ပြည်သူအချစ်တော် မင်းသားချော အကယ်ဒမီ မင်းမော်ကွန်း ကတော့တစ်ခေတ်တစ်ခါက အောင်မြင်ပြီးသားဖြစ်တဲ့အပြင်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ယနေ့ထိ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။သူကတော့ သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိသတ်များစွာ ပိုင်ဆိုင်ထားတာဖြစ်ပြီး
အကယ်ဒမီဆုကိုလဲ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားပါသေးတယ်။မင်းမော်ကွန်း ဟာ တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က
တစ်သားတည်းပါဝင်ခဲ့ပါသေးတယ်။ဒါကြောင့်လဲ ပုဒ်မ၅၀၅ကဖြင့် မတရားအမှုဖွင့်ထားခြင်းခံရပြီး မင်းမော်ကွန်း ကမိသားစုနဲ့အတူ လွတ်မြောက်နယ်မြေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
လက်ရှိမှာတော့ လွတ်မြောက်နယ်မြေမှတစ်ဆင့် နိုင်ငံရပ်ခြားကို ဘေးကင်းစွာနဲ့ ရောက်ရှိသွားပြီးနောက် တော်လှန်ရေးအတွက် တာဝန်တွေကိုဆက်လက် ထမ်းဆောင်နေပါတယ်။
မင်းမော်ကွန်း နိုင်ငံခြားရောက်ရှိသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူမှု့ကွန်ယက်ပေါ်မှာ ဝေဖန်မှု့အချို့ကိုလဲတွေ့နေရပါသေးတယ်။စစ်တပ်ကိုသတင်းပေးနေတဲ့ ဟန်ငြိမ်းဦးရဲ့ တယ်လီဂရမ်ကနေ ။
မင်းမော်ကွန်းနဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှု့တစ်ခုပြုလုပ်လိုက်ပါတယ်။” ကိုယ်တိုင်ကျတော့ အဖမ်းခံရမှာကြောက်ပြီး ပြည်ပကိုထွက်ပြေးပြီးအဝေးကနေ ဟောင်ရဲတာ သတ္တိမဟုတ်ဘူးကွ
မင်းတို့အရီးဒေါ်ပုံ Lee မှမအောင်စေရဘူးမင်းလိုကောင်ကဘယ်လိုလူစားမျိုးလည်းဆိုတာ မကြာခင်သိရတော့မှာပါ ကိုယ့်ရဲ့မယားကြီးဘေးမှာထားပြီး အခြားမော်ဒယ်တွေ မင်းသမီးတွေကို မဖွယ်မရာ
ပုံတွေရိုက်ပို့ထားတာတွေ ကို ယ်လုံးတီးပုံတွေ ရိုက်ပို့ခိုင်းတာတွေသက်သေနဲ့တကွ တင်ဖို့ရှိပါတယ်။ အခြားအပို့ခံရ အတောင်းခံရတဲ့ မင်းသမီးတွေရှိရင်လည်း ပို့ပေးကြပါ ဒီကောင်တောင်းတာက အများကြီးပဲမို့
ဘယ်သူ ပို့တယ်ဆိုတာ မှတ်မိမှာမဟုတ်ဘူး ဘယ်သူနဲ့ပြောထားတယ်ဆိုတာလည်းမသိစေရဘူး စိတ်ချလက်ချသာပို့ပေးကြပါ။ နီပိတ်တွေ ကိုးကွယ်နေတဲ့ကောင်က ဘယ်လိုအောက်တန်းစားလည်းဆိုတာ
သိစေရမယ်” လို့ ဟန်ငြိမ်းဦး ရဲ့ တယ်လီဂရမ်မှာ တင်ထားတာကို တွေ့ရပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး မင်းမော်ကွန်း ကတော့ အခုလိုပဲ ပြန်လည်တုန့်ပြန်လိုက်ပါတယ်။။
” ဟားဟားဟား စောက်ဂရုကိုမစိုက် ဟန်ငြိမ်းဦးရေ မင်းသာ သတိထားပြီးနေစမ်းပါ” သူ့လူမှု့ကွန်ယက်ပေါ်ကနေ ဟန်ငြိမ်းဦးကို စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရေ မင်းသား မင်းမော်ကွန်း ကတော့
တော်လှန်ရေးအောင်မြင်ပြီးနောက် လိပ်ပြာသန့်သန့်နဲ့ ချစ်တဲ့ပရိသတ်တွေနဲ့ တစ်နေ့မြန်မာပြည်မှာ ပြန်ဆုံကြဖို့ မျှော်လင့်နေပါတယ်တဲ့။အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply