သင်္ဃန်းကျွန်းတွင် နေအိမ်တွင် ဗုံ းဆင်ရင်း‌ တေ/သ ဆုံးသူ ၂ ဦးမှာ မဘသ၊ အမျိုးသားရေးသမား သု၀ဏ္ဏ မဘသ ထွန်းကျော်၏ တပည့်၂ ဦးဖြစ်See More………

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏ ၂၉ ရပ်ကွက်၊ ကောက်သွယ် ၁ လမ်းရှိ အိမ်ပိုင်ရှင် သိန်းဦး၏ နေအိမ်တွင် ယနေ့ နံနက်ပိုင်း ဗုံ းဆင်ရင်း ဗုံ းပေါ က်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းဗုံ းပေါ က်ကွဲမှုတွင်

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

‌ေသဆုံးခဲ့သူ ၂ ဦးမှာ စစ်တပ်ထောက်ခံသူ၊ မဘသနှင့် သတင်းပေးများဖြစ်ကြောင်း မဘသသတင်းရင်းမြစ်၊ ဒေသခံများနှင့် ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၅ နာရီအချိန် သု၀ဏ္ဏ ၂၉ ရပ်ကွက်၊ကောက်သွယ် ၁ လမ်း နေအိမ်တွင် ဗုံ းပေါက်ကွဲခဲ့ပြီး ဗုံ းပေါ က်ကွဲမှုကြောင့် သု၀ဏ္ဏ မဘသ ထွန်းကျော်၏ တပည့်ဖြစ်သူ

မဘသ နေလင်း အသက် ၂၄ နှစ်၊ အသက် ၂၈ နှစ်အရွယ် မဘသ ပြည့်ဖြိုးဦး(ခ) အကြီးကောင် တို့ ‌ေသဆုံးသွားကြောင်း၊ ‌ေသဆုံးသူ ၂ ဦးသည်

မဘသ ထွန်းကျော်နှင့်အတူ ဇူလိုင်လ ၂၇ ရက်နေ့ ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့၏ နေအိမ်များကို ဆဲဆိုတို က်ခိုက်ရာတွင် ပါဝင်ခဲ့ကြသူများဖြစ်ကြောင်း သိရှိရသည်။ “ဒီနေ့ ဗုံ းပေါက်တဲ့အိမ်က ရပ်ကွက်မှာ မဘသအိမ်ပဲ။ ဗုံ းဆင်ရင်း ‌ေသသွားတာကလည်း

သု၀ဏ္ဏ မဘသ ထွန်းကျော်တပည့်တွေပဲ။ ‌ေသသူတွေက နယ်ခံတွေမဟုတ်ဘူး၊ ပဲခူးကလာတာ။ သု၀ဏ္ဏ မဘသ ထွန်းကျော်လည်း အဲဒီအိမ်ကို အဝင်အထွက်ရှိနေတာ။

အခုမှ အကြောင်းစုံသိရတာက မဘသတွေ ဗုံ းဆင်ရင်း‌ေသတာ။ ဗုံ းပေါက်ကွဲမှုမှာ ဒဏ်ရာရသူကတော့ မဘသအဖွဲ့ဝင် ယောက္ခမ” ဟု သင်္ဃန်းကျွန်းရဲတပ်ဖွဲ့နှင့်ထိတွေ့မှုရှိနေသည့် YGNခေတ်သစ်၏ သတင်းရင်းမြစ်က

အတည်ပြုပြောဆိုသည်။‌ေ သဆုံးသူ ၂ ဦးဖြစ်သည့် မဘသ နေလင်းနှင့် ပြည့်ဖြိုးဦးတို့သည် မဘသ ဘုန်းကြီးတစ်ပါးဖြစ်သည့် သုစိတ္တ နာယက အဖြစ်ဦးစီးထူထောင်ထားသည့် MNO မြန်မာနိုင်ငံဆိုင်ရာအမျိုးသားရေးအစည်းအရုံး၏

အသင်းဝင်များလည်းဖြစ်ကြသည်ဟု သိရှိရသည်။ ဗုံ းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်တပ်က ဖြစ်စဉ်ကို လာရောက် ကြည့်ရှုရုံမျှသာ လုပ်ဆောင်ပြီးမိသားစုထံသို့ အလောင်းပြန်ပေးကြောင်း၊ မည်သူကိုမှလည်း ဖမ်းဆီးခြင်းမရှိကြောင်း

ယင်းအမှုကိစ္စနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ကိုလည်း စစ်တပ်က စုံစမ်းမေးမြန်းမှု လုံး၀ လုပ်ဆောင်ခြင်းမရှိဟု ဒေသခံများက ပြောဆိုကြသည်။ “အဲဒီဗုံ းကွဲမှုပြီးတော့ စစ်ခွေးတွေက ဘယ်သူမှ မဖမ်းဘူး။

တကယ်လို့သာ PDF၊ UG ဆိုရင်တော့လား မိသားစုတွေလည်း အကုန်ဖမ်းမှာ၊ ပတ်ဝန်းကျင်လည်း မေးမြန်းမှာပေါ့။ ဗုံ းကွဲလို့‌ေသတဲ့ အလောင်းပြန်ပေးမလား။ အခုက‌ေသတဲ့သူတွေက မဘသဆိုတော့ စစ်တပ်ဘက်က အတော်အေးအေး ဆေးဆေးပဲ။

အကြောင်းသိလို့ အေးဆေးတာပေါ့” ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။ သု၀ဏ္ဏမှ မဘသနှင့် အမျိုးသားရေးသမား အစွန်းရောက် ထွန်းကျော်သည်

ယခုအချိန်အထိ စစ်တပ်နှင့် မဘသအတွက် အလုပ်လုပ်နေပြီး မဘသ ဘုန်းကြီး သုစိတ္တ၏တပည့်အရင်းဖြစ်ကြောင်းလက်ရှိတွင် MNO မြန်မာနိုင်ငံဆိုင်ရာအမျိုးသားရေးအစည်းအရုံးဦးဆောင်သူတစ်ဦးအဖြစ်

ပါဝင်နေဆဲဖြစ်ကြောင်း မဘသနှင့်အမျိုးသားရေးလှုပ်ရှားသူများ အကြောင်း သိရှိထားသူ ကိုဟိဏ်းဝေယံက ပြောဆိုသည်။ “သု၀ဏ္ဏထွန်းကျော်ဆိုတာကMNO၊ မဘသ သုစိတ္တရဲ့ တပည့်အရင်း။ မျိုးညစ်အဖွဲ့ MNO မှာ ဦးဆောင်သူတစ်ဦးအနေနဲ့ပါတယ်။

ဗဟန်းရေခဲဆိုင်မှတ်တိုင်၊ ဗဟန်း ဘင်္ဂလားတိုက်၊ ဦးသာသနာကျောင်းဝင်းထဲက သုစိတ္တကျောင်းမှာ အရင်ကတည်းက ဖော က်ခွဲရေး လ က်နက်တွေ၊ ဗုံ းတွေ ထားခဲ့ဖူးတယ်။

ထွန်းကျော်က NLD အစိုးရလက်ထက် လှိုင်ရဲစခန်းမှာ အမှုဖွင့်ခံထားရဖူးတယ်” ဟု ကိုဟိဏ်းဝေယံက ဆိုသည်။ သု၀ဏ္ဏ မဘသ ထွန်းကျော်သည် ယမန်နှစ် စက်တင်ဘာလ ၂၈ ရက်နေ့ သု၀ ဏ္ဏ ၂၅ ရပ်ကွက်၊ သပြေညိုလမ်းထိပ်တွင်

PDF လူငယ် ၁ ဦးကိုလက်လုပ်ဗုံ း၊ ဓ ားတစ်ချောင်းနှင့် ပြည်သူများက ၀ိုင်းဖမ်းမိသည့်ပုံစံ ဇတ်လမ်းဆင်သော ဗီဒီယို ဖိုင်တစ်ခုကို လုပ်ကြံ ဖန်တီးပြီး လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့ကြောင်း၊ ယင်းဗီဒီယိုတွင် ထွန်းကျော်နှင့်အတူ

ပဲခူးမှ ကြံ့ဖွတ်ပါတီဝင် စန္ဒီမြင့်အောင်တို့ပါပျောက်ကြားဝတ်စုံဖြင့် ပြည်သူပုံစံမျိုး အဖြစ် ပါဝင်ဇတ်လမ်းဆင် ဖမ်းဆီးမှု လုပ်ဆောင်ခဲ့ကြောင်း ကိုဟိဏ်းဝေယံက ပြောသည်။ မဘသနှင့် အမျိုးသားရေးသမားများက လူထုကြားတွင်

