ပရိသတ်ကြီးရေ ဗီဒီယိုခေတ်ထဲက နာမည်ကြီးလူကြိုက်များခဲ့တဲ့ ဝါရင့်မင်းသားတစ်ဦးဖြစ်တဲ့ ထူးခန့်ကျော် ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်နော်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
နယ်ပရိသတ် အခိုင်အမာရရှိထားတဲ့ အနုပညာမျိုးရိုးလဲရှိတဲ့ မင်းသား ထူးခန့်ကျော် ကတော့ မင်းသားကြီးတစ်ဦးဖြစ်တဲ့ မြင်စိုင်းသား (အောင်အောင်) ရဲ့သားတစ်ဦးလဲ ဖြစ်ပါတယ်။
အခုလက်ရှိမှာ အနုပညာလှုပ်ရှားမူ့တွေမရှိတော့ပေမယ့် တတ်ကျွမ်းထားတဲ့ တိုင်းရင်းဆေးပညာနဲ့ အရိုးဝေဒနာကို ခံစားနေရတဲ့ လူနာတွေကို ကုသပေးနေပါတယ်။ ဆေးပညာဟာ ဆေးစွမ်းထက်လွန်းပြီး
ပြသဖို့အနယ်နယ်အရပ်ရပ်က ဝေဒနာရှင်တွေ များပြားတာတွေကြောင့် ဘိုကင်စနစ်နဲ့ တန်းစီကြရပါတယ်။ “ကဲ့ ၇နှစ်ကြာစကားမပြောသောကိုကျော်သူ အခုတော့စကားများပြန်ပြောလာခဲ့ပြီ ညောင်တုန်းမြို့နယ်ခတ္ထယကျေးရွာနေ
ကိုကျော်သူတယောက်စကားများမပြောပဲနေခဲ့ရာ ၇နှစ်ကျော်ကြာရှိလာခဲ့ပေသည်။ ကိုကျော်သူ၏မိခင်ကြီးမှာလည်းသူမမသေခင် သူ့သားလေး စကားများပြန်လည်ပြောတာကိုမြင်ချင်လိုက်တာလို့
တန်းတခဲ့ရသောကိုကျော်သူ၏မိခင်ကြီးဆန္ဒပြည့်ဝခဲ့ရလေပြီ ကျွန်တော်ထံလာရောက်ကုသစဥ်မည်သို့မျှ စကားများမပြောပဲ ကုသပြီးများမကြာခင်မိမိနာမ်မည်နှင့် မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပြီး
အတော်များများပြန်လည်ပြောလာခဲ့လို့ကိုကျော်သူမိခင်ကြီးကိုယ်စားအင်မတန်ဝမ်းသာပီတိဖြစ်ခဲ့ရသလို မင်္ဂလာညနေခင်းလေးမှာအမျိုးများအားလုံး သောကဟူသမျှကင်းဝေးလွင့်စဉ်ကြ၍
ချမ်းသာခြင်းသုခအပေါင်းနှင့်ပြီးပြည့်စုံစွာရရှိကြပါစေ” လို့ ထူးခန့်ကျော် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply