
အကြမ်းဖက် မင်းအောင်လှိုင်က တရားမဝင် အာဏာသိမ်းပြီး ဝန်ကြီးအဖြစ် ခန့်အပ်ထားသော သက်သက်ခိုင် ဒေါက်တာဘွဲ့ ရယူခဲ့သော WALDEN တက္ကသိုလ်မှာ
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
ငွေကြေးလိမ်လည်ယူသော အွန်လိုင်းတက္ကသိုလ်အဖြစ် အမေရိကန်တွင် ယခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် တရားစွဲခံထားရပြီဖြစ်သည်။ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏
လူမှု ဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ခန့်အပ်ခံထားရသူ သက်သက်ခိုင် ဒေါက်တာဘွဲ့ (Ph.D) ဘွဲ့ရရှိခဲ့သော အမေရိကန် WALDEN တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ရယူလိုသူ
ကျောင်းသားကျောင်းသူများထံမှ မျှော်လင့်ချက် အမှားများ ပေးပြီး ငွေလှည့်ဖျားလိမ်ညာကာ အမြတ်အစွန်းရရှိရေး လုပ်ဆောင်ခဲ့သည်ဆိုသော စွပ်စွဲမှုဖြင့် ဝါရှင်တန်စီအခြေစိုက် နိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများကာကွယ်ရေး ကွန်ရက် (National Student Defense Network ) က ဧပြီလ ၁၁ ရက်နေ့တွင် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။ အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်အတွင်းရှိ
တရားရုံးတွင် WALDEN တက္ကသိုလ်ကို တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး လူမည်း အမျိုးသမီး ကျောင်းသူများနှင့်လူနည်းစုကို လိမ်လည်လှည့်ဖျားပြီး ပညာသင်ကြားမှု မပြီးဆုံး၊
ဘွဲ့မရရှိဘဲ အကြွေးနွံ့တွင် နစ်စေမှုဖြင့် (တစ်နည်းအားဖြင့် လိမ်လည်မှု) တရားစွဲဆိုထားခြင်းဖြစ်သည်။ WALDEN တက္ကသိုလ်က ၎င်းတက္ကသိုလ်တွင်ပညာသင်ယူကြသည့်
ကျောင်း သားကျောင်းသူများအနေ ဖြင့် ၁၈ လအတွင်း ဒေါက်တာဘွဲ့ရရှိမည်ဟု ဆွဲဆောင်ကြော်ငြာထားသော်လည်း လက်တွေ့တွင်မူ မလိုအပ်သော အဆင့်များ၊ စစ်ဆေးမှုများ ဖန်တီးကာ
