ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ကတော့ အနုပညာလောကမှာနှစ်အတော်ကြာ ဖြတ်သန်းလာခဲ့ပြီဖြစ်တဲ့ မင်းသားတစ်လက်ပါနော်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အမြဲပျော်ပျော်နေတတ်ပြီး သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါးနေတတ်တာကလည်း သူ့ရဲ့ထူးခြားတဲ့ ပုံစံတစ်ခုပါပဲနော်။ လက်ရှိသူ့အနေနဲ့
ပြင်ဦးလွင်မြို့ကို ရောက်ရှိနေတာဖြစ်ပြီး မေမြို့မှာ ရေကြီးနေမှုကို videoလေးရိုက်ကာ ကိုယ်တိုင်ပြသလာခဲ့တာပါ။ သူတည်းနေတဲ့ hotel မှာပါ ရေကြီးနေမှုကို အသိပေးလာခဲ့တာပါ။
”ခုထိ ရေမကျသေးပါဘူး” ဆိုကာ သူ့ရဲ့ဇာတိပြင်ဦးလွင်မြို့ရဲ့ သမိုင်းမှာပထမဆုံးရေကြီးရေလျှံမှုပဲလို့ပြောပြခဲ့တာပါ။ ရေကြီးမှုဟာဆိုရင် ပြင်ဦးလွင်ရဲ့တချို့နေရာမှာ
နေအိမ်တွေပါမြုပ်တဲ့ထိ ဖြစ်ပေါ်နေတာကြောင့် ပြည်သူပြည်သားတွေကလည်း ပြင်ဦးလွင်မြို့အတွက် စိုးရိမ်ကာ ဆုတောင်းမေတ္တာ ပို့သပေးလျက်ရှိနေကြတာပါနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply