ပရိသတ်ကြီးရေ သရုပ်ဆောင် ဇူးဇူးမောင်ကတော့ တစ်ခေတ်တစ်ခါတုန်းကအနုပညာလောကမှာ အောင် မြင်မှုတွေများစွာ သိမ်းပိုက်ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သူမဟာ သရုပ်ဆောင် မေသန်းနုရဲ့တူမအရင်းဖြစ်ပြီးအဒေါ်ဖြစ်သူနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေမှာ အတူပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့
သာယာကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဇူးဇူးမောင်ဟာ သူမရဲ့မိသားစုနဲ့အတူ ပြည်ပနိုင်ငံတွင် အခြေချနေထိုင်နေတာဖြစ်ပြီး
အနုပညာအလုပ်တွေကနေ အနားယူလိုက်တာ ဖြစ်ပါတယ်။ သူမရဲ့ ကလေးတွေကလည်းအရမ်းကိုချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေကပါ ချစ်ခင်နေရတာ ဖြစ်ပါတယ်။
ကလေးတွေရဲ့လှုပ်ရှားမှုတွေတိုင်းကိုလည်း ဝေမျှပေးလေ့ရှိတဲ့ ဇူးဇူးမောင်ကဒီတစ်ခါမှာဆိုရင်လည်း ချစ်စရာကောင်းတဲ့ဗီဒီယိုလေးတစ်ခုကိုပြသလာခဲ့တာပဲဖြစ်ပါတယ်နော်။ ဒါကတော့ ဇူးဇူးမောင်ရဲ့
သမီးကြီး Chloe ဟာ သူမရဲ့ညီမလေး Alison ကို မေမေ့ကို အိမ်အလုပ်တွေ ဝိုင်းကူပေးဖို့နဲ့ စာသင်ဖို့ ဘုရားစာသင်ဖို့တို့ကို တဖွဖွပြောပြီး ဆုံးမနေတာကို ဇူဇူးမောင်က အမိအရဗီဒီယိုလေးရိုက်ပြီး
အခုလိုပဲ မျှဝေပေးလာပါတယ်။ ဇူဇူးမောင်ရဲ့သမီးလေးတွေကတော့ မိဘတွေရဲ့ သွန် သင်ဆုံးမမှုကောင်းကြောင့် အရမ်းချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိကြတာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း Alison နဲ့ Chloe တို့ ညီအစ်မနှစ်ယောက်ရဲ့ အ ပြန်အလှန်စကားပြောဆိုပုံကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply