
ဗီဒီယို၊ ရုပ်ရှင်ကားတွေထဲမှာ လူကြမ်း၊ ဗီလိန်နေရာကနေ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်တွေရဲ့ မုန်းတီးခြင်းတွေကို ခံရလေ့ရှိတဲ့ လူကြမ်းမင်းသားတွေဘဝဟာလည်း
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
တကယ့်အမှန်တကယ်လက်တွေ့မှာတော့ လွန်စွာမှ စာနာဖို့ကောင်းလှပါတယ်။ တစ်ချိန်က အနုပညာလောကမှာ ဗီလိန်ခန်းတွေ၊ လူဆိုးလူမိုက်ခန်းတွေမှာ လူမုန်းများခဲ့ရတဲ့အထိ
သရုပ်ဆောင်ပီပြင်လွန်းခဲ့တဲ့ လူကြမ်း သရုပ်ဆောင် မင်းရဲဆက်ကို ပရိသတ်တွေမှတ်မိကြအုန်းမယ်ထင်ပါတယ်။ အနုပညာလောကမှာ ကာရိုက်တာပေါင်းစုံနဲ့ ကျင်လည်ခဲ့ပြီး
ဆယ်စုနှစ်တစ်ခုကြာလုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင် မင်းရဲဆက်ဟာယခုလက်ရှိ အချိန်မှာတော့ အနုပညာလောကကနေ အနားယူလိုက်တာ (၁၁) နှစ်ကျော်ခဲ့ပါပြီ။ အနုပညာအလုပ်တွေကို မလုပ်တော့ပေမယ့်
မင်းရဲဆက် ကိုချစ်တဲ့ ပရိသတ်တွေအတွက် သူ့အကြောင်းလေးကို အလွမ်းပြေ တင်ဆက်ပေးမယ်နော်။ မင်းရဲဆက် ဟာအနုပညာလောကထဲကနေ အနားယူလိုက်တဲ့အကြောင်းရင်းကတော့ သူ့ကိုကြည့်နေရရင်
ပရိသတ်တွေ အကုသိုလ်ရမှာဆိုးတာကြောင့်ဆိုတဲ့အကြောင်း နဲ့ပတ်သက်ပြီး “အနုပညာနဲ့ပတ်သက်ပြီးတော့ အကိုနားလိုက်ပြီပေါ့နော်။ အကိုနားလိုက်တော့ ပရိသတ်တွေဘာပဲဖြစ်ဖြစ် အကုသိုလ်လျော့သွားတာပေါ့
အကိုရှိနေလို့ရှိရင် အကို့ကိုကြည့်ပြီး အကုသိုလ်တွေများနေမှာစိုးလို့ ကုသိုလ်တွေ ဖြစ်အောင်လို့ အနားပေးလိုက်တာ”လို့ဆိုပါတယ်။ ဒါအပြင် အိမ်ထောင်လည်းကျသွားပြီဖြစ်တာကြောင့်
မိသားစုကို အချိန်ပေးပြီး အခြားစီးပွားရေးလုပ်ငန်းလေးတွေ လုပ်ချင်တာကြောင့်လဲ အနုပညာကို နားလိုက်တာပါတဲ့။မင်းရဲဆက်တစ်ယောက်ကတော့ ရုပ်ရှင်ပိတ်ကားအထက်မှာသာ
ပရိတ်သတ်တွေလူမုန်းများရတဲ့ ဇာတ်ရုပ်မျိုးတွေ သရုပ်ဆောင်ရပေမယ့် အပြင်မှာတော့ ချိုသာတဲ့အပြုံးလေးတွေကို တကယ့်ကိုစိတ်နှလုံးကောင်းမွန်တဲ့ သူပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေမလုပ်တော့ပေမယ့်
