
မြန်မာပြည်သူများသည် အစာအဟာရ ပြည့်ပြည့်၀၀ မစားနိုင်၍ IQ (Intelligence Quotient) ဉာဏ်ရည်နိမ့်ပါးရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစ္စရေးနိုင်ငံနှင့်နှိုင်းယှဉ်၍ ပြောကြားခဲ့သည်။ နေပြည်တော်တွင် ဇူလိုင် ၂၉ ရက်က
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အမှားစကားပြောကြားရာတွင် ပညာရေးမြှင့်တင်ရေးနှင့်ပတ်သက်ပြီး ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။”အစ္စရေးတို့ဘာတို့ ၊စိုက်ပျိုးရေးတို့၊ မွေးမြူရေးတို့
နည်းပညာတို့ ကောင်းတယ်ဆိုတာ ပညာတတ်တွေပေါတယ်။ စီးပွားရေးကောင်းတယ်။ ဝင်ငွေရှိတယ်။ ဝင်ငွေရှိတဲ့အခါကျတော့ ပြည့်ပြည့်၀၀ စားနိုင်တယ်။ ပြည့်ပြည့်၀၀ စားနိုင်တော့ ကိုယ်ခံစွမ်းအားတွေ ကောင်းတာပေါ့။ ပြီးတော့ အဲဒီအပေါ်မှာအခြေခံပြီးတော့
ကျန်းမာရေးနဲ့ပတ်သက်တာတို့၊ အားကစားနဲ့ပတ်သက်တာတို့ စနစ်တကျနဲ့လုပ်တဲ့အခါကျတော့ သူတို့ရဲ့ IQ ပေါ့ဗျာ။ ဉာဏ်ရည်တွေက ကျွန်တော်တို့ သာမာန်ဖွံ့ဖြိုးဆဲ နိုင်ငံတခုထက်တော့ သာတာကိုတွေ့ရပါတယ်။
ဒါရိုးရိုးသားသားပြောတာ။ ဒီတိုင်းဝန်ခံတာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။ ဆက်လက်ပြီး မိမိတို့အနေဖြင့် ပြည်ပြည့်၀ စားသုံးနိုင်ပါက ကိုယ်ခံစွမ်းအားကောင်းလာပြီး ဉာဏ်ရည်ထက်လာမည်ဖြစ်ကြောင်း၊ ဉာဏ်ရည်ထက်လာပါက ပညာသင်ကြားရေးတွင်
ပိုမို၍ အထောက်အကူဖြစ်လာမည်ဖြစ်သည့်အတွက် ဂျာအေးသူ့အမေရိုက်သလိုမျိုး တဖက်က အားနည်းချက်ရှိ၍ ကျောင်းတွင် ပညာကောင်းကောင်းမသင်နိုင်ဘဲ ပညာရေးကို စိတ်မဝင်စားချိန် စီးပွားရေးမကောင်းသည့်အတွက် မိဘက အလုပ်လုပ်ခိုင်းနေသောကြောင့်
စာမလိုက်နိုင်ဖြစ်ရပြီး အလယ်တန်းပညာရေးတွင် ဆုံးခန်းတိုင်သွားသူ ကလေးများစွာတွေ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ယင်းအပြင် ပညာရေးကောင်းချင်ပါက ပညာရေးတခုတည်းကို အားရုံစိုက်၍မရဘဲ ပြည်သူများ၏ လူမှုဘဝစီးပွားရေး တိုးတက်ရန်လုပ်ဆောင်ရမည်ဖြစ်ပြီး
မလုပ်ဆောင်နိုင်ပါက ယခင်အတိုင်ပင် ဖြစ်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင်း ပညာရေးမြှင့်တင်မှုသည် ပညာရေးဝန်ကြီးဌာနတခုတည်းနှင့်မဆိုင်ဘဲ အားလုံးနှင့်သက်ဆိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ျမန္မာျပည္သူမ်ားသည္ အစာအဟာရ ျပည့္ျပည့္၀၀ မစားနိုင္၍ IQ (Intelligence Quotient) ဉာဏ္ရည္နိမ့္ပါးရျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က အစၥေရးနိုင္ငံႏွင့္ႏွိုင္းယွဥ္၍ ေျပာၾကားခဲ့သည္။ ေနျပည္ေတာ္တြင္ ဇူလိုင္ ၂၉ ရက္က
ျပဳလုပ္ခဲ့သည့္ ျပည္ေထာင္စုအစိုးရအဖြဲ႕အစည္းအေဝးတြင္ ၎က အမွားစကားေျပာၾကားရာတြင္ ပညာေရးျမႇင့္တင္ေရးႏွင့္ပတ္သက္ၿပီး ယင္းသို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။”အစၥေရးတို႔ဘာတို႔ ၊စိုက္ပ်ိဳးေရးတို႔၊ ေမြးျမဴေရးတို႔
နည္းပညာတို႔ ေကာင္းတယ္ဆိုတာ ပညာတတ္ေတြေပါတယ္။ စီးပြားေရးေကာင္းတယ္။ ဝင္ေငြရွိတယ္။ ဝင္ေငြရွိတဲ့အခါက်ေတာ့ ျပည့္ျပည့္၀၀ စားနိုင္တယ္။ ျပည့္ျပည့္၀၀ စားနိုင္ေတာ့ ကိုယ္ခံစြမ္းအားေတြ ေကာင္းတာေပါ့။ ၿပီးေတာ့ အဲဒီအေပၚမွာအေျခခံၿပီးေတာ့
က်န္းမာေရးနဲ႕ပတ္သက္တာတို႔၊ အားကစားနဲ႕ပတ္သက္တာတို႔ စနစ္တက်နဲ႕လုပ္တဲ့အခါက်ေတာ့ သူတို႔ရဲ႕ IQ ေပါ့ဗ်ာ။ ဉာဏ္ရည္ေတြက ကြၽန္ေတာ္တို႔ သာမာန္ဖြံ႕ၿဖိဳးဆဲ နိုင္ငံတခုထက္ေတာ့ သာတာကိုေတြ႕ရပါတယ္။
ဒါရိုးရိုးသားသားေျပာတာ။ ဒီတိုင္းဝန္ခံတာျဖစ္ပါတယ္”ဟု ၎ကေျပာသည္။ ဆက္လက္ၿပီး မိမိတို႔အေနျဖင့္ ျပည္ျပည့္၀ စားသုံးနိုင္ပါက ကိုယ္ခံစြမ္းအားေကာင္းလာၿပီး ဉာဏ္ရည္ထက္လာမည္ျဖစ္ေၾကာင္း၊ ဉာဏ္ရည္ထက္လာပါက ပညာသင္ၾကားေရးတြင္
ပိုမို၍ အေထာက္အကူျဖစ္လာမည္ျဖစ္သည့္အတြက္ ဂ်ာေအးသူ႕အေမရိုက္သလိုမ်ိဳး တဖက္က အားနည္းခ်က္ရွိ၍ ေက်ာင္းတြင္ ပညာေကာင္းေကာင္းမသင္နိုင္ဘဲ ပညာေရးကို စိတ္မဝင္စားခ်ိန္ စီးပြားေရးမေကာင္းသည့္အတြက္ မိဘက အလုပ္လုပ္ခိုင္းေနေသာေၾကာင့္
စာမလိုက္နိုင္ျဖစ္ရၿပီး အလယ္တန္းပညာေရးတြင္ ဆုံးခန္းတိုင္သြားသူ ကေလးမ်ားစြာေတြ႕ရေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။ ယင္းအျပင္ ပညာေရးေကာင္းခ်င္ပါက ပညာေရးတခုတည္းကို အား႐ုံစိုက္၍မရဘဲ ျပည္သူမ်ား၏ လူမႈဘဝစီးပြားေရး တိုးတက္ရန္လုပ္ေဆာင္ရမည္ျဖစ္ၿပီး
မလုပ္ေဆာင္နိုင္ပါက ယခင္အတိုင္ပင္ ျဖစ္ေနမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင္း ပညာေရးျမႇင့္တင္မႈသည္ ပညာေရးဝန္ႀကီးဌာနတခုတည္းႏွင့္မဆိုင္ဘဲ အားလုံးႏွင့္သက္ဆိုင္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာၾကားခဲ့သည္။ ခရက္ဒစ္
Leave a Reply