
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့ စစ်အာ ဏာရှင် ချေမှုန်းရေး လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ဆန္ဒပြပွဲ အပြီး မြိုင်မှ ပြည်သူများက
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
နားကပ်အစုံ ၃၂ စုံ၊ လက်စွပ် ၄ကွင်းနှင့် ငွေ ၄ သိန်းခွဲနီးပါးကို ကျေးရွာကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့ကျောင်းအတွက် လှူဒါန်းကြောင်း BEGSC-MYAINGက ပြောသည်။ ဇူလိုင်လ ၃၁ ရက်နေ့တွင် မြိုင်မြို့နယ်အတွင်းရှိ
ကျေးရွာတစ်ရွာ၌ ပြုလုပ်သော အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီးတွင် ပြည်သူများက ငွေသားများအပြင် ဝတ်ဆင်လာကြသော ရွှေနားဆွဲများ၊ ရွှေနားကပ်များနှင့် ရွှေလက်စွပ်များကိုပါချွတ်၍ ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့်
ကြားကာလပညာရေးဖော်ဆောင်လျက်ရှိသော ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းအတွက် ကူညီထောက်ပံ့ခဲ့ကြကြောင်း သိရှိရသည်။ ပြည်သူများက နားကပ်နှင့်နားဆွဲစုစုပေါင်း(၃၂)စုံ ၊ လက်စွပ်(၄)ကွင်းနှင့် ငွေသားစုစုပေါင်း ၄သိန်း၃သောင်းကျပ်တိတိကို
ထောက်ပံ့ခဲ့ကြကြောင်း၊ အအကြမ်းဖက်စစ်အုပ်စုက ကျေးရွာများကို မီ းရှို့ဖျက်ဆီးနေသည့်အပြင် အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက်ဖမ်းဆီးသ တ်ဖြ တ်မှုဖြင့် ပြည်သူလူထုကို ကြောက်စိတ်ဝင်လာရန်
နည်းမျိုးစုံဖြင့် ကြိုးစားနေသည့်ကြားကပင် စစ်မှန်သော တော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့် တော်လှန်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူက ပါဝင်နေကြောင်း BEGSC-MYAINGက ဆိုသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာတစ္႐ြာတြင္ ယမန္ေန႕ စစ္အာ ဏာရွင္ ေခ်မႈန္းေရး လူထုသစၥာ အဓိ႒ာန္ျပဳပြဲႏွင့္ စစ္အာဏာရွင္ ဆန႔္က်င္ေရး သပိတ္ဆႏၵျပပြဲ အၿပီး ၿမိဳင္မွ ျပည္သူမ်ားက
နားကပ္အစုံ ၃၂ စုံ၊ လက္စြပ္ ၄ကြင္းႏွင့္ ေငြ ၄ သိန္းခြဲနီးပါးကို ေက်း႐ြာကာကြယ္ေရးအဖြဲ႕ႏွင့္ ျပည္သူ႕ေက်ာင္းအတြက္ လႉဒါန္းေၾကာင္း BEGSC-MYAINGက ေျပာသည္။ ဇူလိုင္လ ၃၁ ရက္ေန႕တြင္ ၿမိဳင္ၿမိဳ႕နယ္အတြင္းရွိ
ေက်း႐ြာတစ္႐ြာ၌ ျပဳလုပ္ေသာ အာဏာရွင္ေတာ္လွန္ေရးသပိတ္စစ္ေၾကာင္းအၿပီးတြင္ ျပည္သူမ်ားက ေငြသားမ်ားအျပင္ ဝတ္ဆင္လာၾကေသာ ေ႐ႊနားဆြဲမ်ား၊ ေ႐ႊနားကပ္မ်ားႏွင့္ ေ႐ႊလက္စြပ္မ်ားကိုပါခြၽတ္၍ ေက်း႐ြာကာကြယ္ေရးအဖြဲ႕မ်ားႏွင့္
ၾကားကာလပညာေရးေဖာ္ေဆာင္လ်က္ရွိေသာ ျပည္သူ႕အေျချပဳေက်ာင္းတစ္ေက်ာင္းအတြက္ ကူညီေထာက္ပံ့ခဲ့ၾကေၾကာင္း သိရွိရသည္။ ျပည္သူမ်ားက နားကပ္ႏွင့္နားဆြဲစုစုေပါင္း(၃၂)စုံ ၊ လက္စြပ္(၄)ကြင္းႏွင့္ ေငြသားစုစုေပါင္း ၄သိန္း၃ေသာင္းက်ပ္တိတိကို
ေထာက္ပံ့ခဲ့ၾကေၾကာင္း၊ အအၾကမ္းဖက္စစ္အုပ္စုက ေက်း႐ြာမ်ားကို မီ းရွို႔ဖ်က္ဆီးေနသည့္အျပင္ အျပစ္မဲ့ျပည္သူမ်ားကို ရက္ရက္စက္စက္ဖမ္းဆီးသ တ္ျဖ တ္မႈျဖင့္ ျပည္သူလူထုကို ေၾကာက္စိတ္ဝင္လာရန္
နည္းမ်ိဳးစုံျဖင့္ ႀကိဳးစားေနသည့္ၾကားကပင္ စစ္မွန္ေသာ ေတာ္လွန္ေရးစိတ္ဓာတ္အျပည့္ျဖင့္ ေတာ္လွန္ေရးအတြက္ က်ရာက႑မွ ျပည္သူက ပါဝင္ေနေၾကာင္း BEGSC-MYAINGက ဆိုသည္။ ခရက္ဒစ္
Leave a Reply