သာသနာ့ဘောင်ထဲဝင်ရောက်တာ အခုဆိုရင် ရက်ပေါင်း (၁၆၈) ရက်ရှိပြီဖြစ်တဲ့ သရုပ်ဆောင် ဇွဲနိုင်ဝင်း
မိတ်ဆွေတို့ရေ သရုပ်ဆောင်ဇွဲနိုင်ဝင်းကတော့ တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလောကမှာ ပရိသတ်အားပေးမှုများစွာနဲ့ ရပ်တည်အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ အနုပညာမျိုးရိုးရှိတဲ့သူဖြစ်ပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
နိုင်ငံကျော်ပြည်သူချစ် မင်းသားကြီးကျော်ဟိန်းနဲ့မင်းသားကြီးဒွေးတိူ့နဲ့အမျိုးတော်စပ်သူပါ။ Music Video တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေ
ရပ်နားထားကာ အေးချမ်းတဲ့ သာသနာ့ဘောင်မှာ ရဟန်းဝတ်နေခဲ့တာ အခုဆိုရင် လနဲ့ချီနေခဲ့ပြီဖြစ်တာကို ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ သရုပ်ဆောင် ဇွဲနိုင်ဝင်းက ဇောတိကဘွဲ့အမည်နဲ့
တရားအလုပ်တွေကို လုပ်ကိုင်နေကာ အလှူအတန်းတွေကိုလည်း မပြတ်လုပ်ကိုင်နေကာ ဘဝကို အေးချမ်းစွာဖြတ်သန်းနေခဲ့ပါတယ်။ ဒီနေ့မှာလည်း ‘ ”ရဟန်းစားရသော ဆွမ်းတစ်နပ်”ပြင်ဦးလွင် မေပါရမီ အောင်မြေရိပ်သာ
(၃၀.၇.၂၀၂၂)ရဟန်းသက် (၁၆၈) ရက်’ဆိုတဲ့ captionလေးနဲ့အတူ ဆွမ်းခံ ကြွချီခဲ့တဲ့ပုံရိပ်တွေကို တင်လာခဲ့တာပါ။ အနုပညာရှင်ဖြစ်ပေမယ့် သာသနာ့ဘောင်မှာ အချိန်အကြာကြီးပျော်မွေ့နေသူလည်း ဖြစ်တာကြောင့်
လေးစားစရာပါပဲနော်။ ပရိသတ်တွေလည်း တော်ရုံသူတွေမပြုလုပ်နိုင်တဲ့ ကာလအရှည်ရဟန်းဝတ်နေတဲ့ ဇွဲနိုင်ဝင်းရဲ့ကုသိုလ်ကောင်းမှုတွေအတွက် သာဓုခေါ်ခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*