ပရိသတ်တွေက ချစ်ကြတဲ့နိုင်ငံကျော်အနုပညာရှင်မင်း သမီးကြီး ထက်ထက်မိုးဦးရဲ့ သမီးချောလေး စစ်လွန်းဝတီထက်ဟာ အရွယ်နဲ့မလိုက်အောင် ထက်မြက်ပြီးစီးပွားရေးနဲ့ပတ်သက်တဲ့အကြံကောင်းတွေကို အကောင်အထည်ဖော်ဖို့ကြိုးစားနေတဲ့သူလေးဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် ကလေးလေးတွေအတွက်စဉ်းစားပေးပြီး ကလေးတွေပါသုံးလို့ရမယ့်ရေမွှေးမျိုးထုတ်ချင်တဲ့အကြောင်း ပရိသတ်တွေကိုပြောပြခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ စစ်လွန်းဝတီထက်ဟာ
သူမရဲ့မိဘတွေဖြစ်တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးနဲ့ စိုင်းလွှမ်းတို့အကြောင်းပြောလာကြတဲ့ပရိသတ်တစ်ချို့ရဲ့ Comment တွေကိုတွေ့ခဲ့ပြီး သူမရဲ့မိသားစုနဲ့ပတ်သက်ကာအခုလိုမျိုး ပြန်လည်ဖြေရှင်းပြောပြလာခဲ့ပါတယ်။ “သမီးကိုလာပြကြတဲ့ဒီComments တွေမြင်မိတော့
ပါပါးအတွက် သမီးစိတ်မကောင်းဘူး မေမေကိုသွားတွေ့ပါတဲ့ ပြောနေကြတယ် ပါပါးနဲ့သမီး ကို ခဏဆိုပြီးမေမေထွက်သွားပြီးနောက်ပိုင်းလိုက်ရှာကြတယ်တွေ့တော့ လိုက်ခေါ်ခဲ့ကြတယ် သွားခေါ်တော့မောင်းထုတ်တယ် မေမေစိတ်ချမ်းသာရင်
သမီးကုသိုလ်ရပါတယ် ပါပါးပြောလို့သမီးမေမေ စိတ်ချမ်းသာဖို့ သမီးတို့ပြန်လာခဲ့ကြတယ်။ သမီးမေမေပြောင်းသမျှဖုန်းတွေရှာဆက်ခဲ့တယ်ခုဆက်ခဏနေစက်ပိတ်ပြီးဖုန်းနံပါတ်တွေ ပြောင်းပစ်ခဲ့တယ် ဘယ်လိုမှ ဆက်သွယ်လို့မရတော့
မေမေဆက်သွယ်လာမလားလို့စောင့်နေခဲ့တယ် ခုထိမေမေဖုန်းနံပါတ် ဘယ်လောက်ဆိုတာမသိပေမဲ့ သမီးကိုင်တဲ့ဖုန်း သမီးနေတဲ့အိမ် တက်နေတဲ့ကျောင်း မေမေ အကုန်သိပါတယ် ဘာလို့အကြောင်းအရာကိုအတိအကျမသိကြပဲ ပါပါးကိုပြောနေကြတာလဲရှင်”
“ညီမလေးသံသာလေးမွေးတော့ ဦးလေးနဲ့အန်တီတို့နှစ်ဖက်မိသားစုအကုန်လုံးပြုစုနေတာပင်ပန်းကြတာမြင်တော့ ပါပါးတစ်ယောက်တည်း အရမ်းချူချာ အရမ်းဆော့တဲ့ သမီးကို ဘယ်လိုထိန်းခဲ့လဲတွေးမိပြီးသနားသလိုမေမေပစ်သွားပေမဲ့လည်း
ညစဉ်ကျန်းမာဖို့မေတ္တာပို့ရှိခိုးပြီးမှ အိပ်ဖို့သင်ပေးခဲ့တာပါပါးပါ မိခင်ကိုတန်ဖိုးထားဖို့ပြောနေကြတဲ့သူတွေက ခလေးတစ်ယောက်ကိုအရွယ်ရောက်ဖို့ဘယ်လောက်ပင်ပန်းခက်ခဲရလဲဆိုတာ သိကြမှာပါနော် ဘာလို့ဘာမှမသိဘဲပြောနေကြတာလဲရှင် ပါပါးကတော့
ဒီစာတွေမြင်ရင် သည်းခံနိုင်ပေမဲ့ သမီး စိတ်ထဲအရမ်းမကောင်းလို့ပြောပြရတာပါ မေမေ့ကိုမုန်းဖို့မဟုတ်သလို သမီးလည်းမိခင်ဖခင်ကိုဘုရားနဲ့တူတူဦးတင်ထားပါတယ်သမီးမြန်မာစာကောင်း ကောင်းရေးတတ်ပြီမို့ နောက်ဆို
အမှန်တရားကိုတော့ ပါပါးလိုမပြောဘဲနေမှာမဟုတ်တော့ပါဘူးရှင်မသိလို့ပြောကြတဲ့သူအားလုံးကိုသမီးနားလည်ပါတယ်ချစ်လို့ပြောကြတယ်ပဲမှတ်ပါတယ်ရှင်သမီးခုလိုပြောရတာကိုလည်းနားလည်ပေးကြပါရှင်”
စစ်လွန်းဝတီထက်လေးဟာ သူမရဲ့ဖေဖေစကားကိုလည်း အမြဲနားထောင်ပြီး ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေသူလေးဖြစ်ပါတယ်။စစ်လွန်းလေးရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply