
မိတ်ဆွေတို့ရေ မြန်မာပြည်ဖွား MMAဖိုက်တာ အောင်လအန်ဆန်းကတော့ မြန်မာပြည်ရဲ့လက်ဝှေ့ဝါသနာရှင်တွေမသိသူမရှိတဲ့ ကမ္ဘာကျော်တစ်ဦးပါ။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း ပရိသတ်တွေကိုအမြဲမပြတ် လှုပ်ရှားမှုပုံရိပ်တွေကို ပြသနေတတ်သူတစ်ဦးပါ။ ဒီနေ့ကျရောက်တဲ့ဇူလိုင်လ၃၁ရက်မှာတော့
အောင်လအန်ဆန်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ”N Sang Simsa Naw 8 lb 4ozJuly 31st 2022God is good all the time၊ Simsa means peace
in Kachin and the world right now needs more of that”ဆိုတဲ့စာလေးနဲ့အတူ အငယ်ဆုံးကလေးလေးကို ဇနီးသည်မှမွေးဖွားခဲ့ပြီဖြစ်ကြောင်း ပုံလေးတွေနဲ့တကွ
ဝမ်းသာစရာသတင်းကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်ကပရိသတ်တွေကလည်း အောင်လအန်ဆန်းအတွက် ဂုဏ်ပြုစကားတွေပြောခဲ့ကြပါသေးတယ်။
ချစ်စရာကောင်းတဲ့ရင်သွေးလေးတစ်ဦးကို ထပ်မံပိုင်ဆိုင်ခဲ့တဲ့ ကမ္ဘာကျော် MMAဖိုက်တာကြီး အောင်လအန်ဆန်းအတွက် ဂုဏ်ပြုစကားဆိုခဲ့ကြပါဦး မိတ်ဆွေတို့ရေ။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply