လေယာဉ်ပေါ်က ဆင်းလုဆဲဆဲ ထီးနောက်မှာ ဝင်ပုန်းခဲ့ရတဲ့ တေလာဆွစ်ဖ်ရဲ့ နောက်ကွယ်က အကြောင်းတရား

ဇူလိုင်လ ၅ ရက်က ဟောလိဝုဒ်ဘားဘန့်လေဆိပ်မှာ လေယာဉ်ပေါ်က ဆင်းလုဆဲဆဲအချိန် တေလာဆွစ်ဖ်က ထီးအနောက်မှာ ဝင်ပုန်းနေတာကို

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ပါပါရာဇီတွေက အမိအရ ဓာတ်ပုံ ရိုက်နိုင်ခဲ့ပါတယ်။ ကိုယ်ပိုင်လေယာဉ် အသုံးပြုမှုကြောင့် ကာဗွန်ထုတ်လွှတ်မှုအများဆုံး ထင်ပေါ်ကျော်ကြားသူအဖြစ်

ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ တေလာဆွစ်ဖ်က အဲဒီလို ဝင်ပုန်းခဲ့တာလို့ ဆိုပါတယ်။ တေလာဆွစ်ဖ်က ပြီးခဲ့တဲ့ဇန်နဝါရီလနောက်ပိုင်း လေကြောင်းခရီးစဉ် ၁၇၀ သွားခဲ့ပြီး

ကာဗွန်ထုတ်လွှတ်မှု တန် ၈၀၀ ကျော် ရှိစေခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့အတူ အဲဒီဓာတ်ပုံက အခုတစ်ဖန် ပြန်ပေါ်လာခဲ့တာပါ။ အဲဒီဓာတ်ပုံထဲမှာ ဂျင်းဘောင်းဘီ ဝတ်ထားတဲ့

အမျိုးသမီးတစ်ယောက်ရဲ့ ခြေထောက်ကိုပဲ မြင်ရပေမဲ့ အဲဒီလေယာဉ်ပေါ်ကနေ တေလာဆွစ်ဖ်ရဲ့ အဖွဲ့ဝင်တွေ ဆင်းလာခဲ့လို့ ထီးနောက်မှာ ဝင်ပုန်းခဲ့သူက တေလာဆွစ်ဖ်လို့

ဒေးလီးမေးလ်က ခွဲခြားဖော်ပြခဲ့တာပါ။ တေလာဆွစ်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူ့ရဲ့ကိုယ်ပိုင်လေယာဉ်ကို တခြားသူတွေထံ ငှားရမ်းပေးထားပြီး လေကြောင်းပျံသန်းမှု ခွဲခမ်းစိတ်ဖြာရေး အေဂျင်စီ

Yang က ဖော်ပြသလောက် လေကြောင်းခရီး သွားခဲ့ဖူးခြင်း မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ Ref: Taylor Swift seen hiding behind umbrella as she gets off private jet ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်








Be the first to comment

Leave a Reply

Your email address will not be published.


*