ငွေကြေးများ တောင်းခံကြောင်း၊ ၁၈ လအတွင်း ဒေါက်တာဘွဲ့မရရှိဘဲ ကျောင်းတက်ကာလကို နှစ်ပေါင်းများစွာ ကြာသည်အထိ ကျောင်းစရိတ် အကြွေးနွံ့နစ်စေမှုများ ရှိနေကြောင်း သိရှိရသည်။
WALDEN တက္ကသိုလ်တွင် ကျောင်းသားကျောင်းသူ ၄၉၀၀၀ ရှိပြီး လူမည်းအမျိုးသမီး ၁၅၇၄၃ ဦး ပညာသင်ကြားလျက်ရှိသည်ဟု သိရှိရသည်။ ဝါရှင်တန်စီအခြေစိုက်
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများကာကွယ်ရေး ကွန် ရက် (National Student Defense Network ) က WALDEN တက္ကသိုလ်သည် ကျောင်းသားကျောင်းသူများထံမှ
အမေရိကန်ဒေါ်လာ ၂၈ သန်းကျော် ကျောင်းစရိတ်များ လိမ်လည်လှည့်ဖြားတောင်းယူ အမြတ်ထုတ်သည်ဟု စွပ်စွဲပြောဆိုထားသည်။ WALDEN တက္ကသိုလ် စာသင်နှစ်များတွင် မလိုအပ်သော
သင်ခန်းစာအစီ အစဉ်များထည့်သွင်းပြီး မူလ ကြော်ငြာထားသကဲ့သို့မဟုတ်ဘဲ ကျောင်း သားများကို အတင်းအကျပ် အချိန်ကြာကြာ ငွေကြေးပေး ကျောင်းတက်ခိုင်းမှုများ၊ အရည်အချင်း စစ်ဆေးမှုများ
လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရှိရသည်။ “WALDEN တက္ကသိုလ်က သူတို့ရဲ့ကိုယ်ပိုင်အမြတ်အတွက် ငါ့ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားနေသလို ခံစားရပါတယ်။ သူတို့မှာ တာဝန်ခံမှု တာဝန်ယူမှုရှိစေချင်တယ်။ ” ဟု
တရားစွဲဆိုသူကျောင်းသူတစ်ဦးက ပြောသည်။ ဝန်ကြီးအမည်ခံ သက်သက်ခိုင်အနေဖြင့်လည်း WALDEN တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရန် သုတေ သနအဆိုပြုလွှာအတွက် ၁၆ ကြိမ်မျှ ပြင်ဆင်ခဲ့ရကြောင်း၊
အလွန်ခက်ခဲစွာ ရတောင့်ရခဲ ပညာသင်ကြားခဲ့ရသည်ဟု သက်သက်ခိုင်၏ ခင်ပွန်းဖြစ်သူ အောင်ကျော်ဝင်းက လူမှုကွန်ရက်တွင် ရေးသားထား သည်။WALDEN တက္ကသိုလ်သည် ကျောင်းသားများကို
မလိုအပ်ဘဲ အဆင့်များစွာ၊ အချိန်များစွာ ကြာအောင် ဖန်တီးထားပြီး ငွေကြေးအမြတ်ထုတ်သော နည်းလမ်း ကျင့်သုံးကြောင်း New York Times သတင်းစာကြီးက
ယခုနှစ် ဧပြီလတွင် ထုတ်ဖော်ရေးသားခဲ့သည်။ WALDEN တက္ကသိုလ်၏ ဝက်ဆိုဒ်သည် https ://www. waldenu. edu ဖြစ်ပြီး Education for good ဟု ဆောင်ပုဒ်ဖြင့်ရပ်တည်နေသော
တက္ကသိုလ်တစ်ခုဖြစ်သော်လည်း အွန်လိုင်းမှသာ စာသင်ပေး၍ အကျိုးအမြတ်အတွက် တည်ထောင်ထားသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။ Walden တက္ကသိုလ်သည်
Minnesota ပြည်နယ်တွင် တည်ရှိပြီး ၁၉၇၀ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော တက္ကသိုလ်ဖြစ်သည်ဟု သိရှိရသည်။ Aljanal Carroll ဆိုသည့် အမျိုးသမီး ကျောင်းသူကို WALDEN တက္ကသိုလ်က
၁၈ လအတွင်း ဒေါက် တာ ဘွဲ့ရရှိစေရပါမည်ဟု အာမခံချက်ပေးသဖြင့် Aljanal Carroll က တက္ကသိုလ်အတန်းများကို ၂၀၁၇ နှစ်မှ စကာ အွန်လိုင်းမှ တက်ရောက်ခဲ့သည်။ တက္ကသိုလ်က ဘွဲ့ ဝယ်ယူနိုင်သော
အသပြာကျောင်းတစ်ခုကဲ့သို့ပင်ပြုမူပြီး လုပ်ငန်းခွင် အတွေ့ အကြုံများအပေါ် အခြေခံ သုတေသန ပရောဂျက်များ(Capstone Project ) ဖြင့်လည်း ကျောင်းသားများကို ဒေါက်တာဘွဲ့ ယူခွင့်ပြုထားသည်။
ပုံမှန် Ph.D ဘွဲ့ရယူလိုပါက အမေရိကန်တက္ကသိုလ်များတွင် ၃ နှစ်မှ ၁၀ နှစ်အထိ ဘွဲ့ရရန် ကြာမြင့်လေ့ရှိသော်လည်း Capstone Project ခွင့်ပြုသော တက္ကသိုလ်များသည်
ဒေါက်တာဘွဲ့ကို ဟန်ပြယူလိုသူ တို့ စိတ်ကြိုက်နေရာဖြစ်သည်။ Walden တက္ကသိုလ်၏ ငွေလိမ်နည်းမှာ တရားဥပဒေလည်း မချိုးဖောက်ရာရောက်စေရန် ကျောင်း သား၏ သုတေ သနပရောဂျက်ကာလကို
အချိန်ဆွဲပြီး ငွေညှစ်ခြင်းဖြစ်ပြီး ဆရာများက စာတမ်းများကို ပြန်လည်ကြည့်ရှုပေးချိန်တွင် အချိန်ဆွဲသထက်ဆွဲကာ ကျောင်းတက်ကာလ သက်တမ်းကို ဆွဲဆန့်ခြင်းဖြင့် ကျောင်းသားများထံမှ
မှတ်ပုံတင်ကြေး ညှစ်ယူသော တက္ကသိုလ်ဟု စွပ်စွဲခံထားရခြင်းဖြစ် သည်။ တရားစွဲသူ ရှိ၍သာ ထိုကဲ့သို့ အလိမ်အညာတက္ကသိုလ်မျိုးကို မီဒီယာများက နောက်ကြောင်းပြန်ရေးပြနိုင်ခြင်းဖြစ်ပြီး
နောက်ဆုံးတွင် ထိုတက္ကသိုလ်ကို စားသုံးသူ ကာကွယ်ရေးဥပဒေ၊ နိုင်ငံသားအခွင့် အရေးဥပဒေ Title VI of the Civil Rights Act အရ တရားစွဲဆိုကြခြင်းဖြစ်သည်။ WALDEN တက္ကသိုလ်သည်
တရားစွဲဆိုခံနေရပြီဖြစ်ရာ သက်သက်ခိုင်သည်လည်း တက္ကသိုလ်၏ ပစ်မှတ်ထား ငွေလိမ်လည်ခံရသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်နိုင်သည်ဟု ပြည်ပတွင် ဒေါက်တာဘွဲ့ရသည်အထိ ပညာသင်ကြားခဲ့သူ
မြန်မာတစ်ဦးက ဆိုသည်။ သက်သက်ခိုင်က ဒေါက်တာဘွဲ့ သုတေသန ပရောဂျက်အတွက် အဆိုပြုလွှာကို ၁၆ ကြိမ် တင်ရသည်ဆိုခြင်းမှာ မကြုံစဖူးကိစ္စဖြစ်ပြီး ပုံမှန် Ph.D ဘွဲ့များတွင် ၁၆ ကြိမ်
ပရိုပိုဆယ် ပြန်တင်ရသူကို စာစစ်ပေးသည့် ပါမောက္ခရှိနိုင်မည်မဟုတ်ဟု ၎င်းက ဆက်ပြောသည်။ ဒေါက်တာဘွဲ့ယူမည့် ကျောင်းသူတစ်ဦးအနေနှင့် မည်မျှပင် ညံ့ဖျင်းသည့်တိုင်အောင် ၁၆ ကြိမ် အထိ
ပြန်လည် အစစ်ခံရခြင်းမှာ တစ်စုံတစ်ရာအကြီး အကျယ်လွဲမှားနေပြီကို ပြဆိုနေခြင်းဖြစ်သည်ဟု ၎င်း၏ အဆိုအရ သိရှိရသည်။ အောင်ကျော်ဝင်းနှင့် သက်သက်ခိုင်တို့သည် စီးပွားရေးကျွမ်းကျင်
ငွေရှာနိုင်သော်လည်း ပညာရေးအတွက် ဒေါက်တာဘွဲ့ယူရာတွင် ကျောင်းအရည်အသွေးကို မစစ်ဆေးနိုင်ခဲ့သည်အထိ ညံ့ဖျင်းလွန်းသည်ဟု ပြည်ပပညာရေးအေဂျင်စီတစ်ခုက သုံးသပ်သည်။
သက်သက်ခိုင်တက်ရောက်ခဲ့သော WALDEN တက္ကသိုလ်သည် ယခင်ကလည်း လိမ်လည်သော တက္က သိုလ်ဖြစ်ကြောင်း စွပ်စွဲခံရခြင်းများရှိခဲ့ဖူးသော် လည်း ယခုတကြိမ်မှ
တရားရုံးတော်တွင် တရားစွဲဆိုခံရခြင်းဖြစ်သည်။ နယူးယောက်တိုင်းမ်၏ အဆိုအရ ကျောင်းသူ တစ်ဖနီဖဲလ်ကို တက္ကသိုလ်က ၂ နှစ်ခွဲအတွင်း Business Administration Ph.D ဘွဲ့အတွက်
ဒေါ်လာလေးသောင်းခွဲမျှနှင့် ကျောင်းပြီးဆုံး ဘွဲ့ရစေရမည်ဟု အာမခံခဲ့ကြောင်း၊ သို့ရာတွင် ကျောင်းသူတစ်ဖနီဖဲလ်အနေဖြင့် ကျောင်းတက်ကာလ ၄ နှစ်ခွဲကြာခဲ့ပြီး
အကြွေး ဒေါ်လာ ကိုးသောင်းနီးပါးတင်ခဲ့ရကြောင်း သိရှိရသည်။ သက်သက်ခိုင်အနေဖြင့် ၂၃ ကြိမ် ဘွဲ့ယူကျမ်းကို ပြုပြင်ခဲ့ရသည်ဆိုသော ကြောင့် ငွေကြေးကုန်ကျမှုများ
