ္ခုေရာက္ရွိလာၿပီးတဲ့ေနာက္ အႏုပညာအလုပ္ေတြလုပ္ကိုင္တာ နည္းပါးသြားခဲ့တဲ့ ဂႏၲဝင္ဟာ ပရိသတ္ေတြရဲ႕ အားေပးမႈကိုေတာ့ ယေန႕အခ်ိန္ထိရရွိေနဆဲပဲျဖစ္ပါတယ္။
ဒီတစ္ခါမွာေတာ့ ဂႏၲဝင္က လာမယ့္ (၆) ရက္ေန႕မွာက်ေရာက္မယ့္ သူမရဲ႕ ေမြးေန႕အတြက္ ျပဳျဖစ္ခဲ့တဲ့ ကုသိုလ္ေလးကို ပရိသတ္ေတြအတြက္ အခုလိုပဲ မွ်ေဝေပးလာပါတယ္။ ဂႏၲဝင္က “မေန႕ညက
ကိုယ့္ေမြးေန႕ ၆ရက္ေန႕က်ရင္ Kind Heart Dogs မွာလႉမလို႔ သူတို႔Pageထဲသြားဝင္ၾကည့္ခ်ိန္မွာ သူတို႔ထင္းလိုလို႔သြားဝယ္ရင္း ကိုယ္ဝန္ႀကီးနဲ႕ႏြားမကို သ တ္ ဖို႔အတြက္ေရာင္းေတာ့မွာေတြ႕ခဲ့လို႔
“ေမတၱာဝါဒီပရဟိတ” မွာေဘးမဲ့လႊတ္ေပးခ်င္ေၾကာင္းတင္ထားတဲ့ပိုစ့္ေတြ႕တာနဲ႕ ေရာင္းေဈး၈သိန္း၅ေသာင္းတင္ထားတာ၂သိန္းေက်ာ္ရေနၿပီေတြ႕တာနဲ႕ က်န္တဲ့၆သိန္း၅ေသာင္း ကိုလႉလိုက္ၿပီး
ႏြားမႀကီးနဲ႕ကေလးေတြအသက္ကိုေမြးလအလႉေလးအျဖစ္ကယ္တင္လႉလိုက္ပါတယ္ ႏြားမႀကီးလဲေဘးမဲ့ေဂဟာမွာ ကေလးမ်ားကိုက်န္းမာစြာေမြးဖြားနိုင္ပါေစ” ဆိုၿပီး
ေျပာျပလာပါတယ္။ ဂႏၲဝင္ကေတာ့ သူမရဲ႕ေမြးလအလႉေလးအျဖစ္ ႏြားမႀကီးနဲ႕ ကေလးေလးေတြရဲ႕ အသက္ေပါင္းမ်ားစြာကို ကယ္တင္ေပးခဲ့တာပဲျဖစ္ပါတယ္။
ပရိသတ္ႀကီးလည္း ဂႏၲဝင္ရဲ႕ ကုသိုလ္ထူးေလးကိုၾကည့္ၿပီး ပီတိေတြကူးစက္သြားမယ္လို႔ ထင္ပါတယ္ေနာ္။ ခရက္ဒစ္
Leave a Reply