ပြည်သူကို ထိခိုက်စေသော ဗုံ းခွဲမှုများ လုပ်ဆောင်ပြီးPDF ကို နာ မည်ဖျက်သည့် လုပ်ရပ် ကျူးလွန်လာကြောင်း၊ လက်ရှိ သု၀ဏ္ဏတွင် ဗုံ းဆင်ရင်း မဘသ နှင့် အမျိုးသားရေး လှုပ်ရှားသူ ၂ ဦး‌ေသဆုံးမှုကို

ကြည့်လျှင် မြင်သာကြောင်း၎င်းကဆိုသည်။ အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် လော်ဘီ တယ်လီဂရမ်လူမှုကွန်ရက်များတွင်သင်္ဃန်းကျွန်း ဗုံးကွဲမှုမှ ‌ေသဆုံးသူ ၂ ဦးမှာ PDF များဟု ဝါဒဖြန့်မှုများကိုလည်း လုပ်ဆောင် နေသည်ကိုတွေ့ရသည်။

ဓာတ်ပုံ- မဘသ ထွန်းကျော်၏ ပုံများ၊ ဗုံ းပေါက်ကွဲသော သင်္ဃန်းကျွန်းအိမ်နှင့် ‌ေသဆုံးသူ ၂ ဦး၏ ပုံများဖြစ်ပါသည်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သု၀ဏၰ ၂၉ ရပ္ကြက္၊ ေကာက္သြယ္ ၁ လမ္းရွိ အိမ္ပိုင္ရွင္ သိန္းဦး၏ ေနအိမ္တြင္ ယေန႕ နံနက္ပိုင္း ဗုံ းဆင္ရင္း ဗုံ းေပါ က္ကြဲမႈ ျဖစ္ပြားခဲ့ၿပီး ယင္းဗုံ းေပါ က္ကြဲမႈတြင္

‌ေသဆုံးခဲ့သူ ၂ ဦးမွာ စစ္တပ္ေထာက္ခံသူ၊ မဘသႏွင့္ သတင္းေပးမ်ားျဖစ္ေၾကာင္း မဘသသတင္းရင္းျမစ္၊ ေဒသခံမ်ားႏွင့္ ရဲသတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။ ဇူလိုင္လ ၃၁ ရက္ေန႕ နံနက္ ၅ နာရီအခ်ိန္ သု၀ဏၰ ၂၉ ရပ္ကြက္၊

ေကာက္သြယ္ ၁ လမ္း ေနအိမ္တြင္ ဗုံ းေပါက္ကြဲခဲ့ၿပီး ဗုံ းေပါ က္ကြဲမႈေၾကာင့္ သု၀ဏၰ မဘသ ထြန္းေက်ာ္၏ တပည့္ျဖစ္သူ မဘသ ေနလင္း အသက္ ၂၄ ႏွစ္၊ အသက္ ၂၈ ႏွစ္အ႐ြယ္ မဘသ ျပည့္ၿဖိဳးဦး(ခ) အႀကီးေကာင္ တို႔ ‌ေသဆုံးသြားေၾကာင္း၊ ‌ေသဆုံးသူ ၂ ဦးသည္

မဘသ ထြန္းေက်ာ္ႏွင့္အတူ ဇူလိုင္လ ၂၇ ရက္ေန႕ ကိုဂ်င္မီႏွင့္ ကိုေဇယ်ာေသာ္တို႔၏ ေနအိမ္မ်ားကို ဆဲဆိုတို က္ခိုက္ရာတြင္ ပါဝင္ခဲ့ၾကသူမ်ားျဖစ္ေၾကာင္း သိရွိရသည္။ “ဒီေန႕ ဗုံ းေပါက္တဲ့အိမ္က ရပ္ကြက္မွာ မဘသအိမ္ပဲ။ ဗုံ းဆင္ရင္း ‌ေသသြားတာကလည္း

သု၀ဏၰ မဘသ ထြန္းေက်ာ္တပည့္ေတြပဲ။ ‌ေသသူေတြက နယ္ခံေတြမဟုတ္ဘူး၊ ပဲခူးကလာတာ။ သု၀ဏၰ မဘသ ထြန္းေက်ာ္လည္း အဲဒီအိမ္ကို အဝင္အထြက္ရွိေနတာ။ အခုမွ အေၾကာင္းစုံသိရတာက မဘသေတြ ဗုံ းဆင္ရင္း‌ေသတာ။ ဗုံ းေပါက္ကြဲမႈမွာ

ဒဏ္ရာရသူကေတာ့ မဘသအဖြဲ႕ဝင္ ေယာကၡမ” ဟု သဃၤန္းကြၽန္းရဲတပ္ဖြဲ႕ႏွင့္ထိေတြ႕မႈရွိေနသည့္ ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က အတည္ျပဳေျပာဆိုသည္။‌ေ သဆုံးသူ ၂ ဦးျဖစ္သည့္ မဘသ ေနလင္းႏွင့္ ျပည့္ၿဖိဳးဦးတို႔သည္ မဘသ ဘုန္းႀကီးတစ္ပါးျဖစ္သည့္ သုစိတၱ နာယက အျဖစ္

ဦးစီးထူေထာင္ထားသည့္ MNO ျမန္မာနိုင္ငံဆိုင္ရာအမ်ိဳးသားေရးအစည္းအ႐ုံး၏ အသင္းဝင္မ်ားလည္းျဖစ္ၾကသည္ဟု သိရွိရသည္။ ဗုံ းေပါက္ကြဲမႈ ျဖစ္ပြားၿပီးေနာက္ စစ္တပ္က ျဖစ္စဥ္ကို လာေရာက္ ၾကည့္ရႈ႐ုံမွ်သာ လုပ္ေဆာင္ၿပီး

မိသားစုထံသို႔ အေလာင္းျပန္ေပးေၾကာင္း၊ မည္သူကိုမွလည္း ဖမ္းဆီးျခင္းမရွိေၾကာင္း၊ ယင္းအမႈကိစၥႏွင့္ပတ္သက္၍ ပတ္ဝန္းက်င္ကိုလည္း စစ္တပ္က စုံစမ္းေမးျမန္းမႈ လုံး၀ လုပ္ေဆာင္ျခင္းမရွိဟု ေဒသခံမ်ားက ေျပာဆိုၾကသည္။ “အဲဒီဗုံ းကြဲမႈၿပီးေတာ့ စစ္ေခြးေတြက ဘယ္သူမွ မဖမ္းဘူး။

တကယ္လို႔သာ PDF၊ UG ဆိုရင္ေတာ့လား မိသားစုေတြလည္း အကုန္ဖမ္းမွာ၊ ပတ္ဝန္းက်င္လည္း ေမးျမန္းမွာေပါ့။ ဗုံ းကြဲလို႔‌ေသတဲ့ အေလာင္းျပန္ေပးမလား။ အခုက‌ေသတဲ့သူေတြက မဘသဆိုေတာ့ စစ္တပ္ဘက္က အေတာ္ေအးေအး ေဆးေဆးပဲ။

အေၾကာင္းသိလို႔ ေအးေဆးတာေပါ့” ဟု ေဒသခံတစ္ဦးက ရွင္းျပသည္။ သု၀ဏၰမွ မဘသႏွင့္ အမ်ိဳးသားေရးသမား အစြန္းေရာက္ ထြန္းေက်ာ္သည္ ယခုအခ်ိန္အထိ စစ္တပ္ႏွင့္ မဘသအတြက္ အလုပ္လုပ္ေနၿပီး မဘသ ဘုန္းႀကီး သုစိတၱ၏ တပည့္အရင္းျဖစ္ေၾကာင္း

လက္ရွိတြင္ MNO ျမန္မာနိုင္ငံဆိုင္ရာအမ်ိဳးသားေရးအစည္းအ႐ုံး ဦးေဆာင္သူတစ္ဦးအျဖစ္ပါဝင္ေနဆဲျဖစ္ေၾကာင္း မဘသႏွင့္အမ်ိဳးသားေရးလႈပ္ရွားသူမ်ား အေၾကာင္း သိရွိထားသူ ကိုဟိဏ္းေဝယံက ေျပာဆိုသည္။ “သု၀ဏၰထြန္းေက်ာ္ဆိုတာက

MNO၊ မဘသ သုစိတၱရဲ႕ တပည့္အရင္း။ မ်ိဳးညစ္အဖြဲ႕ MNO မွာ ဦးေဆာင္သူတစ္ဦးအေနနဲ႕ပါတယ္။ ဗဟန္းေရခဲဆိုင္မွတ္တိုင္၊ ဗဟန္း ဘဂၤလားတိုက္၊ ဦးသာသနာေက်ာင္းဝင္းထဲက သုစိတၱေက်ာင္းမွာ အရင္ကတည္းက ေဖာ က္ခြဲေရး လ က္နက္ေတြ၊ ဗုံ းေတြ ထားခဲ့ဖူးတယ္။

ထြန္းေက်ာ္က NLD အစိုးရလက္ထက္ လွိုင္ရဲစခန္းမွာ အမႈဖြင့္ခံထားရဖူးတယ္” ဟု ကိုဟိဏ္းေဝယံက ဆိုသည္။ သု၀ဏၰ မဘသ ထြန္းေက်ာ္သည္ ယမန္ႏွစ္ စက္တင္ဘာလ ၂၈ ရက္ေန႕ သု၀ ဏၰ ၂၅ ရပ္ကြက္၊ သေျပညိုလမ္းထိပ္တြင္ PDF လူငယ္ ၁ ဦးကို

လက္လုပ္ဗုံ း၊ ဓ ားတစ္ေခ်ာင္းႏွင့္ ျပည္သူမ်ားက ၀ိုင္းဖမ္းမိသည့္ပုံစံ ဇတ္လမ္းဆင္ေသာ ဗီဒီယို ဖိုင္တစ္ခုကို လုပ္ႀကံ ဖန္တီးၿပီး လူမႈကြန္ရက္တြင္ ျဖန႔္ေဝခဲ့ေၾကာင္း၊ ယင္းဗီဒီယိုတြင္ ထြန္းေက်ာ္ႏွင့္အတူ ပဲခူးမွ ႀကံ့ဖြတ္ပါတီဝင္ စႏၵီျမင့္ေအာင္တို႔ပါ

ေပ်ာက္ၾကားဝတ္စုံျဖင့္ ျပည္သူပုံစံမ်ိဳး အျဖစ္ ပါဝင္ဇတ္လမ္းဆင္ ဖမ္းဆီးမႈ လုပ္ေဆာင္ခဲ့ေၾကာင္း ကိုဟိဏ္းေဝယံက ေျပာသည္။ မဘသႏွင့္ အမ်ိဳးသားေရးသမားမ်ားက လူထုၾကားတြင္ ျပည္သူကို ထိခိုက္ေစေသာ ဗုံ းခြဲမႈမ်ား လုပ္ေဆာင္ၿပီး

PDF ကို နာ မည္ဖ်က္သည့္ လုပ္ရပ္ က်ဴးလြန္လာေၾကာင္း၊ လက္ရွိ သု၀ဏၰတြင္ ဗုံ းဆင္ရင္း မဘသ ႏွင့္ အမ်ိဳးသားေရး လႈပ္ ရွားသူ ၂ ဦး‌ေသဆုံးမႈကို ၾကည့္လွ်င္ ျမင္သာေၾကာင္း ၎က ဆိုသည္။ အၾကမ္းဖက္စစ္တပ္၏ ဝါဒျဖန႔္ ေလာ္ဘီ တယ္လီဂရမ္လူမႈကြန္ရက္မ်ားတြင္

သဃၤန္းကြၽန္း ဗုံးကြဲမႈမွ ‌ေသဆုံးသူ ၂ ဦးမွာ PDF မ်ားဟု ဝါဒျဖန႔္မႈမ်ားကိုလည္း လုပ္ေဆာင္ ေနသည္ကိုေတြ႕ရသည္။ ဓာတ္ပုံ- မဘသ ထြန္းေက်ာ္၏ ပုံမ်ား၊ ဗုံ းေပါက္ကြဲေသာ သဃၤန္းကြၽန္းအိမ္ႏွင့္ ‌ေသဆုံးသူ ၂ ဦး၏ ပုံမ်ားျဖစ္ပါသည္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*