အလိမ် အညာများစွာဖြင့် ဘွဲ့ရရေး အလိမ်ခံခဲ့ရဖွယ် ရှိသည့် အခြေအနေမှာလည်း စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်ဟု ပြည်ပတွင် ဒေါက်တာဘွဲ့ရသည်အထိ ပညာသင်ကြားခဲ့သူ မြန်မာတစ်ဦးက ဆိုသည်။
Zawgyi code ဖြင့် ဖတ်ရန်
အၾကမ္းဖက္ မင္းေအာင္လွိုင္က တရားမဝင္ အာဏာသိမ္းၿပီး ဝန္ႀကီးအျဖစ္ ခန႔္အပ္ထားေသာ သက္သက္ခိုင္ ေဒါက္တာဘြဲ႕ ရယူခဲ့ေသာ WALDEN တကၠသိုလ္မွာ
ေငြေၾကးလိမ္လည္ယူေသာ အြန္လိုင္းတကၠသိုလ္အျဖစ္ အေမရိကန္တြင္ ယခုႏွစ္ ဧၿပီလ ၁၁ ရက္ေန႕တြင္ တရားစြဲခံထားရၿပီျဖစ္သည္။ တရားမဝင္ အာဏာသိမ္းစစ္ေကာင္စီ၏
လူမႈ ဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီး ခန႔္အပ္ခံထားရသူ သက္သက္ခိုင္ ေဒါက္တာဘြဲ႕ (Ph.D) ဘြဲ႕ရရွိခဲ့ေသာ အေမရိကန္ WALDEN တကၠသိုလ္မွာ ေဒါက္တာဘြဲ႕ရယူလိုသူ
ေက်ာင္းသားေက်ာင္းသူမ်ားထံမွ ေမွ်ာ္လင့္ခ်က္ အမွားမ်ား ေပးၿပီး ေငြလွည့္ဖ်ားလိမ္ညာကာ အျမတ္အစြန္းရရွိေရး လုပ္ေဆာင္ခဲ့သည္ဆိုေသာ စြပ္စြဲမႈျဖင့္ ဝါရွင္တန္စီအေျခစိုက္ နိုင္ငံလုံးဆိုင္ရာ
ေက်ာင္းသားမ်ားကာကြယ္ေရး ကြန္ရက္ (National Student Defense Network ) က ဧၿပီလ ၁၁ ရက္ေန႕တြင္ တရားစြဲဆိုခဲ့ေၾကာင္း သိရွိရသည္။ အေမရိကန္ျပည္ေထာင္စု၊ မယ္ရီလန္းျပည္နယ္အတြင္းရွိ
တရား႐ုံးတြင္ WALDEN တကၠသိုလ္ကို တရားစြဲဆိုလိုက္ျခင္းျဖစ္ၿပီး လူမည္း အမ်ိဳးသမီး ေက်ာင္းသူမ်ားႏွင့္လူနည္းစုကို လိမ္လည္လွည့္ဖ်ားၿပီး ပညာသင္ၾကားမႈ မၿပီးဆုံး၊
ဘြဲ႕မရရွိဘဲ အေႂကြးႏြံ႕တြင္ နစ္ေစမႈျဖင့္ (တစ္နည္းအားျဖင့္ လိမ္လည္မႈ) တရားစြဲဆိုထားျခင္းျဖစ္သည္။ WALDEN တကၠသိုလ္က ၎တကၠသိုလ္တြင္ပညာသင္ယူၾကသည့္
ေက်ာင္း သားေက်ာင္းသူမ်ားအေန ျဖင့္ ၁၈ လအတြင္း ေဒါက္တာဘြဲ႕ရရွိမည္ဟု ဆြဲေဆာင္ေၾကာ္ျငာထားေသာ္လည္း လက္ေတြ႕တြင္မူ မလိုအပ္ေသာ အဆင့္မ်ား၊ စစ္ေဆးမႈမ်ား ဖန္တီးကာ
ေငြေၾကးမ်ား ေတာင္းခံေၾကာင္း၊ ၁၈ လအတြင္း ေဒါက္တာဘြဲ႕မရရွိဘဲ ေက်ာင္းတက္ကာလကို ႏွစ္ေပါင္းမ်ားစြာ ၾကာသည္အထိ ေက်ာင္းစရိတ္ အေႂကြးႏြံ႕နစ္ေစမႈမ်ား ရွိေနေၾကာင္း သိရွိရသည္။
WALDEN တကၠသိုလ္တြင္ ေက်ာင္းသားေက်ာင္းသူ ၄၉၀၀၀ ရွိၿပီး လူမည္းအမ်ိဳးသမီး ၁၅၇၄၃ ဦး ပညာသင္ၾကားလ်က္ရွိသည္ဟု သိရွိရသည္။ ဝါရွင္တန္စီအေျခစိုက္
နိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ားကာကြယ္ေရး ကြန္ ရက္ (National Student Defense Network ) က WALDEN တကၠသိုလ္သည္ ေက်ာင္းသားေက်ာင္းသူမ်ားထံမွ
အေမရိကန္ေဒၚလာ ၂၈ သန္းေက်ာ္ ေက်ာင္းစရိတ္မ်ား လိမ္လည္လွည့္ျဖားေတာင္းယူ အျမတ္ထုတ္သည္ဟု စြပ္စြဲေျပာဆိုထားသည္။ WALDEN တကၠသိုလ္ စာသင္ႏွစ္မ်ားတြင္ မလိုအပ္ေသာ
သင္ခန္းစာအစီ အစဥ္မ်ားထည့္သြင္းၿပီး မူလ ေၾကာ္ျငာထားသကဲ့သို႔မဟုတ္ဘဲ ေက်ာင္း သားမ်ားကို အတင္းအက်ပ္ အခ်ိန္ၾကာၾကာ ေငြေၾကးေပး ေက်ာင္းတက္ခိုင္းမႈမ်ား၊ အရည္အခ်င္း စစ္ေဆးမႈမ်ား
လုပ္ေဆာင္ျခင္းျဖစ္သည္ဟု သိရွိရသည္။ “WALDEN တကၠသိုလ္က သူတို႔ရဲ႕ကိုယ္ပိုင္အျမတ္အတြက္ ငါ့ကို ရည္႐ြယ္ခ်က္ရွိရွိ လွည့္စားေနသလို ခံစားရပါတယ္။ သူတို႔မွာ တာဝန္ခံမႈ တာဝန္ယူမႈရွိေစခ်င္တယ္။ ” ဟု
တရားစြဲဆိုသူေက်ာင္းသူတစ္ဦးက ေျပာသည္။ ဝန္ႀကီးအမည္ခံ သက္သက္ခိုင္အေနျဖင့္လည္း WALDEN တကၠသိုလ္မွ ေဒါက္တာဘြဲ႕ရရန္ သုေတ သနအဆိုျပဳလႊာအတြက္ ၁၆ ႀကိမ္မွ် ျပင္ဆင္ခဲ့ရေၾကာင္း၊
အလြန္ခက္ခဲစြာ ရေတာင့္ရခဲ ပညာသင္ၾကားခဲ့ရသည္ဟု သက္သက္ခိုင္၏ ခင္ပြန္းျဖစ္သူ ေအာင္ေက်ာ္ဝင္းက လူမႈကြန္ရက္တြင္ ေရးသားထား သည္။WALDEN တကၠသိုလ္သည္ ေက်ာင္းသားမ်ားကို
မလိုအပ္ဘဲ အဆင့္မ်ားစြာ၊ အခ်ိန္မ်ားစြာ ၾကာေအာင္ ဖန္တီးထားၿပီး ေငြေၾကးအျမတ္ထုတ္ေသာ နည္းလမ္း က်င့္သုံးေၾကာင္း New York Times သတင္းစာႀကီးက
ယခုႏွစ္ ဧၿပီလတြင္ ထုတ္ေဖာ္ေရးသားခဲ့သည္။ WALDEN တကၠသိုလ္၏ ဝက္ဆိုဒ္သည္ https ://www. waldenu. edu ျဖစ္ၿပီး Education for good ဟု ေဆာင္ပုဒ္ျဖင့္ရပ္တည္ေနေသာ
တကၠသိုလ္တစ္ခုျဖစ္ေသာ္လည္း အြန္လိုင္းမွသာ စာသင္ေပး၍ အက်ိဳးအျမတ္အတြက္ တည္ေထာင္ထားသည့္ တကၠသိုလ္တစ္ခုျဖစ္သည္။ Walden တကၠသိုလ္သည္
Minnesota ျပည္နယ္တြင္ တည္ရွိၿပီး ၁၉၇၀ ခုႏွစ္တြင္ စတင္ထူေထာင္ခဲ့ေသာ တကၠသိုလ္ျဖစ္သည္ဟု သိရွိရသည္။ Aljanal Carroll ဆိုသည့္ အမ်ိဳးသမီး ေက်ာင္းသူကို WALDEN တကၠသိုလ္က
၁၈ လအတြင္း ေဒါက္ တာ ဘြဲ႕ရရွိေစရပါမည္ဟု အာမခံခ်က္ေပးသျဖင့္ Aljanal Carroll က တကၠသိုလ္အတန္းမ်ားကို ၂၀၁၇ ႏွစ္မွ စကာ အြန္လိုင္းမွ တက္ေရာက္ခဲ့သည္။ တကၠသိုလ္က ဘြဲ႕ ဝယ္ယူနိုင္ေသာ
အသျပာေက်ာင္းတစ္ခုကဲ့သို႔ပင္ျပဳမူၿပီး လုပ္ငန္းခြင္ အေတြ႕ အႀကဳံမ်ားအေပၚ အေျခခံ သုေတသန ပေရာဂ်က္မ်ား(Capstone Project ) ျဖင့္လည္း ေက်ာင္းသားမ်ားကို ေဒါက္တာဘြဲ႕ ယူခြင့္ျပဳထားသည္။
ပုံမွန္ Ph.D ဘြဲ႕ရယူလိုပါက အေမရိကန္တကၠသိုလ္မ်ားတြင္ ၃ ႏွစ္မွ ၁၀ ႏွစ္အထိ ဘြဲ႕ရရန္ ၾကာျမင့္ေလ့ရွိေသာ္လည္း Capstone Project ခြင့္ျပဳေသာ တကၠသိုလ္မ်ားသည္
ေဒါက္တာဘြဲ႕ကို ဟန္ျပယူလိုသူ တို႔ စိတ္ႀကိဳက္ေနရာျဖစ္သည္။ Walden တကၠသိုလ္၏ ေငြလိမ္နည္းမွာ တရားဥပေဒလည္း မခ်ိဳးေဖာက္ရာေရာက္ေစရန္ ေက်ာင္း သား၏ သုေတ သနပေရာဂ်က္ကာလကို
အခ်ိန္ဆြဲၿပီး ေငြညွစ္ျခင္းျဖစ္ၿပီး ဆရာမ်ားက စာတမ္းမ်ားကို ျပန္လည္ၾကည့္ရႈေပးခ်ိန္တြင္ အခ်ိန္ဆြဲသထက္ဆြဲကာ ေက်ာင္းတက္ကာလ သက္တမ္းကို ဆြဲဆန႔္ျခင္းျဖင့္ ေက်ာင္းသားမ်ားထံမွ
မွတ္ပုံတင္ေၾကး ညွစ္ယူေသာ တကၠသိုလ္ဟု စြပ္စြဲခံထားရျခင္းျဖစ္ သည္။ တရားစြဲသူ ရွိ၍သာ ထိုကဲ့သို႔ အလိမ္အညာတကၠသိုလ္မ်ိဳးကို မီဒီယာမ်ားက ေနာက္ေၾကာင္းျပန္ေရးျပနိုင္ျခင္းျဖစ္ၿပီး
ေနာက္ဆုံးတြင္ ထိုတကၠသိုလ္ကို စားသုံးသူ ကာကြယ္ေရးဥပေဒ၊ နိုင္ငံသားအခြင့္ အေရးဥပေဒ Title VI of the Civil Rights Act အရ တရားစြဲဆိုၾကျခင္းျဖစ္သည္။ WALDEN တကၠသိုလ္သည္