ရိုးရှင်းတဲ့သမာအာဇီဝကျကျ စိုက်ပျိုးရေးလုပ်ငန်းလေးကိုလုပ်ကိုင်ကာ မိသားစုနဲ့အတူဖြတ်သန်းနေတဲ့ မင်းရဲဆက် တို့မိသားစုလေးကတော့ တကယ်ကိုအားကျလောက်စရာပါပဲနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ဗီဒီယို၊ ႐ုပ္ရွင္ကားေတြထဲမွာ လူၾကမ္း၊ ဗီလိန္ေနရာကေန ပီပီျပင္ျပင္သ႐ုပ္ေဆာင္နိုင္ခဲ့လို႔ ပရိသတ္ေတြရဲ႕ မုန္းတီးျခင္းေတြကို ခံရေလ့ရွိတဲ့ လူၾကမ္းမင္းသားေတြဘဝဟာလည္း
တကယ့္အမွန္တကယ္လက္ေတြ႕မွာေတာ့ လြန္စြာမွ စာနာဖို႔ေကာင္းလွပါတယ္။ တစ္ခ်ိန္က အႏုပညာေလာကမွာ ဗီလိန္ခန္းေတြ၊ လူဆိုးလူမိုက္ခန္းေတြမွာ လူမုန္းမ်ားခဲ့ရတဲ့အထိ
သ႐ုပ္ေဆာင္ပီျပင္လြန္းခဲ့တဲ့ လူၾကမ္း သ႐ုပ္ေဆာင္ မင္းရဲဆက္ကို ပရိသတ္ေတြမွတ္မိၾကအုန္းမယ္ထင္ပါတယ္။ အႏုပညာေလာကမွာ ကာရိုက္တာေပါင္းစုံနဲ႕ က်င္လည္ခဲ့ၿပီး
ဆယ္စုႏွစ္တစ္ခုၾကာလုပ္ကိုင္ခဲ့တဲ့ သ႐ုပ္ေဆာင္ မင္းရဲဆက္ဟာယခုလက္ရွိ အခ်ိန္မွာေတာ့ အႏုပညာေလာကကေန အနားယူလိုက္တာ (၁၁) ႏွစ္ေက်ာ္ခဲ့ပါၿပီ။ အႏုပညာအလုပ္ေတြကို မလုပ္ေတာ့ေပမယ့္
မင္းရဲဆက္ ကိုခ်စ္တဲ့ ပရိသတ္ေတြအတြက္ သူ႕အေၾကာင္းေလးကို အလြမ္းေျပ တင္ဆက္ေပးမယ္ေနာ္။ မင္းရဲဆက္ ဟာအႏုပညာေလာကထဲကေန အနားယူလိုက္တဲ့အေၾကာင္းရင္းကေတာ့ သူ႕ကိုၾကည့္ေနရရင္
ပရိသတ္ေတြ အကုသိုလ္ရမွာဆိုးတာေၾကာင့္ဆိုတဲ့အေၾကာင္း နဲ႕ပတ္သက္ၿပီး “အႏုပညာနဲ႕ပတ္သက္ၿပီးေတာ့ အကိုနားလိုက္ၿပီေပါ့ေနာ္။ အကိုနားလိုက္ေတာ့ ပရိသတ္ေတြဘာပဲျဖစ္ျဖစ္ အကုသိုလ္ေလ်ာ့သြားတာေပါ့
အကိုရွိေနလို႔ရွိရင္ အကို႔ကိုၾကည့္ၿပီး အကုသိုလ္ေတြမ်ားေနမွာစိုးလို႔ ကုသိုလ္ေတြ ျဖစ္ေအာင္လို႔ အနားေပးလိုက္တာ”လို႔ဆိုပါတယ္။ ဒါအျပင္ အိမ္ေထာင္လည္းက်သြားၿပီျဖစ္တာေၾကာင့္
မိသားစုကို အခ်ိန္ေပးၿပီး အျခားစီးပြားေရးလုပ္ငန္းေလးေတြ လုပ္ခ်င္တာေၾကာင့္လဲ အႏုပညာကို နားလိုက္တာပါတဲ့။မင္းရဲဆက္တစ္ေယာက္ကေတာ့ ႐ုပ္ရွင္ပိတ္ကားအထက္မွာသာ
ပရိတ္သတ္ေတြလူမုန္းမ်ားရတဲ့ ဇာတ္႐ုပ္မ်ိဳးေတြ သ႐ုပ္ေဆာင္ရေပမယ့္ အျပင္မွာေတာ့ ခ်ိဳသာတဲ့အၿပဳံးေလးေတြကို တကယ့္ကိုစိတ္ႏွလုံးေကာင္းမြန္တဲ့ သူပဲ ျဖစ္ပါတယ္။ အႏုပညာလုပ္ငန္းေတြမလုပ္ေတာ့ေပမယ့္
ရိုးရွင္းတဲ့သမာအာဇီဝက်က် စိုက္ပ်ိဳးေရးလုပ္ငန္းေလးကိုလုပ္ကိုင္ကာ မိသားစုနဲ႕အတူျဖတ္သန္းေနတဲ့ မင္းရဲဆက္ တို႔မိသားစုေလးကေတာ့ တကယ္ကိုအားက်ေလာက္စရာပါပဲေနာ္။ ခရက္ဒစ္
Leave a Reply