တရားစြဲဆိုခံေနရၿပီျဖစ္ရာ သက္သက္ခိုင္သည္လည္း တကၠသိုလ္၏ ပစ္မွတ္ထား ေငြလိမ္လည္ခံရသူမ်ားထဲတြင္ တစ္ဦးအပါအဝင္ ျဖစ္နိုင္သည္ဟု ျပည္ပတြင္ ေဒါက္တာဘြဲ႕ရသည္အထိ ပညာသင္ၾကားခဲ့သူ
ျမန္မာတစ္ဦးက ဆိုသည္။ သက္သက္ခိုင္က ေဒါက္တာဘြဲ႕ သုေတသန ပေရာဂ်က္အတြက္ အဆိုျပဳလႊာကို ၁၆ ႀကိမ္ တင္ရသည္ဆိုျခင္းမွာ မႀကဳံစဖူးကိစၥျဖစ္ၿပီး ပုံမွန္ Ph.D ဘြဲ႕မ်ားတြင္ ၁၆ ႀကိမ္
ပရိုပိုဆယ္ ျပန္တင္ရသူကို စာစစ္ေပးသည့္ ပါေမာကၡရွိနိုင္မည္မဟုတ္ဟု ၎က ဆက္ေျပာသည္။ ေဒါက္တာဘြဲ႕ယူမည့္ ေက်ာင္းသူတစ္ဦးအေနႏွင့္ မည္မွ်ပင္ ညံ့ဖ်င္းသည့္တိုင္ေအာင္ ၁၆ ႀကိမ္ အထိ
ျပန္လည္ အစစ္ခံရျခင္းမွာ တစ္စုံတစ္ရာအႀကီး အက်ယ္လြဲမွားေနၿပီကို ျပဆိုေနျခင္းျဖစ္သည္ဟု ၎၏ အဆိုအရ သိရွိရသည္။ ေအာင္ေက်ာ္ဝင္းႏွင့္ သက္သက္ခိုင္တို႔သည္ စီးပြားေရးကြၽမ္းက်င္
ေငြရွာနိုင္ေသာ္လည္း ပညာေရးအတြက္ ေဒါက္တာဘြဲ႕ယူရာတြင္ ေက်ာင္းအရည္အေသြးကို မစစ္ေဆးနိုင္ခဲ့သည္အထိ ညံ့ဖ်င္းလြန္းသည္ဟု ျပည္ပပညာေရးေအဂ်င္စီတစ္ခုက သုံးသပ္သည္။
သက္သက္ခိုင္တက္ေရာက္ခဲ့ေသာ WALDEN တကၠသိုလ္သည္ ယခင္ကလည္း လိမ္လည္ေသာ တကၠ သိုလ္ျဖစ္ေၾကာင္း စြပ္စြဲခံရျခင္းမ်ားရွိခဲ့ဖူးေသာ္ လည္း ယခုတႀကိမ္မွ
တရား႐ုံးေတာ္တြင္ တရားစြဲဆိုခံရျခင္းျဖစ္သည္။ နယူးေယာက္တိုင္းမ္၏ အဆိုအရ ေက်ာင္းသူ တစ္ဖနီဖဲလ္ကို တကၠသိုလ္က ၂ ႏွစ္ခြဲအတြင္း Business Administration Ph.D ဘြဲ႕အတြက္
ေဒၚလာေလးေသာင္းခြဲမွ်ႏွင့္ ေက်ာင္းၿပီးဆုံး ဘြဲ႕ရေစရမည္ဟု အာမခံခဲ့ေၾကာင္း၊ သို႔ရာတြင္ ေက်ာင္းသူတစ္ဖနီဖဲလ္အေနျဖင့္ ေက်ာင္းတက္ကာလ ၄ ႏွစ္ခြဲၾကာခဲ့ၿပီး
အေႂကြး ေဒၚလာ ကိုးေသာင္းနီးပါးတင္ခဲ့ရေၾကာင္း သိရွိရသည္။ သက္သက္ခိုင္အေနျဖင့္ ၂၃ ႀကိမ္ ဘြဲ႕ယူက်မ္းကို ျပဳျပင္ခဲ့ရသည္ဆိုေသာ ေၾကာင့္ ေငြေၾကးကုန္က်မႈမ်ား
အလိမ္ အညာမ်ားစြာျဖင့္ ဘြဲ႕ရေရး အလိမ္ခံခဲ့ရဖြယ္ ရွိသည့္ အေျခအေနမွာလည္း စိတ္ဝင္စားဖြယ္ရာပင္ျဖစ္သည္ဟု ျပည္ပတြင္ ေဒါက္တာဘြဲ႕ရသည္အထိ ပညာသင္ၾကားခဲ့သူ ျမန္မာတစ္ဦးက ဆိုသည္။
Leave a Reply